ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး စာချုပ်ဖြစ်တဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEPမှာ မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ်လက်မှတ်ရေးထိုးလိုက်ပါတယ်။ မြန်မာနိုင်ငံကထုတ်ကုန်တွေတင်ပို့ရောင်းချနိုင်ရေး အတွက် ပြင်ဆင်ရမယ့်ကိစ္စတွေကိုစီးပွားရေး လုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းနဲ့ မသိင်္ဂ ီထိုက် မေးမြန်းထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းမြို့ ကန်ဒါဟာမှာ ဆေးစွဲသူ ၃ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီလို ဆေးစွဲသူတွေ အရေအတွက် တိုးလာနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆေးဖြတ်ချင်သူတွေ ရှိပေမဲ့လည်း မြို့က အကူအညီ မပေးနိုင် ဖြစ်နေကြောင်း မသိင်္ဂ ီထိုက် ပြောပြမှာပါ။
ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး စာချုပ်ဖြစ်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP - အာဆက်ပ် မှာ မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဗြိတိန် Oxford တက္ကသိုလ်နဲ့ AstraZeneca တို့ စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ကနဦး စမ်းသပ်မှုတွေ အတွင်း အောင်မြင်မှု ရှိတဲ့ ရလဒ်တွေ ရှိနေပါတယ်။ ဒီကာကွယ်ဆေးက ကမ္ဘာတလွှားကို မြန်မြန် ဖြန့်နိုင်မယ့် အနေအထားရှိကြောင်း Henry Ridgwell က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။
အာဖရိကတိုက် ဂါနာနိုင်ငံက အမျိုးသမီး သီးသန့် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ Ladybird Logistics ဟာ ၂ နှစ် အတွင်း ကုန်တင်ကား အရေအတွက် ၄ ဆတိုးလာပြီး ကုန်ကားမောင်းသူလည်း ၃ ဆ တိုးလာပါတယ်။ ဂါနာနိုင်ငံ Takoradi မြို့ကနေ Stacey Knott ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
Blackfeet Boxing: Not Invisible မှတ်တမ်း ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံ Montana ပြည်နယ် Browning က Blackfeet ဌာနေတိုင်းရင်းသား အမျိုးသမီးတွေအကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ရေး လက်ဝှေ့ သင်ယူကြတဲ့ အကြောင်း ရိုက်ထားတာပါ။ ဗွီအိုအေ သတင်းထောက် Penelope Poulou ရဲ့ ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုတွေကို ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။ လအနည်းငယ် ကြာလာချိန် လတ်တလော စစ်တမ်းတွေအရလူမည်းတွေရဲ့ အသက်ကိုလည်း တန်ဖိုးထားပါ ဆိုတဲ့ Black Lives Matterကိုထောက်ခံမှု အေးလာပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပါမယ်။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကာလ အတွင်း ရုံး မတက်ဘဲ အိမ်ကနေ အလုပ်လုပ်ကြတဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေဟာ လူနေထူထပ်တဲ့ မြို့ကြီးတွေကို စွန့်ခွာပြီး လူဦးရေ ကျဲတဲ့ တောင်ပေါ် ဒေသတွေနဲ့ ပင်လယ်ကမ်းခြေတွေဆီကို ရွှေ့ပြောင်း အလုပ်လုပ်နေကြပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
Covid 19 အလွန်ကာလမှာ အခင်းအကျင်း ပြောင်းသွားမယ့် စီးပွားရေး အတွက် နိုင်ငံတွေ အနေနဲ့ လုပ်ငန်းသစ်တွေ ကဏ္ဍသစ်တွေ ပြောင်းရွှေ့ ပြင်ဆင်ဖို့ လိုအပ်ပြီလို့ ကမ္ဘာ့ဘဏ် ဥက္ကဌက အရှေ့အာရှ ထိပ်သီး ညီလာခံမှာ သတိပေးလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါအဝင် ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။
တပ်မတော်နဲ့ ပေါင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ အဓိက အတိုက်အခံ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက တောင်းဆိုလိုက်ပါတယ်။ တပ်မတော်ဘက်ကတော့မှတ်ချက် မပေးသေးပါဘူး။ ကော်မရှင်ဘက်ကတော့ အငြင်းပွားမှုတွေကို ဥပဒေ အတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ မသိင်္ဂ ီထိုက်တင်ပြပေးမှာပါ။
မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အတွက် တောင်ကိုရီးယားရဲ့ Korea Land & Housing Corporation of the Republic of Korea (LH) ကို ကမ္ဘာ့ဘဏ် အဖွဲ့ဝင် ဖြစ်တဲ့ MIGA လုပ်ငန်းကြီးက အာမခံ ပေးလိုက်ပါတယ်။
အမေရိကန် အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဌာနကြီးတွေက ပုဂ္ဂလိက ရှေ့ဆောင် ရင်းနှီးမြှုပ်နှံမှုတွေကနေ တဆင့် အာဖရိကရဲ့ စီးပွားရေး နယ်ပယ်မှာ ဒေါ်လာ သန်းပေါင်း သောင်းနဲ့ချီပြီး ထည့်ဝင်ပေးနေပါတယ်။
ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ NLD ပါတီက အများစု အနိုင်ရနေပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေက ရှေ့လုပ်ငန်းစဉ်တွေကို ကြေညာနေချိန်မှာဘဲ အတိုက်အခံ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ဒီရလဒ်တွေက တရားဝင် မဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ NLD ပါတီက အများစု အနိုင်ရနေပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေက ရှေ့လုပ်ငန်းစဉ်တွေကို ကြေညာနေချိန်မှာဘဲ အတိုက်အခံ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ဒီရလဒ်တွေက တရားဝင် မဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်တယ်လို့ ပြည်နယ် လွှတ်တော်က မဲခွဲ အတည်ပြုချက်နဲ့ ကယား ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံခဲ့ရသူ ဦးအယ်လ်ဖောင်းရှိုးလည်း ကယား ပြည်နယ် မယ်စဲ အမှတ် ၂ မဲဆန္ဒနယ်မှာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည် ရွေးကောက်ခံရပါတယ်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆ နေရာ အနိုင်ရပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Chair NLD ဆိုတဲ့ တရားဝင် Facebook စာမျက်နှာက ဖော်ပြထားပါတယ်။
အခု မီဒီယာတွေက တွက်ချက်တာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ခံ ကိုယ်စားလှယ်မဲ ၂၇၀ ရရမယ့်အထဲမှာ ၂၇၀ ကျော်သွားပြီဆိုတော့ အတော်လေး သေချာသွားပြီလို့ ပြောရမှာပါ။ ဒါပေမယ့် ဒီဟာက တရားဝင်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှ သမ္မတအစစ် ဖြစ်လာမှာပေါ့။ အခုတော့ President-elect လို့ ပြောလို့ရပါတယ်။
၂၀၂၀ ပြည့်နှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်း Joe Biden ကို အနိုင်ရသူအဖြစ် အမေရိကန် သတင်းမီဒီယာအသီးသီးက တွက်ချက် ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာကို မေးမြန်းပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ခွဲခြားဆက်ဆံထားတဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကြောင့် ရှေ့သီတင်းပတ် ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲ တရားမျှတမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတာမှာ ထိခိုက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သတိပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်