လွန်ခဲ့တဲ့ ၁၄ လက ကွယ်လွန်သွားခဲ့တဲ့ အမေရိကန် တရားရုံးချုပ် တရားသူကြီး Antonin Scalia ရဲ့နေရာကို အစားထိုးဖို့ Neil Gorsuchကို ရွေးချယ် အတည်ပြုလိုက်တာကြောင့် တရားရုံးချုပ်မှာ တရားသူကြီး ၉ဦး စုံလင်သွားပြီဖြစ်ပြီး ဒီနေ့ တနင်္လာနေ့ မှာ Neil Gorsuch ကျမ်းသစ္စာ ကျိမ်ရ မှာဖြစ်ပါတယ်။ တရားသူကြီးသစ် Neil Gorsuch ဟာ ကျမ်းသစ္စာကို ၂ ကြိမ် သီးခြားစီ ကျိန်ဆိုရမှာဖြစ်ပါတယ်။
တရုတ်နဲ့ မြန်မာကြား သွယ်တန်းထားတဲ့ မိုင် ၄၈၀ အရှည်ရှိတဲ့ ရေနံပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး စတင်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Liu Zhenmin က ဒီကနေ့ တနလာၤနေ့ ပြောဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်နိုင်ငံကို ၆ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို တရုတ်သမ္မတ ရှီကျင်းပင်က ဒီကနေ့ နိုင်ငံတော်အခမ်းအနားနဲ့ တခမ်းတနား ကြိုဆိုခဲ့ပါတယ်။
နျူကလီးယားလက်နက် ရှိနေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေ ရှာပေးဖို့ သမ္မတ Donald Trump က အစိုးရ အရာရှိတွေကို တောင်းဆိုထားတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဆီးရီးယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့လိုအပ်မယ်ဆိုရင် သမ္မတ Donald Trump အနေနဲ့ လုပ်ဆောင်လိမ့်မယ်ဆိုတဲ့ သဘောမျိုး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
အီဂျစ်နိုင်ငံမှာ သမ္မတ Abdel Fattah el-Sissi က အရေးပေါ်အခြေအနေ သုံးလ ကြေညာလိုက်ပါတယ်။
IUU လို့ခေါ်တဲ့ တရားမဝင်၊ သတင်းပို့ခြင်း၊ စည်းကမ်းလိုက်နာခြင်းမရှိဘဲ ငါးတွေ အလွန်အကျွံ ဖမ်းဆီးမှုတွေကို တင်းကြပ်စွာ ထိန်းချုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လုပ်ထုံး လုပ်နည်းတွေကို အိမ်နီးနိုင်ငံ အတော်များများက နမူနာယူပြီး လုပ်ဆောင်လာနေကြပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား အဏ္ဏဝါနဲ့ ငါးဖမ်းလုပ်ငန်းဆိုင်ရာဝန်ကြီး Susi Pudjiastuti က စနေနေ့မှာ ပြောပါတယ်။
အီဂျစ်နိုင်ငံတွင်း ခရစ်ယာန် ဘုရားကျောင်း ၂ ခုမှာ ဒီကနေ့ ပေါက်ကွဲမှု ဖြစ်တာကြောင့် လူ ၄၀ နီးပါး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့တပ်အင်အားထပ်တိုးပြီး၊ မြောက်ကိုရီးယားနိုင်ငံကို သတင်းစကားပေးတဲ့အနေနဲ့အမေရိကန်ရေတပ်က တိုက်ခိုက်ရေးတပ်ဖွဲ့တခုကို ကိုရီးယားကျွန်းဆွယ်ကို ဦးတည်စေလွှတ်လိုက်ပါတယ်။
ဆီးရီးယား သမ္မတ Bashar al-Assad အာဏာ တည်မြဲနေသမျှ ဆီးရီးယား ငြိမ်းချမ်းရေး ဖြစ်လာမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
၂၀၁၈ ခုနှစ် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲအတွက် အုပ်စုပါတ်လည်ခြေစစ်ပွဲမှာ မြန်မာအသင်းက ဆီးရီးယားအသင်းကို ၁၄ ဂိုး၊ ဂိုးမရှိနဲ့ နိုင်သွားပါတယ် အုပ်စု D မှာပါတဲ့ မြန်မာအသင်းအတွက် ဒုတိယမြောက်အနိုင်ရမှုဖြစ်ပါတယ်။
