ထိုင်းနိုင်ငံ Lamphun မြို့ Pa Book ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေ နေ့စဉ်နေ့တိုင်း မြေကမ္ဘာနေ့ကို ဘယ်လိုပုံစံ လိုက်နာ ဆင်နွှဲကြပါသလဲ။ စွန့်ပစ်ပစ္စည်း လျှော့ချတဲ့နည်းနဲ့ မနက်တိုင်း ဆွမ်းခံကြွကြတာဖြစ်ပြီး Pa Book ရွာကိုလည်း စွန့်ပစ်ပစ္စည်းမရှိတဲ့ စံပြရွာတခုအဖြစ် ဘုန်းတော်ကြီးတွေက ပြောင်းလဲလိုက်တာပါ။
COVID -19 ကြောင့် စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတဲ့ အမေရိကန်မှာ ပြီးခဲ့တဲ့ လအတွင်း အမေရိကန် ၂၆ သန်းကျော် အလုပ်အကိုင်မဲ့ ဖြစ်ခဲ့ရပြီးနောက် လူထုကျန်းမာရေး ခြိမ်းခြောက်မှုနဲ့ စီးပွားရေးကို ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ ချိန်ညှိဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြတဲ့ အကြောင်း စုစည်းတင်ပြထားပါတယ်။
ရွှေ့ပြောင်းလုပ်သား သိန်းချီ အလုပ်လုပ်ကိုင်နေတဲ့ ဖားကန့်နယ်မြေမှာ COVID-19 ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးကို သတ်သတ်မှတ်မှတ် မဆောင်ရွက်နိုင်သလို လက်လုပ်လက်စား အားလုံးကိုလည်း အစိုးရရဲ့ ထောက်ပံ့မှု လက်လှမ်းမမီဘဲ ဖြစ်နေပါတယ်။
COVID -19 ကပ်ဘေး ကာလ ရပ်ဆိုင်းထားရတဲ့ စီးပွားရေး လုပ်ငန်းတွေ ရေရည်ရပ်တည်ဖို့ အခက်တွေ့နေပြီ ဆိုတဲ့ အကြောင်း တင်ပြပေးမှာပါ။
ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂ ယာဉ် တစီး တိုက်ခိုက်ခံရမှု အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ တဦးသေဆုံး၊ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့မှု အပေါ်လွတ်လပ်စွာ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
COVID 19 ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူတွေရဲ့ သွေးရည်ကြည်ကို သုံးပြီး ရောဂါ ပြင်းထန်သူတွေကို အမေရိကန် ဆေးရုံတွေမှာ စမ်းသပ် ကုသပေးနေတဲ့ အကြောင်း Reuters သတင်းဆောင်းပါး တပုဒ်ကို ပြောပြပေးမှာပါ။
တရုတ်နိုင်ငံက ရေကာတာတွေမှာ ရေသိုလှောင်မှု များခဲ့တာကြောင့် ၂၀၁၉ ခုနှစ် အတွင်း မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံတွေမှာ မိုးခေါင်ရေရှား ဖြစ်ခဲ့ပေမယ့် တရုတ်မှာတော့ ပုံမှန်ထက် စိုစွတ်ခဲ့တယ်လို့ အမေရိကန် သုတေသနလုပ်ငန်း တခုက ဧပြီလ ၁၃ ရက်နေ့မှာ လေ့လာချက်ကို ထုတ်ပြန်လိုက်တာပါ။
COVID-19 ရောဂါကူးစက်ပျံ့ပွားမှုတွေ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ပေးတဲ့ မြန်မာအစိုးရရဲ့ အထောက်အပံ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ကြုံနေရချိန် Jumjel ဖျော်ရည်လုပ်ငန်းပိုင်ရှင် ဒေါ်သက်စုဌေးကို မသီင်္ဂ ီထိုက် Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဗာဂျီးနီးယား ပြည်နယ်တွင်း ကျေးလက် ဆေးရုံတွေ အတွက် လိုအပ်တဲ့ ဆေးဝါး ပစ္စည်းတွေကို လေယာဉ်နဲ့လိုက်ပို့ ပေးနေတဲ့ အမေရိကန် ပြည်ထောင်စုက အသက် ၁၆ နှစ် အရွယ် Tj Kim ဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးအကြောင်း မသီင်္ဂ ီထိုက်က ပြောပြပါပါမယ်။
