ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ ကြာသပတေးနေ့က ကျပ်ငွေ ၃၂ ဘီလျံ တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြား ပေါင်း ၁၆ သိန်းကို ဖမ်းမိခဲ့တယ်လို့ ဒေသတာဝန်ရှိသူတွေက VOA ကို ပြောပါတယ်။
ရာထူးကနေ ဖယ်ရှားခံရတဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွန်ကြားရေးမှူး James Comey နဲ့ သမ္မတ ထရမ့် ဒီနှစ် အစောပိုင်းတုန်းက နှစ်ကိုယ်ကြား တွေ့ဆုံ စကားပြောခဲ့တာနဲ့ ပတ်သက်ပြီး လျှို့ဝှက် မှတ်တမ်းတွေ ရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုး သမ္မတ Donald Trump က ပြောဆိုပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ အစ္စလာမ်မစ် ပါတီတခုက အဖွဲ့ဝင်တွေ ပါလာတဲ့ ယာဉ်တန်းကို အသေခံ ဗုံးခွဲတိုက်ခိုက်သူတဦးက တိုက်ခိုက်တာကြောင့် လူ ၂၅ ယောက်ထက်မနည်း သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းတွေကနေ အမဲသား တင်ပို့ရောင်းချမှုတွေအထိ ပါဝင်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာ ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွှန်ကြားရေးမှူး James Comey ကို သမ္မတ အိမ်ဖြူတော်ကို ဆင့်ခေါ်ပြီး သူ့အပေါ် သစ္စာခံဖို့ ပြောကြားခဲ့တဲ့အကြောင်း အမေရိကန် သတင်းစာကြီးတစောင်က ကြာသပတေးနေ့မှာ ရေးသားခဲ့ပါတယ်။
ဖိလစ်ပိုင်နဲ့ တရုတ် ၂ နိုင်ငံလုံးပိုင်ဆိုင်တယ်လို့အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းပေါ်ကို ဖိလစ်ပိုင်က တပ်ဖွဲ့တွေနဲ့ ယန္တရားတွေကို စတင်ပို့ဆောင်နေပါတယ်။
ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ ကိုယ့်အသက်ထက် ၉ နှစ်ပိုပြီး အရွယ်တင်နိုင်တာကို လေ့လာမှုတခုကတေ့ွရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အနောက်မြောက်ပိုင်းဒေသမှာ အစွန်းရောက်အဖွဲ့တွေကို ချေမှုန်းတဲ့ စစ်ဆင်ရေး တခုမှာ ဘင်္ဂလားဒေ့ရှ် ရဲတွေက အိမ်တအိမ်ကို ဝင်ရောက် စီးနင်းမှုအတွင်း စစ်သွေးကြွ ၅ ဦးနဲ့ မီးသတ်သမား တဦး သေဆုံးခဲ့ရတယ်လို့ ရဲကပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ တောင်ကိုရီးယားက အမေရိကန်ရဲ့ မစ်ဇိုင်းဒုံးရန် ကာကွယ်ရေးစနစ်အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ဘေဂျင်းမြို့တော်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြစ်ပွားရာဒေသတွေမှာ အကူအညီ လိုအပ်နေသူတွေထံ သွားရောက်ကူညီနေတာတွေကို ကန့်သတ်မှုတွေ မလုပ်ဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင် အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အာဆီယံ နိုင်ငံတွေကြား ကွာဟမှုတွေ တိုးလာနေတာ ပိုပြီး ထင်ရှား လာတယ်လို့ အရှေ့တောင်ဒေသ အရေး ဆန်းစစ်လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံတဲ့အခါမှာ ဆီးရီးယားက Kurds လက်နက်ကိုင်တွေကို အမေရိကန်က ဘာ့ကြောင့် လက်နက်တွေ ပေးဖို့ ဆုံးဖြတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သမ္မတ Trump ကို ပြင်းပြင်း ထန်ထန် မေးမြန်းမှာ ဖြစ်ကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တည်ဆောက်မှု အစီအစဉ်နဲ့ ပတ်သက်လို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယား သမ္မတသစ် Moon Jae-in တို့ ၂ ဦးက ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားစဉ် သဘောတူလိုက်ကြပါတယ်။
အမေရိကန် သမ္မတ Donald Trump ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူး James Comey အပေါ် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီ ၂ ဖက်စလုံးက တယောက်မှ အယုံအကြည် မရှိကြတော့ဘူးလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး၊ FBI အကြီးအကဲကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆို လိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် မဲအများဆုံးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ သမ္မတသစ်အဖြစ် Moon Jae-in ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေး နည်းလမ်းရှာ ဆောင်ရွက်ပေးရေး အတွက် တာဝန် ပြီးဆုံးလို့ မြန်မာနိုင်ငံကို ပြန်သွားတော့မယ့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကတဆင့် ဝန်ကြီးချုပ် Sheikh Hasina က တနင်္လာနေ့မှာ မြန်မာအစိုးရကို သတင်းစကား ပါးလိုက်တယ်လို့ ဘင်္ဂလားဒေ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
FBI ခေါ် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဌာန ညွန်ကြားရေးမှူး James Comey အနေနဲ့ ဌာနကို ထိရောက်စွာ ဦးဆောင်နိုင်စွမ်း မရှိတော့တဲ့အတွက်ဆိုပြီး သမ္မတ Donald Trump က ရာထူးက ဖယ်ရှားလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရလိုက်ပြီလို့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက Moon Jae-in က ကြေညာ လိုက်ပြီး တောင်ကိုရီးယား ပြည်သူအားလုံးအတွက် ကိုယ်စားပြု ရပ်တည်သွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
သမ္မတ တယောက်ဟာ ရာထူးကနေ အနားယူတဲ့အခါ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ် ရေးလေ့ရှိပြီး အရောင်းရဆုံး စာအုပ်ဖြစ်ဖို့ မျှော်လင့်နိုင် ပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း Bill Clinton ရဲ့ အခုနောက်ဆုံးထုတ် စာအုပ်ကတော့ အဲဒီထက် အများကြီး ပိုပြီး အောင်မြင်မယ့် စာအုပ် တအုပ်ဆိုတာ သေချာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်