အီရန်သမ္မတ ရွေးကောက်ပွဲကို သမ္မတ Hassan Rouhani အနိုင်ရခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားဌာနက စနေနေ့မှာကြေညာလိုက်ပါတယ် အနီးကပ်ဆုံးပြိုင်ဘက် သဘောထားတင်းမာသူ ဘာသာရေးခေါင်းဆောင် Ebrahim Raisi ကို သမ္မတ Rouhani အလွယ်တကူအနိုင်ရခဲ့တာပါ။
Eisenhower Fellowships ဥက္ကဋ္ဌ George De Lama ကတော့ အခု အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ပထမဦးဆုံး ပေးအပ်တာ ဖြစ်ပြီး ဒီသင်တန်းကနေ အနာဂတ် လူငယ် ခေါင်းဆောင်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရေပြင်နယ်နိမိတ်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်က ရေနံ စတင်တူးဖော်မယ် ဆိုရင် စစ်ရေးနဲ့တုံ့ပြန်မယ်လို့ တရုတ်သမ္မတ Xi Jinping က သူ့ကိုခြိမ်းခြောက်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကပြောကြားလိုက်ပါတယ်။
သမ္မတလောင်း စုစုပေါင်း ၄ ယောက်ပြိုင်ဆိုင်ခဲ့ကြပေမဲ့၊ လက်ရှိသမ္မတ အလယ်အလတ်ဝါဒီ Hassan Rouhani နဲ့ Conservative ဝါဒီ သဘောထားပြင်းထန်တဲ့ Ebrahim Raisi တို့ကြား အကြိတ်အနယ်ဖြစ်မယ့်ရွေးကောက်ပွဲအဖြစ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။
၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ EU ဥရောပသမဂ္ဂနိုင်ငံကပေးမယ့်ထောက်ပံ့ငွေ ယူရိုသန်း ၂၅၀ ကိုလက်မခံဘူးလို့ ဖိလစ်ပိုင်အစိုးရက ငြင်းဆန်ခဲ့ပြီးနောက်မှာပဲ ခြွင်းချက်နဲ့ပေးမယ့် ကူညီထောက်ပံ့မှုမျိုး ဆိုရင် EU နိုင်ငံတွေမှ မဟုတ်ဘဲ ဘယ်အလှူရှင်နိုင်ငံကမှ လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano ကကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ အရင်နေ့ကထက် ပိုပြီးတိုးတက်လာပြီလို့ တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီး ၁၅ ဦးပါအဖွဲ့ထဲက ဦးနှောက်နဲ့အာရုံကြောဆေးကုဌာန၊ ဌာနမှူး ဒေါက်တာ ဝင်းမင်းသက်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရဲ့ မြို့လယ်ခေါင် Times Square နေရာက လမ်းဖြတ်ကူးဖို့စောင့်နေကြတဲ့ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ သံသယရှိသူကို ရဲတွေကဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။
အီရန်နိုင်ငံမှာ သောကြာနေ့ကျရင် သမ္မတ သစ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး အယူသိပ်မသီးတဲ့ အလယ်အလတ်ဝါဒီ သမ္မတ Hassan Rouhani အနေနဲ့ ရှေးရိုးအယူဆပြင်းထန်တဲ့ ကွန်ဆာဗေးတစ်တွေရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရနိုင်ပါတယ်။
အူမကြီးကင်ဆာဖြစ်လို့ ကုသမှုခံယူထားသူတွေအနေနဲ့ ကျန်းမာအောင် စားသောက်နေထိုင်မယ်ဆိုရင် ရောဂါပြန်ဖြစ်လို့ အသက်ဆုံးရှုံးမှုကို ၄၀% လျော့နည်းစေနိုင်တယ်လို့ သုတေသနသစ်တခုက တွေ့ရှိခဲ့ပါတယ်။
အရှေ့တောင်အာရှ ၁၀နိုင်ငံပါဝင်တဲ့ အာဆီယံနဲ့ တရုတ်နိုင်ငံတို့ကြား တောင်တရုတ်ပင်လယ်ပြင် ဒေသအတွက် လိုက်နာရမယ့် ကျင့်ထုံး ဆိုင်ရာ မူဘောင်ကို သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ဒေသတွင်း တင်းမာမှုတွေ ကို လျော့ကျလာစေ နိုင်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြောက်ကိုရီးယား Nuclear ပြဿနာကို ထိတွေ့ဆက်ဆံတဲ့နည်းလမ်းကနေ ဖြေရှင်းဖို့ လိုလားပေမဲ့ သင့်တော်တဲ့အခြေအနေရှိမှ ထိတွေ့ဆက်ဆံနိုင်မယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။
နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ကြုံနေရချိန်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ပြီး၊ ထိပ်သီးဆွေးနွေးပွဲ တခုကို ဇွန်လထဲ ကျင်းပသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ကြား ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အထူးစုံစမ်းရေးမှူး ခန့်အပ်လိုက်တာဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးအရ အောက်လမ်းတိုက်တဲ့ လုပ်ရပ်အဖြစ် သမ္မတက ဝေဖန်ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး အထူး ကြပ်မတ်ကုသပေးနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အီရန်ရဲ့ နျူကလီယား အစီအစဉ်တွေတွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား လက်ထက်က ချမှတ်ခဲ့တဲ့ အရေးယူ ဒဏ်ခတ်မှုဆိုင်ရာ လျှော့ချပေးမှုကို ဆက်လက်ကိုင်စွဲထားမယ်လို့ Trump အစိုးရအဖွဲ့က ကြေညာပါတယ်။
ရုရှားနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စရပ်တွေကို စုံစမ်း စစ်ဆေးဖို့အတွက် အမေရိကန် FBI ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးဗျူရို အကြီးအကဲဟောင်း Robert Mueller ကို အထူး စုံစမ်း စစ်ဆေးရေးမှူး အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တရားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
တောင်တရုတ် ပင်လယ်ပြင်အတွင်း တင်းမာမှုတွေ တိုးမြင့် ဖြစ်ပေါ်လာနေတာကြောင့် စင်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံအတော်များများဟာ ငွေကြေး အမြောက်အများ အကုန်ခံပြီး ရေငုပ်သင်္ဘောနဲ့ တခြား ရေတပ်သင်္ဘောတွေကို ဝယ်ယူနေကြပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဝါရှင်တန်မှာ တွေ့ဆုံချိန်မှာ လျို့ဝှက်ထောက်လှမ်းရေး သတင်းအချက် အလက် ပေးအပ်တာမျိုး မရှိခဲ့ကြောင်းနဲ့ ဆွေးနွေးပြောဆိုမှု အသေးစိတ်မှတ်တမ်းတွေကို သက်သေပြနိုင်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာတဝှမ်းက လူမှုအသင်းအဖွဲ့တွေရဲ့ရပ်တည်မှု အခန်းကဏ္ဍတွေ ကျဉ်းမြောင်းလာနေပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေလည်း ခြိမ်းခြောက်ခံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ် တခုထဲမှာ ဖော်ပြထားပါတယ်။
ICRC ရဲ့လုပ်ငန်းတွေဟာ စာနာမှုအကူအညီပေးရေး သက်သက်သာ ဖြစ်ပေမယ့်လည်း တခြား တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ယုံကြည်မှု တည်ဆောက်နိုင်ရေး တို့အပြင် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ အတွက်လည်း ကူညီ ဆောင်ရွက်ပေးလို့ ရနိုင်တယ်ဆိုတာကို မြန်မာခေါင်းဆောင်တွေနဲ့ ICRC အကြီးအကဲတို့ ဆွေးနွေးကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်