တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကနေ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Moon Jae-in က မဲအများဆုံးနဲ့ အနိုင်ရနေတဲ့အကြောင်း မဲရုံတွေမှာ မဲပေးပြီး ပြန်လာသူတွေ ကို မေးမြန်း ကောက်ယူထားတဲ့ ကနဦး လူထုစစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ လက်လုပ်မိုင်း ပြုလုပ်နေရာကနေ ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေး ရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်ရွေးချယ်ဖို့ ပြည်သူတွေ မဲပေးရွေးချယ်နေကြပါပြီ။ ရွေးကောက်ပွဲဝင်ကြတဲ့ သမ္မတလောင်းတွေ မေလ ၈ ရက် မနေ့ကအထိ နောက်ဆုံးမဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြပါတယ်။
အမေရိကန်သမ္မတဟောင်း Barack Obama က သတိပေးခဲ့တဲ့ကြားက အငြိမ်းစားကြည်းတပ်ဗိုလ်ချုပ်ကြီး Michael Flynn ကို သမ္မတ Donald Trump က အမျိုးသားလုံးခြုံရေးအကြံပေးအဖြစ် ခန့်ခဲ့တယ်ဆိုတာကို အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။
အလယ်အလတ်သဘောထားဝါဒီ Emmanuel Macron ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အတွက် ဥရောပခေါင်းဆောင်တွေ စိတ်သက်သာရာ ရသွားပါတယ်။
ပြင်သစ် သမ္မတ အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Emmanuel Macron သူအရွေးကောက်ပွဲအနိုင်ရတဲ့ တနင်္ဂနွေနေ့မှာပဲ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel၊ ဗြိတိန်ဝန်ကြီးချုပ် Theresa May ၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့လည်း စကားပြောခဲ့တယ်လို့ သူ့လက်ထောက်တွေက ဆိုပါတယ်။
ပြင်သစ်မဲဆန္ဒရှင်တွေက အလယ်အလတ်ဝါဒီ Emmanuel Macron ကို သမ္မတအဖြစ် ရွေးကောက် တင်မြောက်လိုက်ကြပြီး အီးယူနဲ့ ပူးပေါင်းရေးနဲ့ ရွေ့ပြောင်း နေထိုင်သူတွေအရေးကို ဆန့်ကျင်သူ ပြိုင်ဘက် Marine Le Pen ကို လက်မခံ ပယ်ချလိုက်ကြပါတယ်။
တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဒုက္ခသည်တွေ နိုင်ငံတွင်းဝင်ရောက်မှုကို ဆန့်ကျင်တဲ့ အမျိုးသားရေး ဝါဒီ Marine Le Pen ထက် လူကြိုက်ပိုများပြီး မဲအများစုရနေတဲ့ Emmanuel Macron ဟာ စီးပွားရေးကျွမ်းကျင်တဲ့ ဘဏ်လုပ်ငန်းရှင် တဦး ဖြစ်ပါတယ်။
ဥရောပ ၃ နိုင်ငံ ခရီးစဉ်ရဲ့ နောက်ဆုံး ခရီးတထောက်အဖြစ်နဲ့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္လာနေ့မှာ Freedom of the City of London ဆိုတဲ့ ဂုဏ်ထူးဆောင် ဆုကို လက်ခံ ရယူမှာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံသား တဦးကို ဆန့်ကျင်ရန်လိုမှုနဲ့ ထပ်ပြီး ဖမ်းဆီးလိုက်တယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။
ပြင်သစ် သမ္မတ နောက်ဆုံး အကျော့ ရွေးကောက်ပွဲတွေကို ဒီကနေ့ ကျင်းပနေပါပြီ။ ပြင်သစ် ခေတ်သစ် သမိုင်းမှာ အခြေအတင် အငြင်းပွားဖွယ် အများဆုံး ရွေးကောက်ပွဲ တခု ဖြစ်တယ်လို့လည်း ပြင်သစ် ပြည်သူတွေက ပြောဆိုကြပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေကို ရုရှားက ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက ရုရှားနဲ့ဆယ်နွယ်မှု ရှိနိုင်တဲ့ သတင်းအချက်အလက်တွေပေးအပ်ဖို့ သမ္မတ Donald Trump ရဲ့ အရာရှိဟောင်းတွေကို ညွှန်ကြားလိုက်ပါတယ်။
ပြင်သစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးနဲ့ ဆိုင်တဲ့ အီးမေးလ်တွေ နဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေ ပေါက်ကြားစေခဲ့တဲ့ ကြီးမားတဲ့ ကွန်ပျူတာ ဆိုက်ဘာတိုက်ခိုက်မှုတခုကို ခံခဲ့ရတယ်လို့ ပြင်သစ်ရွေးကောက်ပွဲမှာ ရှေ့ကနေပြေးနေတဲ့ သမ္မတလောင်း Emmanuel Macron ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရသက်တမ်း ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ တီဗွီကြော်ငြာကို အမေရိကန် ရုပ်သံဌာနကြီးတွေဖြစ်ကြတဲ့ ABC, CBS, NBC နဲ့ CNN တို့က ထုတ်လွှင့်ဖို့ ငြင်းဆန်လိုက်ကြပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြား သမိုင်းဝင် ငြိမ်းချမ်းရေးရအောင် ကြားဝင်စေ့စပ်ပေးနိုင်မယ်လို့ အမေရိကန် သမ္မတ Donald Trump က အခိုင်အမာယုံကြည်နေပေမဲ့ ဘယ်အစီအစဉ်နဲ့ လုပ်မှာလည်းဆိုတာတော့ တိတိကျကျ ပြောကြားခြင်းမရှိပါဘူး။
အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတွေက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို မအောင်မြင်တဲ့ လုပ်ကြံမှုတွေနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရက သောကြာနေ့မှာ စွပ်စွဲလိုက်ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ပါတ်သက်တဲ့ သတင်းမှားတွေ Online ပေါ်မှာ ဖြန့်နေသူတွေထဲမှာ တပ်မတော် အဖွဲ့အစည်းတွေ ပါဝင်နေသလားဆိုပြီး NLD အကြီးအကဲတယောက်က သံသယနဲ့ပြောကြားခဲ့တာကို တပ်မတော်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်နောက်ဆုံး ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကောလိပ်ကျောင်းဝင်ခွင့်ရဖို့ မမှန်မကန် ကြိုးပမ်းခဲ့မှုနဲ့ တရုတ်ကျောင်းသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ရဲ့ ပထမဦးဆုံး နိုင်ငံရပ်ခြား ခရီးစဉ်မှာ ဆော်ဒီအာရေဗီးယား နိုင်ငံကို သွားရောက်မယ် ဆိုတဲ့ အံ့သြဖွယ် ကြေညာချက်ကို သမ္မတ အိမ်ဖြူက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်