သမ္မတ Donald Trump နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ အကြမ်းဖက်မှုနဲ့ နိုင်ငံတကာ လေကြောင်း သွားလာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ဆိုင်တဲ့ ထိပ်တန်း လျှို့ဝှက် သတင်းအချက်အလက်တွေကို ပြောကြားခဲ့တယ် ဆိုတဲ့ကိစ္စဟာ လုံး၀ သင့်လျော် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို တရုတ်အစိုးရက ဆက်လက် ထောက်ခံအားပေး သွားမယ့်အကြောင်း တရုတ်သမ္မတ ရှီကျင်းဖျင်က ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားပါတယ်။
ကမ္ဘာတဝန်း Computer ကွန်ယက်တွေအပေါ် ဆိုင်ဘာတိုက်ခိုက်မှုဟာ တနင်္လာနေ့မှာ နည်းသွားပုံရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး နိုင်ငံပေါင်း ၁၅၀ က Computer ပေါင်း ၃ သိန်းထက်မနည်း ဆိုင်ဘာတိုက်ခိုက်ခံခဲ့ရတဲ့ထဲမှာ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားစတဲ့ အာရှနိုင်ငံတော်တော်များများ တိုက်ခိုက်ခံခဲ့ရပါတယ်။
မေလ ၂၄ ရက်နေ့ ကျင်းပဖို့စီစဉ်ထားတဲ့ ၂၁ ရာစုပင်လုံ ဒုတိယစည်းဝေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တက်ရောက်ဖို့ မြန်မာနိုင်ငံက ဖိတ်ကြားထားပါတယ်။
ကုန်သွယ်ရေးမှာ ကိုယ်ကျိုးစီးပွားကိုကြည့်တဲ့ မူဝါဒကို ကိုင်စွဲထားတာမျိုး မလုပ်ကြဖို့ တရုတ်သမ္မတ Xi Jinping က တိုက်တွန်းလိုက် ပါတယ်။
မြောက်ကိုရီးယားဘက်က အရင်က မစမ်းသပ်ဖူးတဲ့ ဒုံးကျည် အမျိုးစားသစ် တမျိုးကို မနေ့ တနင်္ဂနွေနေ့က စမ်းသပ်ခဲ့ပြီးနောက်မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့က အရေးပေါ် ဆွေးနွေးကြဖို့ တောင်းဆိုခဲ့တာပါ။
ဘေကျင်းမြို့မှာကျင်းပတဲ့ Belt and Road Forum – ခါးပတ်လမ်းမကြီး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ် မပို့ဆောင်ခဲ့တဲ့အပြင် တရုတ်နိုင်ငံက ကမကထပြု လုပ်ဆောင်တဲ့ ဒီကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်မှာ ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ စီမံခန့်ခွဲဖို့ခက်ခဲတဲ့ ကြွေးမြီ ပြဿနာ ဝန်ထုတ်ဝန်ပိုး ကိစ္စရပ်နဲ့ကြုံရနိုင်တဲ့အကြောင်းကိုပါ သတိပေးလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းမှာ မေလ ၁၄ ရက်နေ့ ညနေက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ ခေတ်သစ် ပိုးလမ်းမကြီးလို့ ခေါ်တဲ့ One Belt, One Road တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံကို ကုလသမဂ္ဂနဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးတို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေနဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံက တိုင်းပြည်ခေါင်းဆောင်တွေ တက်ရောက်နေကြတာပါ။
