အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယားရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကို မစမ်းသပ်ဖို့၊ တရုတ်အစိုးရပိုင် မီဒီယာတွေရဲ့ ပြောဆိုချက်တွေကို ရည်ညွှန်းပြီး ရှားရှားပါးပါး မြောက်ကိုရီးယားက တရုတ်နိုင်ငံကို တိုက်ရိုက်ဝေဖန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အတွက် ထိပ်တန်းဦးစားပေး ဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ထုတ်လုပ်မှုနဲ့ ဒုံးကျည် ခြိမ်းခြောက်မှု အန္တရာယ်ကို ဖြေရှင်းနိုင်ဖို့ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေကို ဝါရှင်တန် ဒီစီကို ခေါ်ယူပြီး ဒီနေ့ကြာသပတေးနေ့ကျရင် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဗာတီကန်မှာ တွေ့ဆုံပြီး၊ ဗာတီကန်နဲ့ မြန်မာနိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူလိုက်ကြပါပြီ။
၂၀၁၇ ခုနှစ် အတွက် Freedom of Speech လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဆုကိုအမေရိကန် သမ္မတ အိမ်ဖြူတော် သတင်းထောက်များ အသင်းကို ချီးမြှင့်ကြောင်း ဂျာမနီ လူထု ဝန်ဆောင်မှု မီဒီယာ Deutsche Welle က ကြေညာလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေနဲ့၊ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားလာနေတာကို စိုးရိမ်မှုတွေ ထွက်ပေါ်လာနေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ ဒီသီတင်းပတ်ထဲ ဝါရှင်တန်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
မြောက်ကိုရီးယားနိုငိငံ အပေါ် ဘဏ္ဍာရေးအရ ဖိအားပေးနိုင်မယ့် အမေရိကန်က ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု ချမှတ်နိုင်ရေး ဥပဒေကို အတည်ပြုနိုင်ဖို့ အင်္ဂါနေ့က ရှေ့ကို ခြေတလှမ်း တိုးလာခဲ့ပါပြီ။
ပြင်သစ်ပိုင် Total ရေနံ ကုမ္ပဏီဟာ သူတို့ရင်းနှီးမြုပ်နှံထားတဲ့ မြန်မာနိုင်ငံအတွင်းက ပတ္တမြားဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ကနေ ပထမအကြိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို စတင်လိုက်ပါပြီ။
သိရိလင်္ကာ ရေတပ်က ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၃၀ နဲ့ အိန္ဒိယ နိုင်ငံသား ၂ ဦးတို့ကို Mirihana အကျဉ်းစခန်းမှာ ထိန်းသိမ်းထားဖို့ Jaffna အောက်တရားရုံးက အင်္ဂါနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက THAAD ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်ဟာ အခုအခါမှာ တပ်ဆင်ပြီး ပြီဖြစ်ပြီး မြောက်ကိုရီးယားဘက်က ပစ်ခတ်လာနိုင်တဲ့ Missile ဒုံးကျဉ်တွေကို စောင့်ကြည့်သွားနိုင်ပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။
EU ဥရောပသမဂ္ဂ ဌာနချုပ်ရှိရာ ဘယ်ဂျီယံနိုင်ငံ Brussels မြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူ ဥရောပကောင်စီ ဥက္ကဌ Donald Tusk နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ဖဒရယ်ပြည်ထောင်စု စနစ်ကို လေ့လာဖို့မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေအပါအဝင် မြန်မာအစိုးရနဲ့ တပ်မတော် အဆင့်မြင့်အရာရှိတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၅ ဦးပါဝင်တဲ့ အဖွဲ့ဟာ အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။
ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကြီးထွားလာနေတာကြောင့် ကောင်းမွန်တဲ့အလာအလာရှိတယ်လို့ ခန့်မှန်းထားကြတဲ့ အာရှတိုက်ရဲ့ စီးပွားရေး အလားအလာ သိသာတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ရနိုင်တယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တည်ဆောက်မှု အစီအစဉ်တွေကို သီတင်းပတ် အတန်ကြာ ဝေဖန် ပြောဆိုခဲ့တဲ့ သမ္မတ Donald Trump က ပဋိပက္ခတွေကို ဆွေးနွေးဖို့အတွက် မှန်ကန်တဲ့ အခြေအနေတွေအောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံမယ်လို့ အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
မေလ (၁) ရက်နေ့ကကျရောက်တဲ့ မေးဒေး ကမ္ဘာ့အလုပ်သမားနေ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှာ အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ CIA အကြီးအကဲ Mike Pompeo တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်ကို ရောက်ရှိနေပါတယ်။
ဗင်နီဇွဲလားသမ္မတ Nicolas Maduro က သူ ရာထူးက နှုတ်ထွက်ပေးရေး တောင်းဆို ဆန္ဒပြမှုတွေ အားကောင်းလာနေတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဝန်ထမ်းလစာတွေကို တိုးမြင့်ပေးပြီး အိမ်တွေကိုလည်း အခမဲ့ ပေးဝေနေပါတယ်။
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်လည်းဖြစ်၊ OCA - အာရှအိုလံပစ် ကောင်စီဝင်လည်းဖြစ်တဲ့ Sheikh Ahmad Al-Fahad Al-Ahmed Al-Sabah က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်း နောက်ဆုံး ဖြစ်ပေါ်နေတဲ့ လာဘ်ပေး လာဘ်ယူမှုတွေထဲမှာ သူ ပါဝင် ပတ်သက်နေတဲ့အတွက် ရာထူးအားလုံးကနေ နှုတ်ထွက်မယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Texas, Arkansas, Missouri နဲ့ Mississippi ပြည်နယ်တွေမှာ လေဆင်နှာမောင်းနဲ့ လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၈ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။
သီရိလင်္ကာရေပိုင်နက်ထဲ ရောက်လာတဲ့ အိန္ဒိယ ငါးဖမ်းလှေပေါ်မှာ လိုက်ပါလာသူ ၃၂ ယောက် ကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း သီရိလင်္ကာ အာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်