မြန်မာနိုင်ငံမှာ COVID -19 ကူးစက်ပျံ့နှံ့မှု ကာလအတွင်း ထိခိုက်နစ်နာနေရတဲ့ မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေ ပြိုလဲမသွားစေရေး အတွက် အစိုးရက ချေးငွေထောက်ပံ့ပေးနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကိုင်တွယ်တဲ့ အနေနဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အသွားအလာ ကန့်သတ်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေက တိမ်းရှောင်သူတွေကို COVID-19 အရေး သတိပေးဖို့ အခက်တွေ့နေသလို ကူးစက်မခံရရေးအတွက် လိုက်နာ ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ COVID-19 ကူးစက်လူနာအသစ် ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံလူနာ ၃၈ ဦးထိ ရှိသွားပြီ ဖြစ်ပါတယ်။
COVID-19 ရောဂါ ဖြစ်ပွားမှုတွေကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး စီးပွားရေးအခက်အခဲတွေ ရင်ဆိုင်နေရတဲ့အချိန် မက္ကဆီကိုနိုင်ငံမှာ လိင်ဖျော်ဖြေရေးလုပ်သား အမျိုးသမီးတွေအတွက် အကူအညီပေးမှုတွေအကြောင်း မသိင်္ဂ ီထိုက် စုစည်းတည်ပြထားပါတယ်။
သရက်သီး တင်ပို့မှု စတော့မယ့် ရာသီမှာ တရုတ်နယ်စပ် အဝင်အထွက် ကန့်သတ်မှုကြောင့် ဝယ်လိုအား လျော့မယ်လို့ နယ်စပ် ကုန်သွယ်ရေး အသိုင်းအဝိုင်းက ခန့်မှန်းထားပါတယ်။ မူဆယ် နယ်စပ်ကုန်သည်တဦး ဖြစ်တဲ့ ခွာညိုသစ်သီးပွဲရုံ လုပ်ငန်းရှင် စိုင်းခင်မောင်ကို မင်္သ ီဂီထိုက်က Skype ကနေ တဆင့် ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံမှာ COVID -19 ရောဂါဖြစ်ပွားမှု အတည်ပြုပြီးနောက် တရုတ်ဘက်က နယ်စပ် အဝင်အထွက်ကို ကန့်သတ်တားမြစ်မှုကြောင့် မကြာခင်မှာ ရာသီချိန် စတော့မယ့် သရက်သီး တင်ပို့မှု အပေါ်မှာ ထိခိုက်လာမယ့် အခြေအနေ ရှိနေပါသလား။
အာရှ ရန်ကုန်ဘဏ်ကို လိုင်စင်ရုပ်သိမ်းကြောင်း ဗဟိုဘဏ်က ကြေညာခဲ့ပေမယ့် ဘာအကြောင်းကြောင့် လိုင်စင် ရုပ်သိမ်းလဲ ဆိုတာကိုတော့ လူသိရှင်ကြား ထုတ်ပြန်မထားပါဘူး။
အာရှ ရန်ကုန်ဘဏ်ကို ပိတ်ပစ်လိုက်ပြီး ဗဟိုဘဏ်က ထိန်းချုပ်ခဲ့တာနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွန်းနိုင်ကို မင်္သီဂီထိုက် Skype ကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာဘက်က COVID-19 ကူးစက်လာမယ့်အရေး စိုးရိမ်ချက်နဲ့ တရုတ်ဘက်က မူဆယ် နယ်စပ်ဂိတ် အဝင်အထွက်တွေကို ပိုပြီး တင်းကျပ်လိုက်တာကြောင့် တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်း အများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုတွင်းက စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးသွားရတဲ့အထဲမှာ မြန်မာနွယ်ဖွားတွေရဲ့ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေလည်း အများအပြား ပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်