ဟန်ဂေရီနိုင်ငံမှာ အမေရိကန် ဘီလျံနာသူဌေးကြီး George Soros တည်ထောင်ထားတဲ့ တက္ကသိုလ်တခုကို ပိတ်ပစ်တော့မယ်ဆိုတာကြောင့် ဟန်ဂေရီနိုင်ငံသား ထောင်ပေါင်း များစွာဟာ မြို့တော် Budapest ရဲ့ လမ်းမကြီးတွေမှာ တနင်္ဂနွေနေ့တုန်းက ဆန္ဒပြ ခဲ့ကြပါတယ်။
အင်ဒိုနီးရှားရေပိုင်နက်ထဲ ခိုးဝင်ပြီး ငါးဖမ်းကြတဲ့ ငါးဖမ်းစက်လှေအနည်းဆုံး ၈၁ စင်းကို အင်ဒိုနီးရှားအာဏာပိုင်တွေက စနေနေ့မှာဖေါက်ခွဲ နှစ်မြုပ်လိုက် ပါတယ်။ Joko Widodo သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်ကစလို့ ဖမ်းမိ-ဖျက်ဆီးပစ်ခဲ့တဲ့ နိုင်ငံခြား ငါးဖမ်းစက်လှေပေါင်း ၃၁၇ စင်း ရှိပါတယ်။
လွှတ်တော် အမတ် လွပ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၉ ခု အတွင်း ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ မှာတော့ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အများစု အနိုင်ရပြီး၊ ဒီနောက်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဒုတိယ အများစု အနိုင်ရ ပါတယ်။
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းက မြစ်သုံးစင်း ရေကြီး ရေလျှံပြီး ပြီးခဲ့တဲ့ သောကြာနေ့ ညသန်းခေါင်ယံအချိန် ဒေသခံတွေ အိပ်ပျော်နေချိန် Mocoa မြို့ထဲကို ရေတွေ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တာကြောင့် လူပေါင်း ၂၀၀ လောက် သေဆုံးပြီး အိုးအိမ်တွေ ပျက်စီးခဲ့ရပါတယ်။
ဆီးရီးယားနိုင်ငံနယ်စပ် al-Anbar ဒေသမှာ အီရတ်လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွခေါင်းဆောင် Abu-Bakr al-Baghdadi ရဲ့ ညာလက်ရုံးဖြစ်သူ သေဆုံး သွားတယ်လို့ အီရတ်နိုင်ငံပိုင် ရုပ်သံ သတင်းဌာနက ပြောပါတယ်။
အဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယားသမ္မဟောင်း Park Geun-hye ကိုထောက်ခံသူ ထောင်ပေါင်းများစွာဟာ စနေနေ့က ဆိုးလ်မြို့တော်မှာ စုဝေးခဲ့ကြပြီး သူမကို အကျဉ်းထောင်က ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးူကောက်ပွဲ ကနဦး ရလဒ်တွေအရ မွန်ပြည်နယ် ချောင်းဆုံမြို့ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်ကြည်သိန်း၊ ရခိုင်ပြည်နယ် အမ်းမြို့ မဲဆန္ဒနယ် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ဒေါက်တာ အေးမောင်တို့က အသီးသီး အသာစီး ရနေကြပါတယ်။
Laptop ကွန်ပြူတာတွေထဲမှာ ထည့််ထားနိုင်ပြီး လေဆိပ်လုံခြုံရေးကလည်း ရှာမတွေ့မယ့် ဖောက်ခွဲရေး ပစ္စည်းတွေကို အကြမ်းဖက်အဖွဲ့တွေ စမ်းသပ်နေတယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အရှေ့ဂျားဗားပြည်နယ် ပိုနိုရိုဂိုခရိုင်က ဘာနာရန် ဆိုတဲ့ရွာမှာ မြေပြိုကျခဲ့တာဖြစ်ပြီး၊ အဲဒီမြေပြိုတဲ့အထဲမှာ အိမ် ၃၀ ကျော်ပါသွားခဲ့သလို၊ တောင်ယာစိုက်နေတဲ့ တောင်သူတွေလည်း ပါသွားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ဘေးဒုက္ခကယ်ဆယ်ရေးဌာန ပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတော် အုပ်ချုပ်ရေးတာဝန် ရရှိပြီး တနှစ်အကြာမှာ ကျင်းပတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတော် အုပ်ချုပ်ရေးတာဝန် ရရှိပြီး တနှစ်အကြာမှာ လူထုထောက်ခံမှုအခြေအနေကို ပထမဆုံး ဆန်းစစ်နိုင်မှုလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ကနိုင်ငံတကာထောက်ပံ့ရေးအစီအစဉ်တွေအတွက် ထောက်ပံ့ငွေတွေ ဖြတ်တောက်လိုက်တဲ့အတွက် ကမ္ဘာတဝန်းက အမျိုးသမီးနဲ့ ကလေးတွေ ဒုက္ခရောက်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကသောကြာနေ့က ပြောကြားလိုက်ပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်မောင်တောခရိုင်တွေအပေါ် တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာသူပုန်တွေက ရိုဟင်ဂျာတွေအရေးကို ဒေါ်အောင်ဆန်းစုကြည်က အကာအကွယ်မပေးရင် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာ သမ္မတဟာ တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၆ ရက်ကနေ ၁၁ နေ့အထိ လာရောက်မှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင်တွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မဟာမိတ် နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို တိုးမြှင့်ဖို့ ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း Michael Flynn က သူ့အပေါ် အရေးမယူဘဲ သက်ညှာခွင့်ပြုမယ်ဆိုရင်၊ ရုရှားအစိုးရ အရာရှိတွေနဲ့ သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေကြား ဆက်သွယ်မှုတွေကို လွှတ်တော်က စုံစမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ကမ်းလှမ်းချက်ကို သမ္မတ Donald Trump က ထောက်ခံလိုက်ပါတယ်။
Bangladesh နိုင်ငံ Cox’s Bazar မြို့အနီးက Teknaf ကုန်းတွင်းဆိပ်ကမ်းတခုမှာ မြန်မာစစ်တပ်ရဲ့ ယူနီဖောင်းတွေအပါအဝင် စစ်သုံးပစ္စည်း အမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။
အီရတ် နဲ့ ဆီးရီးယားနိုင်ငံတွေက IS စခန်းတွေမှာ လူသစ်စုဆောင်းတာ နဲ့ ငွေမဲခဝါချတာတွေကို တာဝန်ယူထားတဲ့ အရှေ့တောင်အာရှဒေသက ထင်ရှားတဲ့ IS ခေါင်းဆောင် ၂ ယောက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအာဏာပိုင်တွေက ကြာသပတေးနေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။
တူရကီဟာ အမေရိကန်ရဲ့ ယုံကြည်ရတဲ့မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်ကြောင်း တူရကီနိုင်ငံ Ankara ကို သွားရောက်စဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ အပြီး ကြာသပတေး နေ့မှာ ပြောကြားလိုက်ပါတယ်။
ဖြုတ်အချ ခံခဲ့ရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း Park Geun-hye ကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတွေ ကျူးလွန်ခဲ့တယ် လို့စွပ်စွဲပြီး သောကြာနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်