စနေဂြိုဟ် (Saturn) မှာ ရှိတဲ့ လဟာ သက်ရှိသတ္တဝါတွေ နေထိုင်နိုင်မယ့် နေရာသစ် အဖြစ် ရှိနေတယ်လို့ အမေရိကန် အာကာသ စူးစမ်း လေ့လာရေးအဖွဲ့ နာဆာက ပြောပါတယ်။
Afghanistan နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ဗုံးခိုကျင်းဝင်း ကြီးကို ကြာသပတေးနေ့က အမေရိကန် စစ်လေယာဉ် တစင်းက အလေးချိန် ကီလိုဂရမ် တသောင်းရှိတဲ့ အကြီးဆုံး ဗုံးတလုံးကြဲချခဲ့ပါတယ်။
လာမယ့်စနေနေ့ ဒါမှမဟုတ် မကြာခင်ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်ဖေါက်ခွဲနိုင်ပြီး၊ ဥမင်လှိုဏ်ခေါင်း တခုမှာ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ အမေရိကန်အစိုးရနဲ့ အခြားသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဆီးရီးယား နိုင်ငံတွင်း ပြီးခဲ့တဲ့ သတင်းပတ်က ဓာတုလက်နက်သုံး တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီစွပ်စွဲချက်တွေက ရာနှုန်းပြည့် လုပ်ကြံ ဖန်တီးမှု ဖြစ်တယ်လို့ ဆီးရီးယား သမ္မတ Bashar al-Assad က ဒီကနေ့ ပြောဆိုပါတယ်။
ဆီးရီးယားအာဏာရှင် Bashar al-Assad ကို နိုင်ငံတကာက ရှုံ့ချမယ့်အရေးကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။
အမေရိကန်နိုင်ငံက United လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေ ခရီးသည်တဦးကို Chicago မြို့ လေဆိပ်မှာ ဧပြီလ ၉ ရက်နေ့က လေယာဉ်ပေါ်က အဓမ္မ ဒရွတ်တိုက် ဆွဲချခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ - အဲဒီလို ပြုမူ ဆက်ဆံမှုမျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ လေကြောင်းလိုင်းရဲ့ အကြီးအကဲ Oscar Munoz က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ရှားပါး တောက်တဲ့ မျိုးစိတ်သစ် ၂ မျိုးကို အမေရိကန် ပြည်ထောင်စု Smithsonian သဘာဝသိပ္ပံက သုတေသန ပညာရှင်တွေက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာရှိတဲ့ လေညာ အမျိုးသားဥယျာဉ် လုပ်ဖို့စီမံကိန်းချထားတဲ့ ဒေသမှာ တွေ့ရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။
ကုန်လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ ထူးခြားလှတဲ့ အပြောင်းအလဲတွေကိုလဲ ခုလို အတာသင်္ကြန်အချိန်အခါမှာ ပြန်ပြောင်းသတိရဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်လို့လဲ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
မြန်မာနှစ်သစ်ကူးကာလ၊ ဧပြီလ ဒုတိယပတ်ကစလို့ မြန်မာပြည်တဝှမ်းမှာ အပူချိန်မြင့်တက်လာခဲ့ရာက ဒီရက်ပိုင်းမှာတော့ အပူဒဏ်ရှောင် ဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီကပါ သတိပေးချက်ထုတ်ပြန်တာတွေ ရှိလာခဲ့ပါတယ်။
အမေရိကန် သမ္မတကတော် Melania Trump အလုပ်လုပ်ခဲ့တဲ့ မော်ဒယ်လ် အေဂျင်စီဟာ Escort Agency ဆိုတဲ့ အဖော်ပြု ဖျော်ဖြေရေး ဝန်ဆောင်မှု အေဂျင်စီ ဖြစ်တယ်လို့ မှားယွင်းစွပ်စွဲထားတဲ့ ၂၀၁၆ ခုနှစ်က ဆောင်းပါးတပုဒ်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတကတော် Melania Trump ကို Daily Mail သတင်းစာ ထုတ်ဝေသူက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တောင်းပန်ခဲ့ပြီး လျော်ကြေးပေးဖို့ သဘောတူလိုက်ပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ) နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ဗဟို သုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းဟာ ဒီကနေ့မှာပဲ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါပြီ။
