ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က Champs-Elysees လမ်းမကြီးမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒီတို့ရဲ့ လုပ်ရပ်အဖြစ် အခြေအနေအားလုံး ညွန်ပြနေကြောင်း သမ္မတ Francois Hollande ကပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က Champs-Elysees လမ်းမကြီးမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားပါတယ်။ ပစ်ခတ်သူ ၁ ယောက်သေဆုံးတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ကပြောပေမယ့် နောက်ထပ် ပစ်ခတ်သူ ၁ ယောက်နဲ့ ပတ်သက်တဲ့အကြောင်း မသိရသေးပါဘူး။
နိုဝင်ဘာလထဲ အာရှဒေသမှာ ကျင်းပမယ့် ထိပ်သီးညီလာခံ ၃ ခုကို အမေရိကန်သမ္မတ Donald Trump တက်ရောက်မှာဖြစ်ကြောင်း ဒုတိယသမ္မတ Mike Pence က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ကမ္ဘာတဝန်း နိုင်ငံနဲ့ဒေသပေါင်း ၁၉၉ ခုထဲက ၁၂ ခုကို ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ဝင်ရောက်ခွင့်ရထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို ဟန့်တားရေးအတွက် အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ဦးဆောင်တဲ့ ရေတပ်ဟာ ပစ္စိဖိတ်မြောက်ပိုင်းကို အမှန်တကယ် ဦးတည်သွားနေတယ်လို့ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့မဟာမိတ်တွေကို ပြောကြားလိုက်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ ဒီနှစ် မေလထဲမှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောပါတယ်။ တွေ့ဆုံမယ့် နေရာဟာ ဝါရှင်တန်ဒီစီမှာ ဖြစ်စေ အာဆီယံ ဆယ်နိုင်ငံထဲက တနိုင်ငံမှာ ဖြစ်စေ တွေ့ဆုံမှာ ဖြစ်ကြောင်း ပြောပါတယ်။
တောင်တရုတ်ပင်လယ် ရေအောက်မှာ ရေနဲ့နဲ့ ဓာတ်ငွေ့ ရှာဖွေရေးအတွက် နိုင်ငံခြားက ကန်ထရိုက်လုပ်ငန်းတွေရဲ့ အကူအညီရဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနေပေမဲ့လည်း၊ နယ်မြေပိုင်နက် အငြင်းပွားမှုတွေကြောင့် ရှာဖွေတွေ့ရှိမှုတွေကနေ အကျိုးအမြတ် များများစားစား ကျန်မှာမဟုတ်တာကြောင့် အခက်အခဲတွေ ကြုံရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။
ရာသီဥတုဖောက်ပြန်မှုတွေရဲ့ ရလဒ်ဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတွေနဲ့ ပင်လယ်ဒီရေလှိုင်းကြီးတွေရဲ့ ဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကျွန်းတခု ပျောက်ကွယ်သွားနိုင်တဲ့အရေး ကြုံနေရပါတယ်။
နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေကို ထိန်းချုပ်ဖို့ တောင်းဆိုနေတာတွေ ကို မြောက်ကိုရီးယားက အံတုနေတဲ့အပေါ် သည်းမခံနိုင်တော့ကြောင်း ပြောဆိုနေတဲ့ အမေရိကန်သမ္မတ Donald Trump အစိုးရက ခပ်ကြမ်းကြမ်း တုံ့ပြန်မယ့် သဘောထားတွေကို မကြာသေးခင်ကစလို့ ပြောဆိုလာနေကြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ရလဒ်အဖြစ် လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိနေပေမဲ့ အစိုးရအာဏာပိုင်တွေနဲ့ ထင်ရှားတဲ့ လူမှုရေးလှုပ်ရှားမှုတွေကြောင့် ဘာသာရေးနဲ့ လူမျိုးရေးဖိနှိပ်မှုတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ Nikki Haley ကပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်တဲ့နေရာမှာ လိုက်နာရမယ့် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို သမ္မတ Donald Trump က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး အမေရိကန် အစိုးရ ဌာနတွေအနေနဲ့ အမေရိကန်ဖြစ် ပစ္စည်းတွေကို အသုံးပြုရမယ့် တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကိုပါ တပါတည်း ထုတ်ပြန်လိုက်ပါတယ်။
Australia နိုင်ငံမှာ နိုင်ငံခြားသားတွေ ယာယီအလုပ်လုပ်ခွင့်ပေးတဲ့ လက်ရှိ Visa စနစ်ကို ဖျက်သိမ်းလိုက်ပြီး Visa စနစ်သစ် ၂ ခုနဲ့ အစားထိုးလိုက်ပါတယ်။ အရင်က ၄ နှစ်နေထိုင်ခွင့်ပေးတဲ့ 457 visa ကိုဖျက်လိုက်ပြီး ယာယီအလုပ်လုပ်ခွင့် ၂ နှစ် Visa နဲ့ ပိုပြီး ကျွမ်းကျင်အဆင့်မြင့်အလုပ်တွေအတွက် ၄ နှစ် ယာယီအလုပ်လုပ်ခွင့် Visa တွေနဲ့ အစားထိုးလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ Scotland နယ်သား ကျောင်းဆရာတဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ အလိုရှိနေတဲ့ ဗြိတိန်နိုင်ငံသား Harris Binotti ကို Scotland နယ်၊ Glasgow မြို့က တိုက်ခန်းတခုမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာ လာမယ့်နှစ်တွေအတွင်း တိုင်းပြည်အခြေအနေ တည်တည်ငြိမ်ငြိမ်နဲ့ ရေရေရာရာ ရှိဖို့ဆိုရင် တခုတည်းသောနည်းလမ်းက ရွေးကောက်ပွဲ အစောတလျင် ကျင်းပတာဖြစ်တယ်လို့ ဆိုပြီး လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရွေးကောက်ပွဲကို အချိန်စောကျင်းပဖို့ ဝန်ကြီးချုပ် Theresa May က ဒီကနေ့ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို သူ့ရဲ့ နျူကလီးယားလက်နက် နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ စွန့်လွှတ်လာအောင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားပေးမှုတွေ လုပ်သွားရလိမ့်မယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က တူရကီသမ္မတ Recep Tayip Erdogan ကို လူူထုဆန္ဒခံယူပွဲအောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲရဲ့ လွတ်လပ်မျှတမှုအပေါ် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေက မေးခွန်းထုတ်လိုက်ကြပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ တရားမဝင်နေထိုင်နေကြတဲ့ ရိုဟင်ဂျာကလေးငယ်တွေ ပျောက်ပျောက်သွားတဲ့အတွက် လူကုန်ကူးသူတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်မားနေပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un ရဲ့ တိုးမြင့်လာတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကိုကိုင်တွယ်ဖို့ အမေရိကန်သမ္မတ Donald Trumpအနေနဲ့ လိုအပ်ရင် စစ်ရေးအင်အား အသုံးပြုလိမ့်မယ်လို့ ဒုသမ္မတ Mike Pence က ဒီကနေ့ တနင်္လာနေ့မှာ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်