တူရကီသမ္မတ Recep Tayyip Erdogan ကို လုပ်ပိုင်ခွင့် အာဏာသစ်တွေ တိုးမြှင့်ပေးနိုင်ဖို့အတွက် ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲမှာ လက်ရှိအာဏာရပါတီက အနိုင်ရတယ်လို့ တူရကီတာဝန်ရှိသူတွေက တနင်္ဂနွေနေ့ နှောင်းပိုင်းက ကြေညာပါတယ်။
တူရကီသမ္မတ Recep Tayyip Erdogan ကို ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေ တိုးချဲ့ပေးမယ့် လူထုဆန္ဒခံယူပွဲမှာ လက်ရှိအာဏာရ ပါတီက အနိုင်ရသွားကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာပါတယ်။
မြန်မာ့ နှစ်ဆန်းတရက်နေ့ အခါသမယ ဖြစ်တာနဲ့အညီ မြန်မာ နိုင်ငံတဝှမ်းလုံးမှာရှိကြတဲ့ မိဘ ပြည်သူတွေနဲ့တကွ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ပြည်ပနိုင်ငံ အသီးသီးမှာ ရောက်နေကြတဲ့ မြန်မာနွယ်ဖွားတွေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ပျော်ရွှင် ချမ်းမြေ့စွာနဲ့ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ ဗွီအိုအေ ဝိုင်းတော်သူ ဝိုင်းတော်သားအပေါင်းက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ အမှိုက်ပုံပြိုကျပြီး အောက်မှာ ပိတ်မိနေသူတွေကို တနင်္ဂနွေနေ့က သီရိလင်္ကာစစ်သားတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေကယ်ဆယ်နေကြပါတယ်။
မြောက်ကိုရီးယား အစိုးရက ဆိပ်ကမ်းမြို့ ဆင်ပိုကနေ ဒုံးကျည် စမ်းသပ်လိုက်တာကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေတဲ့ တောင်ကိုရီးယား နိုင်ငံကို အမေရိကန် ဒုတိယ သမ္မတ ရောက်ရှိနေပါတယ်။
တူရကီနိုင်ငံမှာ ပါလီမန် စနစ်ကနေ သမ္မတကို လုပ်ပိုင်ခွင့် အပြည့်အဝပေးမယ့် စနစ်ဆီ ကူးပြောင်းရေး လူထုဆန္ဒခံယူပွဲ မဲပေးမှုတွေ ပြီးဆုံးသွားပါပြီ။ နိုင်ငံရဲ့ ၈၄ နှစ်တာ သမိုင်းကြောင်း အတွင်း အရေးအကြီးဆုံး မဲပေး ရွေးချယ်မှု အဖြစ် ရှုမြင်ထားတဲ့ ဆန္ဒခံယူပွဲ မဲ ရလဒ်တွေကတော့ ဒီကနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။
ကမ္ဘာတလွှားက ခရစ်ယာန် ဘာသာဝင်တွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ အီစတာပွဲတော်တွေကို ကျင်းပနေကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ Sinpo ဆိပ်ကမ်းမြို့က ဒုံးကျည် ပစ်လွှတ်ခဲ့မှုဟာ မအောင်မမြင် ဖြစ်သွားခဲ့ပုံရတယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ တိုးချဲ့တဲ့အနေနဲ့ ဘတ်စ်ကား အစီးရေ ၁,၀၀၀ ဝယ်ယူဖို့ တရုတ်နိုင်ငံ Yutong ကုမ္ပဏီနဲ့ ဧပြီလ ၁၁ ရက်နေ့က သဘောတူ လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ကြေညာပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ အမေရိကန် ဒုသမ္မတ Mike Pence ဟာ တောင်ကိုရီးယားနိုင်ငံကို တနင်္ဂနွေနေ့မှာ သွားရောက်တာ အပါအဝင် အာရှ-ပစိဖိတ်ဒေသကို ခရီးထွက်ခွာသွားပြီ ဖြစ်ပါတယ်။
