နိူင်ငံတော် လ ျှို့ဝှက်အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် တွေရဲ့အမှု အပြီးသတ်စီရင်ချက်ချဖို့ တရားရုံးက ဒီနေကြညာထားပေမဲ့ တရားသူကြီး မကျန်းမာတဲ့အတွက်ဆိုပြီး စက်တင်ဘာလ (၃) ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ကိုသိန်းထိုက်ဦး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးကနေ သတင်းပေးပို့ထားပါတယ်။
သြဂုတ် ၂၆၊ ၂၀၁၈ - မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပိုပြီးတော့ လိုအပ်တယ်လို့ အရင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်းက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပိုပြီးလိုအပ်တယ်လို့ အရင် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်းက ပြောပါတယ်။ VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် တခြားပြစ်မှုတချို့ကြောင့် ထောင် ကျခဲ့ဖူးတဲ့ နေထိုင်ခွင့်ရဖို့ ကြိုးစားနေသူ မြန်မာနိုင်ငံသား ၂၇ ယောက် ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့ခံရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်တွေကို နားထောင်ဖို့ အရေးကြီးတဲ့အကြောင်း MPC မြန်မာငြိမ်းချမ်းရေး စင်တာကို တည်ထောင်ခဲ့သူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်တွေကို နားထောင်ဖို့ အရေးကြီးတဲ့အကြောင်း MPC မြန်မာငြိမ်းချမ်းရေးစင်တာကို တည်ထောင်ခဲ့သူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက VOA ကို ပြောပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတဲ့ အကျိုးဆက်အဖြစ် အခြေခံစားကုန်တွေ ဈေးတက်ပြီး ဈေးကွက်အပေါ် လိုတာထက်ပို ရိုက်ခတ်မှုတွေ မဖြစ်အောင် ဗဟိုဘဏ်အနေနဲ့ ဒီထက် အရေးယူ ဆောင်ရွက်ဖို့လိုတဲ့အကြောင်း စီးပွားရေး ပညာရှင်တဦးက အကြံပေးပါတယ်။ ငွေကြေးချမ်းသာသူတွေ လက်ဝယ်သိမ်းထားတဲ့ ဒေါ်လာငွေတွေကို ဘဏ်တွေမှာ တရားဝင် အပ်နှံလည်ပတ်လာအောင် လုပ်ကိုင်နိုင်မယ်ဆိုရင်လည်း ကျပ်ငွေဈေး ကျဆင်းမှုကို ထိန်းညှိရာမှာ အထောက်အကူပြုမယ်လို့ သူက ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တယောက်ဖြစ်တဲ့ မမီးမီး (ခေါ်) မသင်းသင်းအေး တနလာၤနေ့က ဧရာဝတီတိုင်း ကျောင်းကုန်းအနီးမှာ ကားမတော်တဆ တိမ်းမှောက်ပြီး သေဆုံးသွားခဲ့တာကြောင့် ပုသိမ်ရန်ကုန် လမ်းမကြီးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လမ်းအခြေနေကို အများက အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်း က အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ မမီးမီးဟာ အခု ညနေပိုင်းမှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးမိခဲ့တဲ့ ဒေါ်လာ သန်း တရာကျော် တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါး တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ ၁၀ ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စွဲချင်တင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် နှစ်ပတ်လည်လို နိုင်ငံရေး အခမ်းအနားတွေ ကျင်းပတာဟာ အတိတ်ကိုပဲ ပြန်တူးဖေါ်နေတာမျိုး မဟုတ်ဘဲ အနာဂတ်အတွက် ပြင်ဆင်တဲ့ခြေလှမ်းတွေဖြစ်တယ်လို့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောဆိုပါတယ်။
ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် နှစ်ပတ်လည်လို နိုင်ငံရေး အခမ်းအနားတွေကျင်းပတာဟာ အတိတ်ကိုပဲ ပြန်တူးဖော်နေတာမျိုး မဟုတ်ဘဲ အနာဂတ်အတွက် ပြင်ဆင်တဲ့ခြေလှမ်းတွေ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဒီကနေ့ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့အခမ်းအနားအကြောင်း ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။
ဖင်လန်နိုင်ငံ Helsinki မှာ ရုရှား သမ္မတ Vladimir Putin နဲ့ သမ္မတ Trump တို့ တွေ့ဆုံခဲ့တဲ့ ကိစ္စ ဝေဖန်ပြောဆိုနေကြတုန်းမှာပဲ ဒီ နှစ်နှစ်ကုန်ပိုင်း အမေရိကန်ပြည်ထောင်စုကို ရုရှားသမ္မတ Putin လာရောက်မယ့်အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာကို ခန့်ထားဖို့ Brett Kavanaugh ကို သမ္မတ Trump က အဆိုပြုလိုက်ပါတယ်/Brett Kavanaugh က သူ့ကို ခန့်ထားရေး အတည်ပြုမယ့် အထက်လွှတ်တော် ကြားနာပွဲတွေတွေ မကျင်းပခင် တာဝန်ယူနိုင်ရေး ပြင်ဆင်တဲ့ ပထမအဆင့် အနေနဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ ဒီကနေ့ စတင် တွေ့ဆုံနေပါတယ်။
တရားရုံးချုပ် တရားသူကြီး Anthony Kennedy ဒီလကုန် အနားယူတော့မှာ ဖြစ်တဲ့အတွက် သူနေရာ အစားထိုးခန့်ထားရေး သမ္မတ Donald Trump က စဉ်းစားနေပါတယ်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရာမှာ ပါဝင်ပတ်သက်သူတွေနဲ့ သက်ဆိုင်ရာ အဏာပိုင်တွေအကြား စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးတွေ လိုအပ်ကြောင်း မြန်မာနိုင်ငံကို ငါးရက်ကြာ သွားရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Peter Maurer က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Peter Maurer ကငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဒီကနေ့ နေပြည်တော်မှာ ပြီးခဲ့တဲ့ နာရီပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပပါတယ်။ ကိုသိန်းထိုက်ဦး ကောက်နုတ်တင်ပြပါလိမ့်မယ်။
ဒီသီတင်းပတ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာတော့ အမေရိကန် မက္ကဆီကို နယ်ခြားက တရားမဝင်ရောက်လာတဲ့ မိသားစုတွေကို ခွဲပြီး ထိန်းသိမ်းတဲ့ ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသံတွေ ကြားနေရဆဲဖြစ်ပါတယ်။
အမေရိကန်ကိုတင်သွင်းတဲ့သံမဏိနဲ့အလူမီနီယံတွေပေါ် သွင်းကုန်တွေအခွန်တိုးကောက်ဖို့ အမေရိကန် အစိုးရက ကြေညာပါတယ်။ အထက်လွှတ်တော်ကြားနာပွဲမှာ ခက်ခဲတဲ့မေးခွန်းတွေကို အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Wilbur Ross ဖြေကြားခဲ့ရပါတယ်။ ် Elizabeth Cherneff သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုအတွင်း မှတ်တမ်းမှတ်ရာမဲ့ ရွှေ့ပြောင်းလာသူတွေကို အရေးယူတဲ့အခါ သားသမီးတွေနဲ့ မိဘတွေ တကွဲတပြားစီ ထားတဲ့ကိစ္စ သမ္မတ Trump အစိုးရက ခုခံပြောဆိုနေပါတယ်။Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်