အင်ကြင်းနိုင် (ဗွီအိုအေ မြန်မာပိုင်း)
အင်ကြင်းနိုင်သည် မာလ်တီမီဒီယာ သတင်းသမားတဦးဖြစ်ပြီး သတင်းလုပ်ငန်းတွင်လုပ်ကိုင်နေသည့် အတွေ့အကြုံ ၁၅ နှစ်ကျော်ရှိနေပါပြီ။ ရေဒီယို၊ ရုပ်သံ အစီအစဉ်တွေရဲ့ ထုတ်လုပ်ရေးမှူးဖြစ်သလို အွန်လိုင်းမှာလည်း သတင်းဆောင်းပါးတွေကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားနေသူဖြစ်ပါတယ်။
မန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆက်လက် စိုးရိမ်မကင်း ဖြစ်ဆဲရှိတာက အတိတ်တုန်းက ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့တုံ့ပြန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ် Tucson မြို့မှာ နာမည်ကျော် JCK ကျောက်မျက်ရတနာလုပ်ငန်းကကျင်းပတဲ့ နိုင်ငံတကာကျောက်မျက်ရတနာပြပွဲမှာ မြန်မာကျောက်မျက်ရတနာကုန်သည်များအဖွဲ့ ပထမဆုံးအကြိမ် ပါဝင်ပြသခဲ့ပါတယ်။ အတွေ့အကြုံတွေကို ကျောက်မျက်ရတနာကုန်သည် ဒေါ်စီစီနဲ့ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂)မြောက် မွေးနေ့ အကြိုအခမ်းအနားကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အများအားလပ်ရက်နဲ့ တိုက်ဆိုင်ပြီး စနေနေ့က ကျင်းပခဲ့ပါတယ်။ ပြည်တွင်းမှာ ဒေါ်စုအပေါ် ဝေဖန်မှု ဂယက်တွေကြောင့် မွေးနေ့ပွဲ အခမ်းအနားမှာ လူတွေ စုံသင့်သလောက် မစုံဖြစ်ရတယ်လို့ ယူဆမိကြောင်း ကူညီစီစဉ်သူတဦးက ပြောပါတယ်။
ပြည်ပရောက် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဟန်ညောင်ဝေကို မြန်မာပြည်ဝင်ခွင့် ဗီဇာ ထပ်ပြီး မပေးတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာဟာ မှန်ကန်မှုမရှိကြောင်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စစ်ရွှေသိုက်ရဲ့ သားအငယ်လည်း ဖြစ်တဲ့ ဦးဟန်ညောင်ဝေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် သူရဲ့ သြဇာလွှမ်းမိုးမှု တိုးလာနေတဲ့ အတွက် NLD အစိုးရက သူ့ကို အမည်မည်းစာရင်း ထည့်သွင်းထားတာဖြစ်နိုင်ပြီး ဒါကြောင့် ဗီဇာ ထပ်ပြီး ထုတ်မပေးတာ ဖြစ်နိုင်ကြောင်း သတင်းမီဒီယာ တချို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေးသားခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။ ကနေဒါနိုင်ငံသား အဖြစ် ခံယူထားတဲ့ ဦးဟန်ညောင်ေ၀ ခေါ် ဦးဗီတာသိုက်ရဲ့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုကို လုပ်ရိုးလုပ်စဉ် အတိုင်း သံရုံးဘက်က ဆောင်ရွက်နေပြီး ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေတာသာ ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။ အသံ ဦးဟန်ညောင်ဝေကို အရင်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက MJEV လို့ခေါ်တဲ့ အကြိမ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့် ရှိတဲ့ တနှစ် ဗီဇာ သက်တမ်းနဲ့ သုံးကြိမ် ထုတ်ပေးခဲ့ဘူးကြောင်းနဲ့ ဒီတကြိမ်မှာလည်း လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ပေးနေကြောင်း သံရုံးတာဝန်ရှိသူက အခုလိုဆက်ပြောပါတယ်။ အသံ ဧပြီလ (၂၄) ရက်နေ့ ကတည်းက ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတဲ့ ဦးဟန်ညောင်ဝေကို ဇွန်လ (၁) ရက်နေ့မှာ သူ့ကို ဗီဇာထုတ်ပေးဖို့ ခွင့်ပြုချက်မရကြောင်း ကနေဒါရှိ မြန်မာသံရုံးက အကြောင်းကြားလာခဲ့တယ်လို့ သတင်းမီဒီယာ တချို့က ဖေါ်ပြခဲ့ကြတာပါ။ ဗွီအိုအေ မြန်မာပိုင်းအနေနဲ့ ကာယကံရှင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းကိုင် ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။ ဒီအတောအတွင်း ၅ ရက်ကြာ ကနေဒါ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရလက်ထက်မှာ နိုင်ငံရေးအရ အမည်မည်းစာရင်းကို ပယ်ဖျက်ခဲ့ပြီး ဖြစ်ကြောင်း အခုလိုပြောသွားပါတယ်။ အသံ ဒါ့အပြင် ပြည်ပမှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားအဖြစ် ခံယူထားသူတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာ သံရုံးတွေနဲ့ မိမိတို့ သိလိုတဲ့ အချက်တွေကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း အခုလို ပြောသွားပါတယ်။ အသံ အခုလို ဦးဟန်ညောင်ဝေကို ဗီဇာသက်တမ်း ထပ်ပြီး တိုးမပေးတော့ဘူး ဆိုတဲ့ သတင်း ထွက်လာတဲ့ အပေါ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပေါ် သူ့ရဲ့ သြဇာ တိုးလာခဲ့တဲ့ အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသမှာ ရှိနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို ထောက်ပံ့မှုနဲ့ အကြံဉာဏ်ပေးမှုတွေမှာ သူရဲ့ အခန်းကဏ္ဍဟာ ဆယ်စုနှစ်နဲ့ ချီပြီး အရေးပါခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း သူရဲ့ ပါဝင်ပတ်သက်မှုဟာ အငြင်းပွားဖွယ်ရာ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ မြန်မာ့ဒီမိုကရေစီရေး ပြည်ပမှာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ NCGUB ခေါ် အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဦးဟန်ညောင်ဝေဟာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သလို၊ အရင် နော်ေ၀ အခြေစိုက် DVB အသံလွှင့်ဌာနကို တည်ထောင်သူတွေ ထဲမှာလည်း ပါဝင်ခဲ့ပြီး ဘယ်လ်ဂျီယံ အခြေစိုက် ဥရောပ မြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရ တက်လာပြီးတဲ့နောက် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါခဲ့ပြီး “ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲအတွက် ပြည်ထောင်စု အင်စတီကျူ့” ဆိုတဲ့ အဖွဲ့ကို ပြည်တွင်းမှာ တည်ထောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတွက် ကနေဒါနိုင်ငံက ဒေါ်လာ ၈ သန်းကျော် ထောက်ပံမယ့် အစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ ဇွန်လ (၇) ရက်နေ့က တွေ့ဆုံအပြီးမှာ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကကြေညာခဲ့ပါတယ်။
“ Mr. Stanton နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ပြင်ပမှာ သီးသန့် အလွတ်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ”
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ပထမပတ် အတွင်း သွားရောက်ဖို့ လျာထားတဲ့ ကနေဒါနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှာ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိကြောင်း တိုရန်တိုမြို့ မဟာဓမ္မိက ကျောင်းထိုင် ဆရာတော်က မိန့်ကြားပါတယ်။
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံတဲ့ အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စား နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်က တက်ရောက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအရာရှိ တဦးက ဗွီအိုအေကိုပြောပါတယ်။†