အမေရိကန်နိုင်ငံက United လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေ ခရီးသည်တဦးကို Chicago မြို့ လေဆိပ်မှာ ဧပြီလ ၉ ရက်နေ့က လေယာဉ်ပေါ်က အဓမ္မ ဒရွတ်တိုက် ဆွဲချခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ - အဲဒီလို ပြုမူ ဆက်ဆံမှုမျိုး ဘယ်သူ့ကိုမှ မလုပ်သင့်ဘူးလို့ လေကြောင်းလိုင်းရဲ့ အကြီးအကဲ Oscar Munoz က အင်္ဂါနေ့မှာ ကြေညာချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။
ဆီးရီးယားမှာ လွန်ခဲ့တဲ့သီတင်းပါတ်က ဆီးရီးယားပြည်သူတွေ သေဆုံးခဲ့ရတဲ့ အဆိပ်ဓါတ်ငွေ့တွေဟာ သူပုန်တွေရဲ့ လက်နက်တိုက်အပေါ် လေကြောင်းတိုက်ခိုက်မှုက ပျံ့လာတာဖြစ်တယ်လို့ ရုရှားရဲ့ အပြောကို အမေရိကန်က ပြတ်ပြတ်သားသားပယ်ချခဲ့ပြီး ဒါဟာ အရပ်သားတွေအပေါ် ဆီးရီးယားတပ်တွေရဲ့ တမင်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Nuclear လက်နက်ထုတ်လုပ်ရေးအစီအစဉ်လုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံက ပြဿနာရှာနေတာဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောကြားခဲ့သလို မြောက်ကိုရီးယား Nuclear အစီအစဉ်တွေ အဆုံးသပ်ရေးကူညီဖို့ တရုတ်ကိုလည်းတိုက်တွန်းခဲ့ပါတယ်။
Vietnam နိုင်ငံ Hanoi မြို့တော်မှာ အင်္ဂါနေ့က ကစားခဲ့တဲ့ AFC အမျိုးသမီးအာရှဖလားအတွက် အုပ်စု D ခြေစစ်ပွဲမှာ အိမ်ရှင် Vietnam အသင်းက မြန်မာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဗိုလ်လုပွဲကို တက်သွားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က ဓာတု လက်နက်အသုံးပြု တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ ဆီးရီးယား သမ္မတ Bashar al-Assad အပေါ် ထောက်ခံထားမှုကို ရုရှားတို့ စွန့်လွှတ်ဖို့ မျှော်လင့်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်တောရွာနေ လူငယ်တွေ ငြိမ်းချမ်းရေး စကားဝိုင်း အဖြစ်ဒီကနေ့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ဆွေးနွေးကြပါတယ်။
ဆီးရီးယားသမ္မတ Bashar al-Assad အနေနဲ့ အကြာကြီးဆက်ပြီးတိုင်းပြည်အာဏာကို ယူထားလို့ မရတော့ဘူးလို့ အိမ်ဖြူတော်က ပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲတက်နိုင်ဖို့ အုပ်စု D ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ Vietnam အသင်းတို့ ဒီကနေ့ April လ ၁၁ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။
နယူးယောက်ပြည်နယ်အတွင်းက အလယ်အလတ်နဲ့ အောက်ခြေ ဝင်ငွေရှိတဲ့ ကျောင်းသားတွေအနေနဲ့ နယူးယောက်မြို့ တက္ကသိုလ် (CUNY) နဲ့ နယူးယောက်ပြည်နယ် တက္ကသိုလ် (SUNY) တို့မှာ အခမဲ့ ကျောင်းတက်ခွင့်ရမယ့် အဆိုပြုချက်ကို ပြည်နယ်လွှတ်တော် အမတ်တွေက အတည်ပြုလိုက်ပါပြီ။
နောက်ထပ်ကြည့်ရှုရန်