လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၈၀ နီးပါးတို့က ကိုယ်စားလှယ်လောင်း ၄,၀၀၀ လောက် တင်သွင်းထားပြီးဖြစ်ပေမယ့်အဓိက အတိုက်အခံ NLD ပါတီဘက်ကတော့ ကိုယ်စားလှယ်လောင်း အပြီးသတ် မတင်သွင်းနိုင်သေးဘဲ အပြောင်းအလဲတွေရှိနေဆဲ ဖြစ်ပါတယ်။
လူပေါင်း သိန်းနဲ့ချီပြီး ရေဘေးသင့်နေတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ကျင်းပနိုင်ရေး အပေါ်မှာ နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြပါတယ်။
"အထိရောက်ဆုံး ကျမတို့အတွက် အရေးကြီးဆုံး အကူအညီ တခုကတော့ မှန်ကန်တဲ့ သတင်း အချက်အလက် တွေ ရဖို့ပါပဲ။ ဘယ်နေရာတွေမှာ ဘယ်လို အခက်အခဲတွေဖြစ်နေတယ်။ ဘယ်လိုအကူအညီတွေ လိုနေတယ်ဆိုတာ ကျမတို့ သိဖို့လိုပါတယ်။ အဲ့လိုသိမှသာလျှင် တကယ်လိုအပ်တဲ့ နေရာကို လိုအပ်တဲ့ အကူအညီတွေ ပို့နိုင်မှာဖြစ်ပါတယ်။"
အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လာမယ့် ရွေးကောက်ပွဲ အတွက် ပါတီရဲ့ အမတ်လောင်းတွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် လာခဲ့ပြီးနောက် မှာတော့ ရွေးချယ်ထားပြီးသား ကိုယ်စားလှယ်လောင်း ၅ နေရာကို ပြန်လည် ပြင်ဆင်မယ် လို့ ပြောဆိုလိုက်ပါတယ်
မြန်မာပြည်သူ ၂ သိန်းကျော် ရေဘေးတွေ့နေပြီး ၄၆ ဦးတို့လည်း သေဆုံးခဲ့ရတယ်လို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့က ပြောထားပြီး ပြည်နယ်နဲ့တိုင်း ၄ ခုမှာ အရေးပေါ် အခြေအနေကြေညာပြီး တနိုင်တပိုင်ကယ်ဆယ်ရေး လုပ်နေပေမယ့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာကြောင့် ဘေးတွေ့ရာဒေသအားလုံးကို ရောက်ဖို့ အခက်အခဲ ဖြစ်နေကြဆဲပါ။
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံတဝန်းက အကျဉ်းသား ၇ ထောင်လောက် လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သတင်းသမား တချို့နဲ့ တက်ကြွ လှုပ်ရှားသူ အနည်းငယ် ပါဝင်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်းမှာ မလွတ်မြောက်ဘဲ ကျန်နေသေးတယ်လို့ လွတ်မြောက် လာသူတို့က ပြောဆိုကြပါတယ်၊
" တွေ့ဆုံဆွေးနွေးပွဲလုပ်ပြီးတော့ အပစ်အခတ်ရပ်စဲရေး NCA လုပ်နေတဲ့ကိစ္စမှာ ဒီအတိုင်းဆိုရင်တော့ ယုံကြည်မှုက ပျက်ပြားပြီးတော့မှ ဘယ်လောက်ပဲ အပြောကောင်းကောင်း စာရွက်ထဲမှာပဲ ရှိနေတဲ့ စာချုပ်မျိုးဆိုရင် သိက္ခာလည်းမရှိဘူး။ သူတို့က ဆင်ခြေဆင်လက်တွေ အများကြီးပေးလိမ့်မယ် ထုံးစံအတိုင်းပဲ။ အဲ့တာမျိုးတွေဟာ မမှန်ဘူး။"
သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တို့ကို စီးပွားကူးသန်း ဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံတဲ့ တနလာၤနေ့မှာပဲ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း သိသိသာသာ ထပ်ပြီး တက်သွားတာကြောင့် ဈေးကွက်အတွင်း ရောင်းသူမရှိ ဖြစ်သွားခဲ့ပါတယ်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ ပါတီဝင်တွေအပြင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုပါ ဖိတ်ခေါ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပြီး ၈၈ က ဦးကိုကိုကြီးနဲ့ ပညာရေးဥပဒေအတွက် ဆောင်ရွက်နေတဲ့ ဒေါက်တာသိန်းလွင်တို့ NLD က ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ပြီးဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့ကြသူတွေ မဲပေးခွင့်ရမှာ မဟုတ်တော့တာကြောင့် ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းက မူဆလင်တွေ အများစု မဲပေးပိုင်ခွင့် ဆုံးရှုံးမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
