စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာရရှိနိုင်ဖို့ ပိုမိုခက်ခဲလာနေတဲ့အပြင် ကိုယ်တိုင်လည်းမစိုက်ပျိုးနိုင်ကြတော့တဲ့အတွက် ဒေသခံတွေ ပိုပြီး ကြပ်တည်းလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာက VOA ကို ပြောပါတယ်။
အသွားအလာကန့်သတ်ခံထားရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ နှစ်စဉ်ပွင့်လင်းရာသီရောက်ပြီဆိုရင် ပြည်ပနိုင်ငံတွေကို သွားဖို့ ကြိုးစားလေ့ရှိပြီး၊ မကြာခဏလမ်းခရီးမှာ ဖမ်းဆီးခံရတာ၊ အသက်ဆုံးပါးရတာ ကြုံရလေ့ရှိပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တွေမြို့အနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၃၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ တပ်မတော်ကြည်ညိုပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅-က နဲ့ တရားရုံးတင်စွဲဆိုထားပြီး သောကြာနေ့က အဲဒီ ၂ မှုစလုံးကိုစတင်ကြားနာစစ်ဆေးခဲ့ပါတယ်။
အစားအသောက်တွေမှာလိုက်ရင် ပို့ပေးတဲ့ Starship Technologies နည်းပညာကုမ္ပဏီကထုတ်တဲ့ ရိုဘော့စက်ရုပ်ကလေးတွေကို အမေရိကန်မှာ စတင်အသုံးပြုခဲ့တာကတော့ ၂၀၁၈ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ဒီစက်ရုပ်လေးတွေနဲ့ ကမ္ဘာတဝန်းမှာ စားသုံးသူ စိတ်ကြိုက်မှာသမျှ ပို့ပေးတဲ့အကြိမ်ရေ ၄ သန်းပြည့် သွားပါပြီ။ မခွါညိုက ပြောပြပေးပါမယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက် အင်္ဂါနေ့မှာ ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၈ ထောင်ကျော်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောပါတယ်။ နောက်ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် မရှိမဖြစ်အရင်းအမြစ်တွေ ရှားပါးလာနေပါတယ်။ ရိုက်တာသတင်းတပုဒ်ကိုအခြေခံပြီး မခွာညိုပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စုကိုရောက်ဖို့အမေရိကတိုက်တဝက်လောက်ကို ဖြတ်ပြီး ၄ လလောက်လမ်းလျှောက်ခဲ့ရတာကို နောင်တရမိတယ်လို့ ဗင်နီဇွဲလားနိုင်ငံကကိုယ်ဝန်ဆောင်အမျိုးသမီးတဦးက ပြောပါတယ်။အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားနေတဲ့ သူနဲ့ သူ့အဖော်ကို ဗွီအိုအေရဲ့သတင်းထောက် မေးမြန်းထားတာကို မခွါညိုက ပြောပြပေးမှာပါ။
ကယားပြည်နယ် လွိုင်ကော်မြို့ထဲက ရပ်ကွက်တချို့အပေါ် လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၂ ဦး သေဆုံး ၄ ဦးဒဏ်ရာရရှိထားသလို တချို့ရပ်ကွက်နေရာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြား ပြည်သူတချို့လည်း ပိတ်မိနေပါတယ်။
“နိုင်ငံရေးအပိုင်းမှာ အားနည်းသွားမှာလည်း မလိုချင်ဘူး၊ စစ်ရေးကဏ္ဍက စစ်ရေးကလုပ်နေလိမ့်မယ်ဗျာ၊ သံတမန်ရေးဆိုတာလည်း နိုင်ငံတကာဖိအားပေးမှုတွေ၊ သံတမန်အရေးနဲ့ ပတ်သက်တဲ့အလုပ်တွေ သူတို့ ဆက်လုပ်နေတဲ့အချိန်မှာ ဒီနိုင်ငံရေးတိုက်ပွဲဖြစ်တဲ့ ဒီလမ်းပေါ်ထွက် ဆန္ဒပြခြင်းတွေက ရပ်တန့်သွားလို့မရဘူး။” (ရန်ကုန်ဆန္ဒပြဦးဆောင်သူ)
“သက်ကြီးရွယ်အိုတွေ...မိုးထဲရေထဲမှာ ရွှံ့နဲ့ဗွက်ထဲမှာ သွားရလာရ ပြေးရလွှားရနဲ့ အခက်အခဲတွေ အများကြီးကြုံရပါတယ်ရှင့်။ တချို့တော့ ထမင်းကို နပ်ပေါင်းပြီး တနေ့ကို နှစ်ကြိမ်မဟုတ်တော့ဘဲနဲ့ တကြိမ်ပဲ စားရတဲ့လူတွေလည်း ရှိပါတယ်ရှင့်။ လုံးဝကို မစားရတော့တဲ့လူတွေလည်း ရှိပါတယ်ရှင့်။” (ကျောက်မှော်ရွာခံ)
