စစ်ရေးသတင်းတွေ ပွင့်လင်းမြင်သာအောင် ထုတ်ပြန်ဖို့ တပ်မတော်ကိုယ်စားလှယ်တွေကို သတင်းထောက်တွေက တောင်းဆိုခဲ့ကြပေမဲ့ တပ်မတော်ဘက်ကတော့ တိကျတဲ့ အဖြေ မပေးနိုင်ခဲ့ပါဘူး။
ရေဘေးသင့် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး နဲ့ ဧရာဝတီတိုင်းတို့မှာ မဲစာရင်း စိစစ်မှုတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ မဲစာရင်း ကြေညာမယ့် ရက် ထပ်တိုးပေးမယ် လု့ိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲ ဆိုင်ရာ မသမာမှုတွေ ကို ရဲအရေးပိုင်တဲ့ အမှုနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုတွေကို သီးသန့်ဆီ ခွဲခြား တိုင်ကြားကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြောဆို လိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မူဝါဒတွေကို တနလာၤနေ့မှာ ပြောဆိုတာမှာတော့ တပ်မတော်ရဲ့အခန်းကဏ္ဍကို အထူးတလည် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တချို့နဲ့ ငြိစွန်းပြီး ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်းတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာ ရေလုပ်သားတွေ ကို နိုင်ငံသား စိစစ်ပြီး ဌာနေပြန်ပို့ပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ပြောဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို မီဒီယာတွေနဲ့ စကားပြောဆိုခွင့် ပိတ်ပင်ထားတယ်ဆိုတာ မဟုတ်ဘူးလို့ ပါတီက တရားဝင် ပြောပါတယ်။
ရွေးကောက်ပွဲ နောက်ဆုံးပြင်ဆင်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပေးပြီး အမှားရှိရင် ၁၄ ရက်အတွင်း အကြောင်းကြားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။
ပြည်နယ်တခုရဲ့ အခွင့်အရေး တိုင်းရင်းသားမျိုးနွယ်စုတခုရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့်ကို မဆောင်ရွက်နိုင်ပဲ ချွတ်ခြုံကျသွားတာဟာ ပြည်ထောင်စုကို တလွဲဆံပင် အုပ်ချုပ်ခဲ့တာဖြစ်လို့ ကိုယ့်အမျိုးသားပြည်နယ်တွေကို ကိုယ်ဘာသာ တည်ဆောက်ရမယ်။
နိုင်ငံရေးအခင်းအကျင်းသစ်မှာ လူငယ်မျိုးဆက်သစ် အနေနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု သြဇာလွှမ်းမိုးခံရမှု လျော့ပါးသွားဖို့ လိုအပ်ပြီး မဲဆန္ဒရှင်တွေရဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်မယ့် ပါတီ မူဝါဒကောင်းတွေ ရှိဖို့လည်း လိုအပ်
ဒက္ခိဏသီရိမဲဆန္ဒနယ်ကယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်မှု စည်းမျဉ်းချိုးဖောက်တယ်-ဆိုတဲ့စွဲချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံကို တိုင်ကြားခံထားရပါတယ်။
ပြည်နယ်နဲ့ခရိုင် ရွေးကောက်ပွဲကော်မရှင်တွေကနေ ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း တချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။
“ကျနော်တို့က မနှစ်ကတော့ ၁.၃ သန်း တင်ပို့နိုင်ပြီးတော့ ဒီနှစ်မှာတော့ နှစ်သန်းနီးပါးပို့နိုင်မယ် မှန်းတာပေါ့နော်။ အခုကတော့ ကျနော်တို့မြင်တာတော့ ၁ သန်း ကနေ ၁ သန်းခွဲကြားလောက်ပေါ့နော်။ အဲလောက်ဘဲ တင်ပို့နိုင်မယ်ထင်ပါတယ်။” ( မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း)
ရာသီဥတု ပြောင်းလဲမှု အပေါ် မြန်မာ အစိုးရဘက်က အရေးယူ လုပ်ဆောင် ဖို့ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ကြေညာ စာတမ်းကို ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလညီလာခံ ကျင်းပချိန်မှာ တင်သွင်းနိုင်ဖို့ ပြည်တွင်း လူမှု အဖွဲ့အစည်းတွေ ပြင်ဆင်နေကြ ပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ ပါတီ စည်းရုံးရေး လုပ်ငန်းတွေကို ဥပဒေကြောင်း အရ တားမြစ်ဖို့ ကြိုးစားတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကြမ်း အပေါ် လွှတ်တော် ၂ ရပ်တို့ သဘောကွဲနေတာကြောင့် အတည်မပြုနိုင် ဖြစ်နေပါတယ်။
ပြည်တွင်း နိုင်ငံရေး အလှုပ်အခတ်နဲ့ ပို့ကုန်တင်ပို့မှု ပိတ်ပင်ချက် တချို့ကြောင့် အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ထက်တက်သွားပြီး ကြာသပတေးနေ့မှာ အမေရိကန် တဒေါ်လာ ၁၃၀၀ ကျပ်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ရေဘေးဒဏ်ခံနေရသူ လူပေါင်း ၄ သိန်းတို့အတွက် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှု လိုအပ်နေတယ်လို့ တိုင်းဒေသကြီး အစိုးရက ပြောပါတယ်။ ဒါ့အပြင် လယ်ဧက ၃ သိန်းကျော် ရေဘေးသင့်နေမှုကနေ ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီတွေ လိုအပ်မယ့် အကြောင်း ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို အရေးပေါ် အစည်းအဝေးခေါ် ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့ နောက်မှာတော့ သူရ ဦးရွှေမန်းနဲ့ ပုဂ္ဂိုလ်ရေး နီးစပ်သူ လို့ အများက ထင်မြင်ယူဆထားတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း သူမရဲ့ ရှမ်းပြည်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ရေဘေးသင့် ဒေသတချို့ကို ပြန်လည်ထူထောင်ဖို့ မြန်မာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို သမ္မတက ညွှန်ကြားတာဟာ ပြည်သူလူထုကို စော်ကားသလိုဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးက ဝေဖန်ထောက်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်