ခမောက်ဖြူ အဖွဲ့လို့ သိကြတဲ့ ဆီးရီးယား ကယ်ဆယ်ရေး အဖွဲ့က အဖွဲ့ဝင် ၈ ဦးတို့ မနေ့ စနေနေ့က လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရပါတယ်။ သူပုန်တို့ ထိန်းချုပ်ရာ Hama ပြည်နယ်ထဲက သူတို့ရုံးကို လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့တာလို့ အဖွဲ့နဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတို့က ပြောဆိုကြပါတယ်။
မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO တပ်ဖွဲ့ရဲ့ အာဖဂန်နစ္စတန် နိုင်ငံတွင်း သုံးနှစ်တာ တာဝန် ပြီးဆုံးချိန်မှာဘဲ ဘိန်းစိုက်ပျိုးတဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ဟယ်လ်မန်းပြည်နယ်ကို အမေရိကန် မရိန်းတပ်တွေက တာဝန်လွှဲပြောင်းယူတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကို ၊ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပါအဝင် ကိစ္စရပ်အတော်များများကိုဆွေးနွေးဖို့အတွက် ဝါရှင်တန်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်။
သမ္မတ တာဝန်ယူတဲ့ ပထမ ရက်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ်နဲ့ မနေ့ စနေနေ့ ညနေခင်းမှာ Pennsylvania ပြည်နယ် Harrisburg က လူ တသောင်းလောက် ဆန့်တဲ့ ခန်းမကြီးမှာ ကျင်းပတဲ့ သမ္မတရဲ့ လူထု စည်းရုံးပွဲမှာတော့ ထောက်ခံသူတွေက အမေရိကန် ပြည်ထောင်စုရဲ့ အတိုကောက် စကားလုံး ဖြစ်တဲ့ USA လို့ အော်ဟစ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးညီလာခံ ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်မယ့် ထိပ်သီးညီလာခံ မတိုင်မီ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာတော့ အသင်းဝင် နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေအပြင် လုံခြုံရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ မွတ်စလင် နဲ့ ခရစ်ယာန်လူမှုအသိုင်းအဝိုင်းတွေအပေါ် ဘာသာရေးအရ အကြမ်းဖက် တိုက်ခိုက်တာတွေ ရုတ်တရက် တိုးလာနေတဲ့အပေါ်မှာ မွတ်စလင် နဲ့ ခရစ်ယာန် ဘာသာခေါင်းဆောင်တွေက စိုးရိမ်လာနေကြပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးလိုလားသူတို့ရဲ့ သူပုန်ထမှု ၁၃ နှစ်ပြည့်နှစ်ပါတ်လည်ကာလအတွင်း ထိုင်းစစ်တပ်ကို တပ်လှန့်ထားပါတယ်။
မြောက်ကိုရီးယားက မြို့တော် Pyongyang မြောက်ဘက်ကနေ ပဲ့ထိမ်းတပ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတခု လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား Yonhap သတင်းမှာ ဖေါ်ပြထားပြီး အမေရိကန် ပစိဖိတ်ဒေသ တပ်မဟာက တပ်မှူး David Benham ကတော့ပဲ့ထိမ်းတပ် ဒုံးကျည်ကို Pukchang လေတပ်စခန်းနားကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယား ပိုင်နက် ဒေသတွင်းမှာပဲ ကျရောက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ ဒီကနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဆင့်မြင့် အစည်းအဝေးတရပ်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ချထားမယ့် အမေရိကန် THAAD ဒုံးခွင်းဒုံးစနစ်အတွက် ဒေါ်လာသန်းတထောင်ပေးဖို့ အမေရိကန် သမ္မတ Donald Trump ရဲ့ တောင်းဆိုချက်ကို တောင်ကိုရီးယား နိုင်ငံက ချက်ခြင်းလိုလို ပယ်ချလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးညီလာခံ တက်ရောက်ဖို့ မနီလာကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဗီယက်နမ် ဝန်ကြီးချုပ် Pham Binh Minh နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ရေဒီယို Signal တွေကို ပို့လွှတ်၊ လက်ခံဖမ်းယူနိုင်တဲ့ အမေရိကန်လုပ် RF Module electronic ပစ္စည်းထောင်နဲ့ချီကို အီရန်နိုင်ငံကို တင်ပို့မှုနဲ့ စင်္ကာပူလူမျိုးတယောက်ကို အမေရိကန်အကျဉ်းထောင်မှာ လပေါင်း ၄၀ အကျဉ်းချဖို့ ပြစ်ဒဏ်ချလိုက်ပါတယ်။
အီဂျစ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေ တိုးတက်မလာတဲ့အတွက် အမေရိကန်အစိုးရက အီဂျစ်အစိုးရကိုနှစ်စဉ်ပေးနေတဲ့ ဒေါ်လာ ၁.၅ ဘီလျံဖိုး ကူညီထောက်ပံ့မှုတွေပေးနေတာ ပြန်စဉ်းစားဖို့ အီဂျစ်အမေရိကန်ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားအရေး အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတ Donald Trump အလေးထား ပြောကြားခဲ့တဲ့ အဓိက အချက်တခုကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ သံတမန်နည်းလည်းတွေကို အသုံးပြုပြီး စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးမှုတွေ ပြန်လုပ်လာအောင် ဖိအားပေးဖို့ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ Reunion ကျွန်းမှာ အစ္စလာမ်အစွန်းရောက်တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိသူတဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းစဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အစည်းအဝေးအတွင်း တောင်တရုတ် ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စတွေကို ဆွေးနွေးတာဟာ၊ အကျိုးရှိမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက လုပ်ငန်းရှင်ကြီးတွေအတွက် အခွန်အခတွေ သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးစီးပွါးရေးလုပ်ဆောင်နေတဲ့ အမေရိကန် နိုင်ငံမှာ အလုပ်အကိုင်ကြီးထွားမှု တိုးလာစေဖို့ဖြစ်ပြီး နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ အခွန်အခ သတ်မှတ်ချက်တွေအတွက် ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှု ဖြစ်သလို ဒါဟာ အခွန်ထမ်း အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် သက်ရောက်မှုလည်း ရှိလာမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးက အမတ်တွေအတွက် အထူးကန့်သတ်ရှင်းလင်းပွတရပ်ကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အမျိုးသားလုံခြုံရေး အရာရှိတွေက ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြဆွေးနွေးပွဲ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ Donald Trump က စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ လူတဦးချင်းရဲ့ ဝင်ငွေခွန်တွေကို လျှော့ချပေးမယ့် အစီအစဉ်ကြောင့် Wall Street ငွေကြေးဈေးကွက်မှာ အစုရှယ်ယာဈေးတွေ မနေ့တုန်းက မြင့်တက်ခဲ့သလို၊ အာရှဈေးကွက်တွေမှာလည်း ရှယ်ယာဈေးတွေ အားကောင်းခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် အရှေ့တောင် အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးညီလာခံမှာ တင်းမာမှုတွေ ကြီးထွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အရေး အပါအဝင် လုံခြုံရေး ကိစ္စရပ်တွေကို ဦးစားပေး ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်