ဂျာမနီနိုင်ငံဟာ စက်တင်ဘာလ ၂၆ ရက်နေ့ရွေးကောက်ပွဲကနေ ခေါင်းဆောင်သစ် ရွေးချယ်ဖို့ ပြင်ဆင်နေကြပါပြီ။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်လာတာက အစ အတ္တလန္တိတ်သမုဒ္ဒရာ တဘက်တချက်နိုင်ငံတွေကြား ဆက်ဆံရေး ချိန်ခွန်လျှာ ညှိဖို့ကိစ္စတွေ အဆုံး ပထဝီနိုင်ငံရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မခွါညိုက ပြောပြပေးပါမယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တခုမှာ ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ မနေ့ညကလည်း မုံရွာမြို့က Myanmar Beer ဖြန့်ဖြူးတဲ့ရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ စစ်ရေးပါဝင်ပတ်သက်မှုတွေ အဆုံးသတ် သွားခဲ့ ပေမယ့်လည်း တာလီဘန် အုပ်ချုပ်မှုအောက်က အာဖဂန်ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကာကွယ်ပေးဖို့ သံတမန်ရေးနဲ့စီးပွားရေးအရ ရွေးချယ်စရာ နည်းလမ်းတွေ ရှိနေသေးတဲ့အကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။ မခွါညိုက ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ရန်ချီမြို့ထဲက ရွာလေးဟာ တရွာလုံး ဆေးဘက်ဝင် သျှားစောင်းလက်ပတ်ပင်တွေကိုပဲ စီးပွါးဖြစ် စိုက်ပျိုးကြပါတယ်။ အမျိုးသမီးတွေ စိုက်ပျိုးရေးလုပ်ငန်းမှာ အဓိက ပါဝင်တဲ့ အဲဒီရွာကလေးကို သျှားစောင်းလက်ပတ်ရွာလို့ အမည်တွင်နေတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်ကို မခွါညိုက ပြောပြပေးပါမယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် အခုရက်ပိုင်း ကျလာပေမယ့် မြို့အနေအထားအရ သေဆုံးသူ များနေတုန်းပဲလို့ ပရဟိတ အကူအညီပေးနေသူတွေကပြောပါတယ်။ ကချင်ပြည်နယ်ဘက်က တချို့ဒေသတွေမှာတော့ ကိုဗစ်ကပ်ရောဂါကူးတယ်ဆိုတာ လူမသိစေချင်ကြတဲ့ အခက်အခဲတွေကို ကိုဗစ်အကူအညီပေးသူတွေ ကြုံနေကြရပါတယ်။
အာဖဂန်နစ္စတန်ကို ထိန်းချုပ်လိုက်တဲ့ တာလီဘန်တွေက အာဖဂန် အမျိုးသမီးအခွင့်အရေးတွေကို လေးစားပါ့မယ်လို့ ကတိပေးနေပေမယ့်လည်း အမျိုးသမီးတွေကတော့ တာလီဘန်တွေ လက်ထဲကျ ရောက်မယ့် သူတို့ဘဝရှေ့ရေးအတွက် ရတက်မအေးဖြစ်နေကြပါတယ်။
အာဖဂန်နစ္စတန်ကို ထိန်းချုပ်လိုက်တဲ့ တာလီဘန်တွေက အာဖဂန် အမျိုးသမီးအခွင့်အရေးတွေကို လေးစားပါ့မယ်လို့ ကတိပေးနေပေမယ့်လည်း အမျိုးသမီးတွေကတော့ တာလီဘန်တွေ လက်ထဲကျ ရောက်မယ့် သူတို့ဘဝရှေ့ရေးအတွက် ရတက်မအေးဖြစ်နေကြပါတယ်။ မခွါညိုက ပြောပြပေးပါမယ်။
ကိုဗစ်ရောဂါဆိုင်ရာ ကန့်သတ်ချက် ပိုတင်းကြပ်လာလို့ မြို့ခံတွေ စားဝတ်နေရေး အခက်ကြုံနေရပါတယ်
အာဖဂန် မဟာမိတ်တွေကို သြဂုတ်လ ၃၁ ရက်နောက်ပိုင်းမှာ အာဖဂန်ကနေ ကယ်ထုတ်နိုင်မယ့် အလားအလာ မသေချာဘဲဖြစ်နေတာကြောင့် ထောင်ပေါင်းများစွာသော အမေရိကန်တွေနဲ့ အာဖဂန်နိုင်ငံသားတွေကို နိုင်ငံထဲကနေ ကယ်ထုတ်နိုင်ရေး အပြင်းအထန် ကြိုးစားနေရပါတယ်။ မခွါညိုက ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာအစကတည်းကကျန်းမာရေးစောင့်ရှောက်မှုစနစ်တကျမရှိချွတ်ယွင်းနေတဲ့အထဲစစ်ကောင်စီကအာဏာသိမ်းထားတဲ့အချိန်ကြုံလာရတဲ့ကိုဗစ်တတိယလှိုင်းရဲ့ဒဏ်ကိုအကြီးအကျယ်ခံစားနေကြရပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုနဲ့စောင့်ရှောက်မှုအနေအထားတွေပိုပြီးယိုယွင်းပျက်စီးလာနေတဲ့အကြောင်းAPသတင်းကိုအခြေခံပြီးမခွာညိုကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ အစကတည်းက ကျန်းမာရေးစောင့်ရှောက်မှုက စနစ်တကျ မရှိ ၊ ချို့ယွင်းနေရတဲ့အထဲ စစ်ကောင်စီက အာဏာသိမ်းထား လိုက်ချိန်မှာဖြစ်လာတဲ့ ကိုဗစ်တတိယလှိုင်းရဲ့ဒဏ်ကို ပြည်သူတွေ အကြီးအကျယ် ခံစားနေရပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုနဲ့ စောင့်ရှောက်မှုအနေအထား ပိုပြီး ယိုယွင်းပျက်စီးလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်