ရန်ကုန်မြို့အနောက်ဘက်ခြမ်း ဧက ၃ သောင်းပေါ်မှာ တည်ဆောက်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဆိုပြုတင်ဒါတွေကို တစောင် ကျပ် ၅ သောင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စတင်ရောင်းချနေပြီဖြစ်ပါတယ်။
ကုလသမဂ္ဂ ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ OPCW မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုး သဘောတူလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံဟာ ဓာတု လက်နက် ကင်းစင်တဲ့ နိုင်ငံ အဖြစ် နိုင်ငံတကာကို သက်သေပြဖို့ စစ်ဆေးခံဖို့လည်း အဆင်သင့် ဖြစ်နေပြီလို့ မြန်မာအစိုးရကပြောဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲမှုမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြင်ဆင်ချက် အားလုံးနီးပါးကို ပယ်ချခဲ့ တာကြောင့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်မယ့် အနေအထား မရှိတော့ဘူးလို့ လွှတ်တော် အမတ်တွေက ပြောဆိုလိုက်ပါတယ်။
"အန်တီတို့ ကိုယ်စားလှယ်တွေက NLD ရဲ့ ရပ်တည်မှုကို ပြည်သူသိအောင် ဖော်ပြနိုင်တဲ့ အခွင့်အရေးရခဲ့တယ်။ ကျေနပ်တယ်။ အဲ့တော့ ဒီဟာကိုလည်း ရှုံးတယ်လို့ သဘောမထားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရှုံးတယ် နိုင်တယ်ဆိုတာ တကယ်တော့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်သူ့ကို မှန်တယ်လို့ မြင်လည်း ဆိုတာအပေါ်မှာပဲ မူတည်ပါတယ်။"
မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သားကို ဒီကနေ့မှာ ပြန်လည်လွှဲပြောင်းပေးဖို့ စီစဉ်ထားတဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။
ဒေသတွင်း ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ကြမယ့် CLMV နဲ့ ACMECS ထိပ်သီး ဆွေးနွေးပွဲတွေအတွက် ဒီကနေ့မှာ နေပြည်တော်မှာ စတင်ဆွေးနွေးနေကြပြီး နေပြည်တော် ကြေညာချက်အပါအဝင် ဒေသတွင်းဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေ၊ လုပ်ငန်းရှင်ကြီးတွေနဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့လည်း ရှိပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ မဖြစ်မနေကျင်းပနိုင်ဖို့ နိုင်ငံ့တည်ငြိမ်ရေးကို သတိထားကြဖို့နဲ့ NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေ အဂတိလိုက်စားမှု လုံးဝကင်းရှင်းစေဖို့ ပိုင်ဆိုင်မှုတွေကို ကြေညာရမယ့်အကြောင်း ပါတီရဲ့ ပဉ္စမအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။
Nobel ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ အသက် ၇၀ ပြည့်မွေးနေ့မှာ မြန်မာပြည်သူ လူထုနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးကို ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံအကျိုးရှိစေမယ့် နိုင်ငံရေးဖြစ်အောင် ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင်းက ဖမ်းဆီးရမိတဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ဘင်္ဂလားဒေရှ့် နိုင်ငံထံ မလွှဲပြောင်းနိုင်သေးဘဲ ကျန်ရှိနေသေးတဲ့ ၅၀ ထဲက တချို့ကို ဘင်္ဂလားဒေရှ့် အစိုးရဘက်က ထပ်မံလက်ခံလိုက်တာမို့ သောကြာနေ့မှာ ပြန်လည် ပို့ဆောင်ဖို့ စီစဉ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာဈေးနှုန်း တရှိန်တိုးတက်လာတဲ့အပေါ် ဗဟိုဘဏ်ဘက်က အရေးယူလုပ်ဆောင်မှုနည်းတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်