မြန်မာအလှမယ်ဘဝကနေ ကျော်ကြားတဲ့ ကရင်အမျိုးသမီး သူပုန်ခေါင်းဆောင် ဖြစ်လာသူ နော်လူဝီစာဘင်ဇင် ခရိတ်ခ် ရဲ့ အကြောင်း ရေးသားထားတဲ့ Miss Burma ဝတ္ထုစာအုပ် မိတ်ဆက်ပွဲကို ဝါရှင်တန် ဒီစီမြို့တော်မှာ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်မှာ ပြင်သစ်နိုင်ငံရဲ့ အငယ်ဆုံးသမ္မတဖြစ်လာတဲ့ Emmanuel Macron ရဲ့ နိုင်ငံရေးအောင်မြင်မှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဘဏ်လုပ်ငန်းရှင် တဦးဘဝကနေ နိုင်ငံရေးနယ်ပယ်ဘက်ကို ကူးပြောင်းခဲ့တဲ့ Macron ရဲ့ သီးခြားလွတ်လပ်တဲ့ En Marche နိင်ငံရေးလှုပ်ရှားမှုအကြောင်း မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြထားပါတယ်။
ရန်ကုန်မြို့မင်္ဂလာတောင်ညွန့် မြို့နယ်ထဲမှာရှိတဲ့ တိုက်ခန်းတခုမှာ တရားမဝင်နေထိုင်သူ တွေရှိတယ်လို့ဆိုပြီး သံဃာ တချို့ ပါဝင်တဲ့ မျိုးချစ်အင်အားစုဆိုသူ လူတစုက အတင်းဝင်ရောက်ရှာဖွေခဲ့ပါတယ်။
စစ်မှန်စိတ်ချရတဲ့ အပစ်ရပ်ရေးအတွက် လက်ရှိ NCA စာချုပ် မှာ အားနည်းချက်တွေရှိနေကြောင်းနဲ့ ပြန်ပြီး သုံးသပ်ပြင်ဆင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကိုယ်တိုင်ပါဝင်နေသူတွေက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စုံစမ်းဖို့ စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းစစ်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ မြန်မာ အစိုးရအတွက် ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းလို့ မြင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်း ငဝန်မြစ်အတွင်း ဧပြီလ(၇)ရက် သောကြာနေ့ညက ကျောက်တင် သင်္ဘောကို တိုက်မိတဲ့ ခရီးသည်တင်စက်လှေ တိမ်းမှောက် မှုကြောင့် သေဆုံးသူလူပေါင်း ၂၁ ဦးထိရှိနေပြီး၊ ဒါဇင်နဲ့ချီ ဆက်လက်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီး တင်ပြမှာပါ။
တပ်မတော်နေ့ အခမ်းအနား ကျင်းပချိန်မှာ ကျနော်တို့ လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် လောက်ကိုင်ဘက်မှာ စစ်မီး မငြိမ်းသေးဘူး၊ လက်ရှိ မြောက်ပိုင်း မဟာမိတ်နဲ့ ဟိုနေရာ ဒီနေရာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေများ အရိပ်အမြွက် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ထည့်ပြောမလား။
"ကုလသမဂ္ဂက ပါဝင်ကူညီမယ့် အစီအစဉ်ကို နောက်လအတွင်း စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအစဉ်ကနေ အခြားလိုအပ်တဲ့ အကူညီတွေ အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာပါ။"
တကယ်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မဟုတ်ပဲနဲ့ တခြားတယောက် ဖြစ်တယ်ဆိုလို့ရှိရင် ပြည်သူလူထု အနေနဲ့ရော EAO အနေနဲ့ရော သည်းခံနိုင်မလား၊ ဟို သည်းမခံပဲနဲ့ တခုခု ထလုပ်မလားဆိုတဲ့အပိုင်းကို အဓိက ထောက်ပြတာဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အလားအလာ ဘယ်လိုရှိနေလဲ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကိုရောက်ရှိလာတဲ့ ပြည်သူ့အကျိုးပြုကွန်ယက်က ကိုကြည်မင်းသူရဲ့ သဘောထားကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာမယ်ကမ္ဘာ မြတ်သီရိလွင်
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ကွယ်ပြုတယ်ဆိုတဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ စွပ်စွဲပြောဆိုမှုဟာ အာဆီယံ စည်းမျဉ်းတွေကိုချိုးဖောက်တယ်လို့ မြန်မာအစိုးရဘက်က တုန့်ပြန်ခဲ့ပါတယ်။ AFP နဲ့ Reuters သတင်းတွေကို အခြေခံပြီး မအင်ကြင်းနိုင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်