အကြမ်းဖက် အစွန်းရောက် ဝါဒီအဖွဲ့တွေက တိုက်ပွဲတွေမှာ ကလေးတွေကို အသုံးပြုမှု ကြီးထွားလာနေပြီး နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ အခြေအနေ တရပ် ဖြစ်လာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းလိုက်တဲ့ ကလေးငယ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တကား ကျေးရွာ အနီးက နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN-K ဌာနချုပ် စခန်းကို မြန်မာ စစ်တပ်က သိမ်းပိုက်ထားပြီး သူပုန်တွေကို အိန္ဒိယဘက် တိုက်ထုတ်လိုက်ပြီလို့ အိန္ဒိယ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေမှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ အစိုးရကို ဦးဆောင်ပြီးတော့ ဖွဲ့ စည်းသွားမယ်။
စပါးဈေးက မြင့်နေတာပေါ့။ ဆန်ကြမ်း စပါးဈေးက ၆သိန်းနီးပါး ဖြစ်နေတာ့။ သင်္ဘောတင်တဲ့ သူတွေက တွက်ခြေမကိုက်ဘူးပေါ့။
မြန်မာနိုင်ငံမှာလည်း HIV/ AIDS အရေးတုံ့ပြန်ဆောင်ရွက်မှုက သိသိသာသာ တိုးတက်လာပေမယ့် ကူးစက်မှုတွေ ထပ်ပြီး ရှိနေသေးတာကြောင့်မြန်မာ အစိုးရဘက်ကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တိုးမြှင့်လုပ်ဆောင်ပေးဖို့လိုအပ်။
တိုင်းရင်းဒေသ တိုက်ပွဲတွေဟာ ငြိမ်းချမ်းမလာဘဲ ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေတာနဲ့ အတူ သောင်းနဲ့ချီတဲ့ စစ်ပြေးစစ်ရှောင် ဒုက္ခသည်တွေလည်း ထပ်ပြီး တိုးလာနေပါတယ်။
ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ်က ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်း ဆက်ပြီး ဂုဏ်ပြုစကားပြောတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။
လွှတ်တော်အမတ်နေရာအများစု အနိုင်ရရှိနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သမ္မတက ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။
“အမေရိကန် သမ္မတ ဘက်က ကျနော်တို့ရဲ့ နိုင်ငံမှာ သမိုင်းတွင်မယ့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်တဲ့ အတွက်ကြောင့်မို့လို့ သမ္မတကြီးနဲ့ အစိုးရ အဖွဲ့ကို ချီးကျူး ဂုဏ်ပြုတဲ့ အကြောင်း ပြောပါတယ်။”
"လွှတ်တော်ရွေးကောက်ပွဲ ကနေထွက်ပေါ်လာတဲ့ အနိုင်အရှုံး ရလဒ်တွေက ခိုင်မာတဲ့ဒီမိုကရေစီ စနစ် တရပ် ပေါ်ပေါက်လာဖို့ အာမခံချက် ပေးနိုင်ပါပြီလား"
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအနိုင်ရသူတွေကို ဆက်တိုက်ဆိုသလို ကြေညာနေတာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အများစု အနိုင်ရရှိနေပါတယ်။
ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲလွန်ကာလ မဲရေတွက်မှု၊ အနိုင် အရှုံးစောင့်ကြည့်နေဆဲနဲ့ အနိုင်ရကိုယ်စားလှယ်တွေအကြောင်း စုစည်းတင်ပြပေးထားပါတယ်။
ရှမ်း၊ ကချင်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ရွေးကောက်ပွဲအလွန် ကြုံလေ့ရှိတဲ့ ကန့်ကွက်မှု၊ မဲပေးမှုအခြေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အနိုင်အရှုံး ယေဘုယျခန့်မှန်းချက်တွေကို စုစည်းတင်ပြထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်း အလိုမှာ နိုင်ငံတဝန်း မဲရုံတွေ ဖွင့်လှစ်ဖို့၊ မဲလက်မှတ်တွေ ဖြန့်ဝေဖို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်တွေ ပြင် ဆင်နေကြပါပြီ။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ အဆင်မပြေသူတွေ ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ ကြိုတင်မဲတွေ နိုင်ငံတဝန်းမှာ စတင်ပေးနေကြပြီဖြစ်ပါတယ်။
ရွေးကောက်ပွဲ နီးကပ်လာချိန် ရှမ်းပြည်တလွှားတိုက်ပွဲတွေအရှိန်မြင့်လာပြီး ထောင်နဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ထွက်ပြေးနေကြရတာကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရမယ့်အရေးနဲ့တရားမျှတမှုအပေါ် စိုးရိမ်ချက်တချို့ ရှိနေပါတယ်။
ပြစ်မှုကျူးလွန်သူတွေကိုက ကျူးလွန်တာ အထမြောက်တယ်ဆိုရင်တော့ ၁ နှစ်ဖြစ်မယ်။ မဟုတ်မမှန် တိုင်ကြားတယ်ဆိုရင် သူက အပြစ်ဒဏ် ၃ နှစ်အထိရှိတယ်။ အဲဒါ ပုဒ်မတခုပါ။
တိုင်းရင်းသား လက်နက်ကိုင်တချို့နဲ့ မြန်မာအစိုးရတို့ကြား အပစ်ရပ်ရေး စာချုပ် လက်မှတ်ရေးထိုးတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေ အဖြစ် လက်မှတ်ထိုးပေးဖို့ နှစ်ဘက်တို့က လိုလားနေကြပါတယ်။
ပြည်သူတွေ နှစ်ပေါင်းများစွာရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုက ချက်ချင်းလွတ်မြောက်ဖို့ အာမ မခံနိုင်ပေမယ့် ပွင့်လင်းမြင်သာတဲ့အစိုးရဖြစ်ရေးကို အာမခံနိုင်တယ်လို့ ကချင်ပြည်နယ်စည်းရုံးရေးခရီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်