စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ဒီကနေ့ မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ ခက်ခဲနေကြသလို ဆောင်းရာသီရောက်လာတာကြောင့် စောင် နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ကိုးကန့် ( MNTJP/ MNDAA) ၊ တအာင်း(PSLF/ TNLA) နဲ့ ရက္ခိုင် ( ULA/AA ) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့မှာတော့ စခန်းပေါင်း ၉၀ ခန့် သိမ်းယူရရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူတွေရဲ့ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရတာတွေ ရှိနေတယ်လို့ ပြည်ပရောက် မြန်မာတွေက ပြောပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်၊ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖိလစ်ပိုင်မှာ ပထမဆုံးအကြိမ် တိုင်ကြား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား စစ်ရေး တင်းမာနေပြီး အရပ်သား သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။ ပေါက်မြို့နယ် တောင်ပိုင်းမှာလည်း စစ်တပ်က အစားအစာနဲ့ ဆေးဝါး သယ်ယူခွင့်တွေ တားမြစ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။
ကနေဒါနိုင်ငံမှာတော့ ဉာဏ်ရည်တု နည်းပညာ AI သုံးပြီး ပန်းချီဆွဲတတ်ဖို့ စက်ရုပ်လက်တွေကို သင်ပေးနေ၊ အသက် ၉၂ အရွယ် အိန္ဒိယ အဖွားအို အသက် ၇ နှစ်ကလေးတွေနဲ့အတူ မူလတန်းကျောင်း တက်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကချင်၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ပြော၊ တရုတ် ခါးပတ်လမ်း BRI စီမံကိန်း မြန်မာပါဝင်နိုင်မှု အနေအထား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
နာမည်ကျော်သရဲကားထဲက ဇာတ်ကောင် Chucky အရုပ် မက္ကဆီကိုမှာ ရဲဖမ်းခံရ၊ ပေါင် ၃၀၀၀ နီးပါး လေးတဲ့ ကမ္ဘာ့အလေးဆုံး ရွှေဖရုံသီး စံချိန်သစ် တင်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လိုင်ဇာအနီး စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှု စစ်ကောင်စီငြင်းဆို၊ အစ္စရေးရောက် မြန်မာတွေရဲ့ လုံခြုံရေး၊ အပြင် ပဲခူးရေဘေး ကူညီကယ်ဆယ်ရေး လုပ်နေရဆဲ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အောက်တိုဘာလ ၁၁ရက်ကနေ ၁၃ရက်အထိ စွမ်းအင်ဖိုရမ်ကို မြန်မာစစ်ကောင်စီ စွမ်းအင်ဌာနဝန်ကြီး တက်ရောက်နေပြီး ရုရှား-မြန်မာ နှစ်နိုင်ငံကြား ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနတခုက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတက်လာတဲ့အတွက် ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရေနစ်မြုပ်နေသလို ဒေသခံ ၅ ထောင်ထက်မနည်းလည်း ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဂျပန်မှာ သိပ္ပံကာတွန်းထဲကလို လူစီးထိန်းချုပ်နိုင်တဲ့ ဧရာမစက်ရုပ်ကြီးကို ဒေါ်လာ ၃ သန်းနဲ့ ရောင်း၊ မွန်တီနီဂရိုးနိုင်ငံမှာ မွှေ့ယာပေါ် နားနားနေနေ လဲလျောင်းပြီး စံချိန်ချိုးနိုင်ဖို့ အပျင်းထူပြိုင်ပွဲကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂ ကြိုးပမ်းမှုတွေ အောင်မြင်မှု မရှိကြောင်း ဝေဖန်၊ အင်ဒိုနီးရှား မြန်မာစစ်ကောင်စီကို လက်နက်မရောင်းလို့ ငြင်းဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောြပပေးပါမယ်။
မန္တလေးနန်းတော်ရဲ့ တောင်ဘက် စိတ္တရမဟီရပ်ကွက်ထဲကို ဒီနေ့ တနလ်ာနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးကျည်ဆံ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နချုပ်ရှိရာ မန္တလေးနန်းတော်ရဲ့ ပတ်ဝန်းကျင် မြို့နယ်တွေကို စစ်ကောင်စီက လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားလိုက်ပါတယ်။
နိုင်ငံတကာပါ ရိုက်ခတ်တဲ့ မြန်မာအခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ နှိမ်နင်းရေး၊ မြန်မာ့အရေး ICC ကိုင်တွယ်ဖို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရဲ့ တိုက်တွန်းချက် စစ်ကောင်စီပယ်ချ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ယာယီနယ်စပ် ဖြတ်သန်းခွင့်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ကိုသွားဖို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ရောက်လာသူတွေ အများအပြား ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ သောင်တင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကနေ တရုတ်လျှပ်စစ်ကားတွေ အများအပြား ဝင်လာဖို့ အလားအလာ ရှိနေတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။
ဂျော်ဒန်နိုင်ငံမှာ အင်ဂျင်မပါတဲ့ ဒီဇိုင်းဆန်းကားပြိုင်ပွဲကို ကျင်းပ၊ ဂျာမနီနိုင်ငံက ကလေး ၂ ယောက် အမေ ခရု ပက်ကျိအကြောင်း မျှဝေရင်း အွန်လိုင်းမှာ နာမည်ကြီး၊ စကော့တလန်နယ်မှာ ဒဏ္ဍာရီထဲက ရေနဂါးကြီး ရှာဖွေပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေကို မကျေနပ်ရာက အစာငတ်ခံ ဆန္ဒပြနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ထောင်တွင်းဖိနှိပ်မှုတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့လည်း ထောင်အနီး တက်ကြွလှုပ်ရှားသူတချို့က ဆန္ဒပြခဲ့ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်