တူရကီနိုင်ငံမှာ လက်ရှိရှိနေတဲ့ လွှတ်တော်စနစ်ကနေပြီး၊ သမ္မတက လုံးဝအုပ်ချုပ်မှုအာဏာရှိစေမယ့် စနစ်ကိုပြောင်းမယ့် လူထုဆန္ဒခံယူပွဲကို မနက်ဖြန်တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့တုန်းက ကြဲချခဲ့တဲ့ ဧရာမဗုံးကြီးကြောင့် သေဆုံးသူ စစ်သွေးကြွအရေအတွက် ၃ ဆ နီးပါးပိုများလာတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်အနေနဲ့ ဆီးရီးယားနိုင်ငံကို နောက်ထပ်တိုက်ခိုက်မှုတွေမလုပ်ဖို့ ရုရှား၊ ဆီးရီးယား နဲ့ အီရန်နိုင်ငံတွေက သတိပေးလိုက်ပါတယ်။
ခုလိုမြန်မာနိုင်ငံမှာ သင်္ကြန်ပွဲကိုဆင်နွဲနေသလို အိမ်နီးချင်း၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာလည်း နှစ်သစ်ကူးရေသဘင်ပွဲတော်တွေကို ဆင်နွဲနေကြပါတယ်။
ကမ္ဘာတဝှမ်းမှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုတွေ နောက်တဖန်ဖြစ်နိုင်တဲ့ စိုးရိမ်ဖွယ်အခြေအနေ မြင့်မားနေတယ်လို့ Early Warning Project ဆိုတဲ့ NGO အဖွဲ့ကပြောလိုက်ပါတယ်။
ဆီးရီးယားအစိုးရနဲ့ သူပုန်တွေအကြား ရယူထားတဲ့ သဘောတူညီချက်အရ နှစ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့လေးမြို့က အရပ်သားပြည်သူတွေနဲ့ သူပုန်တွေကို မြို့တွင်းက ရွှေ့ပြောင်းတာတွေ စတင် လုပ်ဆောင်နေပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း Nangargar ခရိုင်မှာ IS စစ်သွေးကြွတွေ ခိုလုံနေတဲ့ ဥမင်လိုဏ်ခေါင်းတခုရှိရာကို အမေရိကန် စစ်လေယာဉ်တစီးကနေ မနေ့က ကြာသပတေးနေ့ကပဲ အလေးချိန် ကီလိုဂရမ် ၁ သောင်းရှိတဲ့ အကြီးဆုံး ဗုံးတလုံး ကျဲချခဲ့ပါတယ် ပစ်ဖူးသမျှ အနုမြူဗုံးမဟုတ်တဲ့ ဗုံးတွေထဲမှာ အကြီးဆုံးဖြစ်ပြီး the mother of all bombs လို့ ပြောကြပါတယ်။
မြောက်ကိုရီးယားက ဒီသီတင်းပတ်အကုန်မှာ နျူးကလီးယားစမ်းသပ်မှုအသစ်လုပ်မယ်လို့ ခန့်မှန်းနေကြတဲ့ကြားမှာပဲ၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားခြိမ်းခြောက်မှုကို ကောင်းကောင်း ကိုင်တွယ် သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ထပ်ပြီး သတိပေးလိုက်ပါတယ်။
မဟာသင်္ကြန် အကျနေ့ ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ မဏ္ဍပ်ကြီးတွေရှိတဲ့ ပြည်လမ်း၊ ၁၉ လမ်း စတဲ့နေရာတွေမှာ ရေပက်သူ တွေ ရေပက်ခံထွက်သူတွေနဲ့ စည်စည်ကားကားရှိပြီး မန္တလေးမြို့မှာတော့ လမ်းလေ ျှာက်သင်္ကြန်ဆိုပြီး ထူးထူးခြားခြားကျင်းပပါ တယ်။
နောက်ထပ်ကြည့်ရှုရန်