ရုရှားရဲ့ ခိုင်မာတဲ့မဟာမိတ်ဖြစ်တဲ့ ဆီးရီးယား က အဆိပ်ဓါတ်ငွေ့နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား တရာလောက် သေဆုံးရတယ်လို့ အပြစ်တင်ပြီး ဓါတုလက်နက်နဲ့ တိုက်ခိုက်တဲ့ ဆီးရီးယားကို အမေရိကန်က ပဲ့ထိမ်းတပ် ဒုံးကျည်နဲ့ ပစ်ခတ်လက်တုန့်ပြန်ခဲ့တာဟာ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံဆက်ဆံရေးအတွက် ခြိမ်းခြောက်မှုဖြစ်လာနေပါတယ်။
နိုင်ငံအတော်များများ ပါဝင်လာပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမနဲ့ ခါးပတ်လမ်းမ စီမံကိန်းတွေမှာ မြန်မာနိုင်ငံက ဘယ်လို ပါဝင်လုပ်ဆောင် ပေးနိုင်မယ် ဆိုတာကို လေ့လာနေတယ်လို့ တရုတ်နိုင်ငံကို ၆ ရက်ကြာခရီး သွားရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရ သတင်းတွေမှာ ဖေါ်ပြပါတယ်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ က ဈေးဝယ်စင်တာတခုကို ထရပ်ကားတစင်း ဝင်တိုက်ခဲ့ တာကြောင့် လူ ၃ယောက် ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။
ဓာတုလက်နက်တပ်ဆင်ထားတဲ့ စစ်လေယာဉ် အခြေစိုက်စခန်းအဖြစ် ယုံကြည်ရတဲ့ Shayrat လေတပ်အခြေစိုက်စခန်းကို အမေရိကန်တနိုင်ငံတည်း တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် ဒီလုပ်ရပ်ကို အဓိက မဟာမိတ်ဥရောပနိုင်ငံတွေက ထောက်ခံခဲ့ကြပါတယ်။
အမေရိကန်တပ်တွေဘက်က ဆီးရီးယားအစိုးရတပ်တွေကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေထဲပင်လယ် အရှေ့ဘက်ပိုင်းမှာ တပ်ဖြန့်ထားတဲ့ အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘော USS Ross နဲ့ USS Porter တို့ကနေ သောကြာနေ့ မနက် ဒေသစံတော်ချိန် ၄ နာရီ ၄ မိနစ်မှာ Tomahawk တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ၅၉ ခုကို ပစ်လွှတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်- မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသက မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေနဲ့ လက်လုပ်ဖေါက်ခွဲရေးပစ္စည်း IED တွေ ဖယ်ရှားရေးကို အတူတကွ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်မှုးချုပ် Md Anisur Rahman က ကြာသပတေးနေ့ ၂ နိုင်ငံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံထဲကနေ တရားမဝင် ဝင်ရောက်လာတဲ့ရိုဟင်ဂျာ ၄ သောင်းလောက်ရှိပြီး အကြမ်းဖက်သမားတွေအဖြစ်တိုက်ခိုက်နိုင်အောင် လေ့ကျင့်နေကြတာက စိုးရိမ်စရာဖြစ်တယ်လို့ BJD ပါတီအမတ်တယောက်က အောက်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဂျာမနီနိုင်ငံ Nobiskrug သင်္ဘောကျင်းက တည်ဆောက်ခဲ့တဲ့ ပေ 470 ရှည်တဲ့ ဇိမ်ခံရွက်လှေကြီးကို မြန်မာနိုင်ငံကဖြစ်နိုင်တဲ့ တရားမဝင် ကျွန်းသစ်တွေနဲ့ ဆောက်လုပ်ခဲ့တယ်လို့ ဂျာမန်အစိုးရရှေ့နေက ပြောလိုက်ပါတယ်။
အမေရိကန်မှာရောက်နေတဲ့ တရုတ်သမ္မတ Xi Jinping ကို သမ္မတ Donald Trump က Florida ပြည်နယ်က သူ့ရဲ့ဇိမ်ခံအပန်းဖြေစံအိမ်ကြီးမှာ ကြိုဆိုခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြား ဆွေးနွေးကြမယ့်ထဲမှာ မြောက်ကိုရီးယားကိစ္စနဲ့ ကုန်သွယ်ရေးကိစ္စတွေက အဓိကဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်