တောင်တရုတ် ပင်လယ်တွင်းက လူမနေတဲ့ ကျွန်းတွေကို သိမ်းပိုက်ဖို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က စစ်တပ်ကို အမိန့်ပေးလိုက်တဲ့ အတွက် ပိုင်ဆိုင်မှုအတွက် ကာလကြာရှည် အငြင်းပွားနေတဲ့ တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာ လုပ်ရပ်တခု ဖြစ်လာနိုင်ပါတယ်။
ရုရှားနိုင်ငံ St. Petersburg မြို့က မြေအောက်ရထား ဘူတာရုံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဒီကနေ့ပဲ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သစ်ကို ထိုင်းဘုရင် Maha Vajiralongkornက ဒီကနေ့ အခမ်းအနားနဲ့ လက်မှတ် ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။
တရုတ်နိုင်ငံကို ၆ ရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် သမ္မတဦးထင်ကျော် ဟာ ဒီကနေ့ပဲ မြန်မာနိုင်ငံက ထွက်ခွာသွားပြီး၊ ခရီးစဉ်အတွင်း အခြေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကိစ္စကိုလည်း ဆွေးနွေးလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သမ္မတဒေါ်နယ်ထရမ့် က သူရဲ့နိုင်ငံရေးအကြံပေးအရာရှိချုပ် Stephen Bannon ကို အမျိုးသားလုံခြုံရေးကောင်စီက ဖယ်ရှားလိုက်ပါတယ်။
ဆီးရီးယားအစိုးရရဲ့ မသင်္ကာဖွယ်ရာ ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားသမ္မတ Bashar al-Assad ကို ထောက်ပံ့ပေးမှုတွေအတွက် ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရုရှားနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။
မြောက်ကိုရီးယားက ရေငုပ်သင်္ဘောစခန်းတခု အနီးကနေ ပစ်လွှတ်လိုက်တဲ့ နောက်ဆုံးအကြိမ် မစ်ဇိုင်းဒုံးစမ်းသပ်မှုဟာ၊ အမေရိကန်က လက်ဦးမှုရယူပြီး တိုက်ခိုက်မယ့် အန္တရာယ်နဲ့ တောင်ကိုရီးယားမှာ တပ်ဆင်နေတဲ့ အမေရိကန်ရဲ့ အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ်ကို တန်ပြန်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဆီးရီးယားနိုင်ငံမှာ လူအမြောက်အများ သေဆုံးခဲ့တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေ ထွက်ပေါ်နေချိန်မှာပဲ၊ ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ကျင်းပနေပါတယ်။
India နိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်အတွင်းမြန်မာနိုင်ငံထဲကနေ တရားမဝင် လာရောက်နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နိုင်ဖို့အတွက် ဗဟိုအစိုးရက စတင်ဆောင်ရွက်နေပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ပိုင်ဆိုင်မှုအကြောင်း ဆွေးနွေးဖို့ ၄၈ နာရီအလိုမှာ မြောက်ကိုရီးယား က နောက်ထပ် ပဲ့ထိန်းဒုံးကျည်တစင်းကို ပစ်လွှတ်လိုက်ပါတယ်။
ဆီရီးယားနိုင်ငံမှာ ဓာတုဓာတ်ငွေ့နဲ့လို့ သံသယရှိထားတဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူပေါင်း ၃၅ ဦးသေဆုံးပြီး၊ နောက်ထပ် ဒါဇင်တွေနဲ့ချီ ဒဏ်ရာတွေရခဲ့ပါတယ်။
ရုရှားနိုင်ငံ St. Petersburg မြို့က လူစည်ကားရာ မြေအောက်ဘူတာရုံတခုမှာ မနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ကျုးလွန်သူဟာ Kyrgyzstan နိုင်ငံဖွား Akbarzhon Jalilov ဆိုသူဖြစ်ကြောင်း၊ ရုရှားစုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
သမ္မတ Donald Trump က နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်တင်သွင်းထားတဲ့ Neil Gorsuch ကို အထက်လွှတ်တော် တရားရေး ကော်မီတီက တနင်္လာနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်တဲ့အတွက် ရှေးရိုးစွဲဝါဒီ တရားသူကြီးဖြစ်တဲ့ သူ့အနေနဲ့ ဘဝတသက်တာလုံး တာဝန်ထမ်းဆောင်ခွင့်ရှိမယ့် ဒီရာထူးအတွက် အထက်လွှတ်တော်မှာ အငြင်းပွားဖွယ် ဖြစ်နိုင်တဲ့ မဲခွဲ ဆုံးဖြတ်မှု ပြုလုပ်ကြရတော့မှာပါ။
ရုရှားနိုင်ငံ St. Petersburg မြေအောက်ရထားပေါ်မှာ ဗုံးဖောက်ခွဲခဲ့သူဟာ ဗဟိုအာရှက အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး၊ အသေခံဗုံးခွဲခဲ့တယ်လို့ ယုံကြည်ကြောင်း Russia အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
အီဂျစ်သမ္မတ Abdel Fattah el-Sisi ကိုအမေရိကန်သမ္မတ Donald Trump ကအိမ်ဖြူတော်မှာ တနင်္လာနေ့က တေ့ွဆုံခဲ့ပြီး IS စစ်သွေးကြွတွေကို နှိမ်နှင်းရေးမှာ အီဂျစ်နဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုခဲ့ပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် တရားသူကြီး Neil Gorsuch ကို သမ္မတက ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်မှာ ဒီသီတင်းပတ် အတွင်း အရေးပါတဲ့ မဲခွဲမှုတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံ St. Petersburg မြို့က မြေအောက်ရထားဘူတာရုံမှာ ပေါက်ကွဲမှု ဖြစ်တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး တခြားလူ ၅၀ တို့ ထိခိုက်ဒဏ်ရာရတယ်လို့ ရုရှား အာဏာပိုင်တို့က ပြောပါတယ်။
မကွေးမြို့ပေါ်က ကာရာအိုအေက သီချင်းဆိုခန်းတခုမှာ တနင်္ဂနွေညက ၁၀ နာရီကျော်ကနေ နာရီဝက်ကျော်ကြာအောင် မီးလောင်ကျွမ်းတာကြောင့် စုစုပေါင်း လူ ၁၆ ယောက် သေဆုံးသွား ပါတယ်။
အိန္ဒိယနိုင်ငံ-မြန်မာ နယ်စပ်ဒေသတလျှောက်မှာ နယ်ခြားမှတ်တိုင် စိုက်နိုင်ရေးအတွက် တိုင်းတာမှုတွေ ပြုလုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ နာဂလန်းပြည်နယ်၊ Tuensang ခရိုင် အတွင်းမှာရှိတဲ့ Pangsha ကျေးရွာကောင်စီက ပြည်နယ် ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ရေးသားပေးပို့လိုက်ပါတယ်။
မြောက်ကိုရီးယား ပြဿ နာကို တရုတ်နိုင်ငံက မဖြေရှင်းဘူးဆိုရင် အမေရိကန်ပြည်ထောင် စုက ဖြေရှင်းသွားမယ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်