ထိုင်း-မြန်မာနယ်စပ် မဲဆိုင်နယ်ခြားဒေသမှာ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံဘက်ကနေကူးလာကြတဲ့မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေ အကြား မေလ ၁၃ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တာမှာ စိတ်ကြွဆေး ခြောက်သိန်းနဲ့ အတူ လူ (၈) ဦးကို အသေ ဖမ်းဆီး မိခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကွန်ပျူတာဖိုင်တွေကို ငွေပေး မရွေးရင် ဖွင့်မပေးတဲ့ Malware နဲ့ တိုက်ခိုက်တဲ့ ကမ္ဘာတလွှား အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှုမှာ နိုင်ငံပေါင်း ၁၅၀ က အဖွဲ့အစည်းပေါင်း အနည်းဆုံး ၁သိန်းလောက်တို့ ထိခိုက်မှု ရှိနေပြီလို့ ဥရောပ ရဲတပ်ဖွဲ့ Europol က ပြောဆိုပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံမှာ ဒီကနေ့ တရုတ် သမ္မတ ရှိကျင်းဖျင် အဖွင့်စကား ပြောပါတယ်။
မြောက်ကိုရီးယား နိုင်ငံက အရင်က စမ်းသပ်လေ့ မရှိတဲ့ တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည် အမျိုးအစားသစ် တစင်းကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စမ်းသပ်ပါတယ်။ အခုစမ်းသပ်တဲ့ ဒုံးကျည်က အဆင့်၂ ဆင့် ပေါက်ကွဲနိုင်တဲ့ လောင်စာရည်ဖြည့် ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၄၅၀၀ ကျော်ထိ ရောက်ရှိနိုင်တယ်လို့လည်း ညွှန်းဆိုကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် ဒုံးကျည်တခုကို တိုင်းပြည်အနောက်ဘက် ကမ်းခြေအနီးကနေ တနင်္ဂနွေနေ့မှာ စမ်းသပ် ပစ်လွတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
လွှတ်တော်ရွေးကောက်ပွဲတွေမှာ တချိန်က Bullfighter လို့ခေါ်တဲ့ နွားရိုင်းနဲ့ကစားပြီးသတ်ပြခဲ့သူအမျိုးသမီး၊ ဗွီဒီယို Games လုပ်ငန်းပိုင်ရှင်သူဌေးကြီး၊ သင်္ချာပာ ထူးချွန်ထက်မြက်သူတို့က သူ့ပါတီအတွက်အနိုင်ရအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ သမ္မတအြဖ် ရွေးကောက် တင်မြောက်ခံထားရတဲ့ Emmanuel Macron က မျှော်လင့်နေပါတယ်။
အီးယူရဲ့ အကူအညီအသစ်ထဲက ယူရို ၉ သန်းကိုတော့ - ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေအတွင်း ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာရှိနေတဲ့ လူမှု အသိုင်းအဝိုင်းတွေအတွက် စာနာမှုအကူအညီတွေ တိုက်ရိုက် ပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ယူရို ၃ သန်းကိုတော့ သဘာဝဘေးအန္တရာယ် ဒဏ်လျှော့ချရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းက ကုမ္ပဏီတွေ နဲ့ အဖွဲ့အစည်းတွေ အများအပြား ransomwareလို့ခေါ်တဲ့ကွန်ပျူတာဆိုက်ဘာ တိုက်ခိုက်မှုကြီးခံခဲ့ရတာကြောင့် တကမ္ဘာလုံးမှာ ဂယက်ရိုက်ခတ်သွားခဲ့ပြီး၊ လုပ်ငန်းတွေအတော်များများလည်း ရပ်ဆိုင်းသွားခဲ့ပြီး ကမ္ဘာပေါ်က နိုင်ငံ ၇၄ နိုင်ငံမှာ ကွန်ပျူတာဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၄ သောင်းခွဲ လောက်ဖြစ်ပွားခဲ့တာပါ။
မှန်မှန်ကန်ကန် အခြေအနေမျိုး ဖြစ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယား အဆင့်မြင့် သံတမန် တယောက်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ ခေတ်သစ်ပိုးလမ်းမကြီးလို့ခေါ်တဲ့ ခါးပတ်လမ်း တည်ဆောက်ရေး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေးလမ်းနဲ့ ဆက်သွယ်မယ့် တရုတ်ရဲ့ One Belt -One Road ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းမှာ ရုရှားကလည်း ရင်းနှီးမြှုပ်နှံဖို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တွေဖွင့်နိုင်ဖို့လိုလားနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်