အမေရိကန်သမ္မတ Donald Trump ရဲ့အမျိုးသားလုံခြုံရေးအကြံပေးဟောင်းဟာ လူအများကြား မျက်နှာပြရတဲ့ပွဲတွေအတွက် နိုင်ငံခြားအစိုးရဆီက ရရှိခဲ့တဲ့ဝင်ငွေတွေကို တိတိကျကျ မထုတ်ပြန်တဲ့အတွက် ပြည်ထောင်စုဥပဒေကို ချိုးဖောက်ခဲ့ပုံရတယ်လို့ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ ဧပြီလ ၂၅ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် စွမ်းအင်မူဝါဒဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း သေဆုံးခဲ့တဲ့ သြစတြေးလျနဲ့ နယူးဇီလန်တပ်ဖွဲ့ဝင်တွေ အတွက် အထိမ်းအမှတ်အဖြစ် Anzac Day လို့ သတ်မှတ်တဲ့ အခမ်းအနားတွေ ဧပြီလ ၂၅ ရက်နေ့၊ သြစတေးလျ၊ နယူးဇီလန်၊ အင်္ဂလန်နဲ့ တူရကီနိုင်ငံတွေမှာအပြင် ထိုင်းမြန်မာနယ်ခြား ကန်ချနာဘူရီမှာလည်း ကျင်းပပါတယ်။
ဆီးရီးယားပြည်သူတွေအပေါ် သမ္မတ Bashar Assad ကဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက်လိုဆိုပြီး အမေရိကန်အစိုးရက ဆီးရီးယားအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပေါင်း၂၇၀ ကျော် ခုချမှတ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊ Indianapolis မြို့က BACI မြန်မာ-အမေရိကန် လူမှုရေးအသင်းက အမှုဆောင် ညွန်ကြားရေးမှူး Elaisa Vahnie ဟာ IUPUI လို့ခေါ်တဲ့ Indiana တက္ကသိုလ်၊ Purdue တက္ကသိုလ် က ချီးမြှင့်တဲ့ လူမှုရေးဆိုင်ရာ ခေါင်းဆောင်ဆု - Community Leader Award ချီးမြင့် ခံခဲ့ရပါတယ်။
အမျိုးသမီးအာကာသယာဉ်မှူး Peggy Whitson ဟာ အာကာသထဲမှာ ရက်ပေါင်း ၅၃၄ ရက်ကြာ အများဆုံး နေထိုင်သူ အမေရိကန် နိုင်ငံသားအဖြစ် ဒီကနေ့ပဲ စံချိန် ချိုးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ငှက်ဖျားရောဂါ ကာကွယ်ဆေး ထိုးပေးမယ့် စမ်းသပ် လုပ်ဆောင်မှုအစီအစဉ် စတင်ဖို့ ဂါနာ၊ ကင်ညာ နဲ့ မလာဝီ သုံးနိုင်ငံကို ရွေးချယ်ထားတဲ့ အကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ Donald Trump နဲ့ ဒီကနေ့ ဖုန်းပြောချိန်မှာ တရုတ် သမ္မတ Xi Jinping က တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ ပထမတကြော့ သမ္မတရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်တွေအရ အလယ်အလတ်ဝါဒီ Emmanuel Macron နဲ့ အမျိုးသားရေးဝါဒီ Marine Le Pen တို့ နှစ်ဦးစလုံး တယောက်မှ မဲအပြတ်အသတ် အနိုင်ရခြင်း မရှိတာကြောင့် လာမယ့် သီတင်းနှစ်ပတ်မှာ တကြော့ပြန် ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပါတယ်။
ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ပထမအကျော့ မဲပေးပွဲတွေကို ဒီကနေ့ နိုင်ငံတဝန်း ကျင်းပနေပြီး နိုင်ငံတဝန်း မဲရုံပေါင်း ၆ သောင်းကျော် ဖွင့်လှစ်ထားပြီး မဲပေးခွင့်ရှိသူ ၄၇ သန်းနီးပါးတို့က သမ္မတလောင်း ၁၁ ဦးကို ရွေးချယ်မဲပေးနေကြပါတယ် လက်ယာစွန်း ကနေ လက်ဝဲစွန်း ဝါဒီ သမ္မတလောင်း ၁၁ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲကတော့ ဆယ်စုနှစ်တွေ အတွင်း စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ ရွေးကောက်ပွဲ တခုဖြစ်ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာတွေကို စွန့်လွှတ်ဖို့ တရုတ်နိုင်ငံက သြဇာအရှိန်အဝါသုံးပြီး ပိုမိုဆောင်ရွက်သွားလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည် ထားကြောင်း ဆစ်ဒနီမြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယသမ္မတ Mike Pence က သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ ဒီကနေ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းက အဓိကကျတဲ့စစ်အခြေစိုက်စခန်းတခုကို တာလီဘန်သူပုန်တွေက ဝင်ရောက်စီနှင်းပြီး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၄၀ ထက်မနည်းသေဆုံးပြီး အများစုက စစ်သားတွေဖြစ်ကြပါတယ်။
မြေကမ္ဘာနေ့ချီတက်ပွဲအခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာ ဒီကနေ့ ပြုလုပ်နေကြပြီး၊ လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြပြီး ၊ မက်ဒရစ်၊ လန်ဒန်၊ ဆိုးလ်၊ ကိတ်ပ်တောင်း အပါအဝင် ကမ္ဘာတဝှမ်းက မြို့ပေါင်း ၆၀၀ ကျော်မှာ မြေကမ္ဘာနေ့အခမ်းအနားတွေကို ဆင်နွဲှခဲ့ကြတာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲက ရေပြင်နယ်နိမိတ် အငြင်းပွားမှုပြဿနာထက် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ရန်အပေါ် အမေရိကန်က အာရုံစိုက်လွန်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ အမေရိကန်က အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်ဆိုတာကို ပြန်လည်ပြသခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုကျုးလွန်သူအဖြစ် သံသယရှိတဲ့ သေနတ်သမားရဲ့ အလောင်းအနီး IS စစ်သွေးကြွအဖွဲ့ကို ချီးကျုးဂုဏ်ပြုထားတဲ့ စာတစောင်ကို တွေ့ရှိခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ IS စစ်သွေးကြွ အဖွဲ့ကတော့ သေနတ်သမားဟာ ဘယ်လ်ဂျီယံနိုင်ငံသား Abu Yussef ဆိုသူဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတာပါ။
မြောက်ကိုရီးယားမှာ အရေးကြီးတဲ့ နှစ်ပတ်လည်နေ့တနေ့ နီးကပ်လာနေတဲ့အတွက် အရေးပေါ် တပ်လှန့်ထားကြောင်း တောင်ကိုရီးယားက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ အလုပ်အကိုင် သုံးပုံ ၂ ပုံလောက်ဟာ စက်တွေကို အသုံးပြုလာကြရာ ကနေ ပျောက်ကွယ်သွားနိုင်ပြီး ဒီအခြေနေဟာ ပဋိပက္ခတွေကိုရော ဒုက္ခသည် ဝင်ရောက်မှုကိုပါ တိုးလာစေနိုင်တယ်လို့ ကမ္ဘာ့ ဘဏ်ဥက္ကဌ Jim Kim က သတိပေးလိုက်ပါတယ်။
အန္တရာယ်ကြီးမားလာနေတဲ့ အီရန်နိုင်ငံနဲ့ သူ့ရဲ့အဓိကကိုယ်ပွား ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို အမေရိကန်က အရေးယူကိုင်တွယ်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် မေလ ၄ ရက်နေ့ကျရင် ဝါရှင်တန်မြို့တော်မှာ တေ့ွဆုံကြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်