ကရင်ပြည်နယ်အတွင်းမှာ မြဝတီခရိုင်ထဲက စစ်တပ်စခန်း ၄ ခုလောက်ကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေဆီမှာ ဒီရက်ပိုင်းအတွင်း လက်လွှတ်ခဲ့ရတဲ့နောက်မှာ စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီဘက်ကို စစ်တပ်အားဖြည့်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ကာကင်းစခန်းသုံးခုကို မဟာမိတ်ညီနောင်ပူးပေါင်းတပ်များ အောက်တိုဘာလ ၂၀ရက်နေ့မှာ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂) Venomစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကို အောက်တိုဘာလ ၁၇ ရက်နေ့က ဂိုဒေါင်တခုမှာ ဖမ်းမိခဲ့တာပါ။ မဲဆောက်က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကတော့ ထိုင်းအာဏာပိုင်တွေ မူးယစ်ကုန်ကြမ်းတွေ ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် မြိတ်မြို့နဲ့ ပုလောမြို့ကြားက ပြည်ထောင်စုကားလမ်းမကြီးမှာ ကားတွေ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်မိနေကြပါတယ်။ ဒီကားလမ်းမှာ မိုင်းနင်းမိလို့ ယာဉ်မောင်းတဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေ့ကေကော့မှာ အဓိကစစ်ရေးအရ အချက်အခြာကျတဲ့ လက်နက်ခဲယမ်းအများအပြား သိုလှောင်ထားတဲ့ လက်နက်ကြီးဗျူဟာစစ်စခန်းကြီး ကို KNLA /PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် တခြား PDF ပူးပေါင်းစစ်ကြောင်းတွေက ပူးပေါင်းပြီး သိမ်းပိုက်လိုက်နိုင်တာပါ။
"ဖမ်းဆီးခံရတာကတော့ ထိုင်းနိုင်ငံကိုသွားဖို့ ကားငါးစီးနဲ့ထွက်လာတာကိုပစ်ခတ်ပြီး နောက်က လိုက်လာတာ။ အများကြီးပဲ လူ ၂၀၀ ကျော်လောက်ရှိတယ်။ မွန်ဒေသကလူတွေချည်းပဲ ၁၈၀ လောက် ရှိတယ်။ တခြားက ရခိုင်တွေပါတယ်။ ချင်းတွေလည်း ပါတယ်။" (လွတ်မြောက်လာသူ လူငယ်)
တနင်္သာရီတိုင်း ပုလောမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ပုလောဒေသမှာ ဒီသီတင်းပတ်ထဲ ဒေသခံ ၃၀ လောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေဆဲ ကရင်ပြည်နယ် ဖားအံ ကော့ကရိတ် မြဝတီစတဲ့လမ်းတလျောက်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ဂိတ်ပေါင်း ၂၀ကျော်ရှိပြီး ဖမ်းဆီးစစ်ဆေးမေးမြန်း ငွေညှစ်ပြီး ဂိတ်ကြေးတွေ တောင်းနေတယ်လို့ ခရီးသွားတွေနဲ့ကုန်သည်တွေက ဗွီအိုအေကိုပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ရဲ့ ရိုးသားမှု၊ ပေးဆပ်မှုတွေနဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေကိုဂုဏ်ပြုပြီး သူ့ရဲ့ရက်လည်နေ့မှာ အမှတ်တရအခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ်မှာရော မြန်မာပြည်တွင်းက အကျဉ်းထောင်တွေ ထဲမှာပါ လုပ်ခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်) ဘူးသိုမြို့နယ်နဲ့ ညောင်လေးပင်ခရိုင်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် ၃ ရက်အတွင်း အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးလောက်ကတော့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
“ကျနော်က တိုက်ထဲမှာ ၁ နှစ် ၂ လတိုက်ပိတ်ခံရချိန်မှာ ဆရာဇော်မြင့်မောင်က အများကြီးကူညီခဲ့လို့ ထောင်ထဲမှာ စားဝတ်နေရေးအဆင်ပြေခဲ့တယ်။ ဆရာက နွေဦးတော်လှန်ရေးမှာပါတဲ့ GZ တွေကို လေးစားကြောင်းပြောတယ်။ ...ပြီးတော့ တော်လှန်ရေးက သေချာပေါက်အောင်မှာလို့လည်း သူကပြောတယ်။" (ဦးသိုက်ထွန်းဦး-(PPNM) ဦးဆောင်ကော်မတီဝင်)
မလေးရှားနိုင်ငံ၊ Selangorပြည်နယ် ရှားအလန်းမြို့နဲ့ ဆရင်ဘန်းမြို့တွေမှာအောက်တိုဘာလ ၅ ရက်က အော်ပရာစီစစ်ဆင်ရေးလုပ်ရာမှာ မြန်မာနိုင်ငံသား ၈၆ ဦးအပါအဝင် နိုင်ငံခြားသား ၆၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီလိုဖမ်းဆီးချိန်မှာ ထွက်ပြေးရင်းရထားတိုက်မိလို့ မြန်မာအမျိုးသမီးတဦး သေဆုံးသွားခဲ့ ပါတယ်။
ထိုင်းနိုင်ငံ၊ CHUNPHOM ချုံဖွန်းခရိုင်၊ ယန်ငန်ကျေးရွာအုန်းတောထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ မူလတန်းအရွယ် ကလေးငယ် (၅၀) နီးပါးကို စာသင်ပေးနေတဲ့စာသင်ဝိုင်းတခုကို အောက်တိုဘာလ ၃ ရက်နေ့က ထိုင်းပညာရေး လ၀ကရဲအပါအဝင် အဖွဲ့စုံက ဝင်ရောက်စစ်ဆေးပြီး ဆရာမတယောက်ကို ဖမ်းဆီးသွားပါတယ်။
မုံရွာထောင်ထဲက ရဲ၊ စစ်တပ်နဲ့အကျဉ်းဦးစီးက CDM ဝန်ထမ်းတွေကို ထောင်အာဏာပိုင်တွေက “CDM စာရင်းက ပယ်ဖျက်ခွင့်ပေးဖို့ အသနားခံစာ”တွေမှာ လက်မှတ်ထိုင်းခိုင်းပြီး စစ်ကောင်စီလက်အောက် ပြန်လည် တာဝန်ထမ်းဖို့ ဖိအားပေးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“အဓိကတော့ တပ်မဟာ ၂ ရယ်၊ ၃ ရယ်၊ ၅ ရယ်၊ တပ်မဟာ ၁ မှာလည်းဖြစ်နေတယ်။ တပ်မဟာတခုမှာ မဖြစ်ရင် တခြားတပ်မဟာ လည်း ဖြစ်နေတယ်။ ဒီအချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေကဖြစ်နေတုန်းပဲ။ တချို့နေရာတွေမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေက ရှိနေပါတယ်။” (စောနန္ဒဆူး-ကရင်လူ့အခွင့်အရေးအဖွဲ့)
“အဲဒီမှာနေ့လယ်က ဖလူးရွာကို လက်နက်ကြီးကျတော့ စာသင်ကျောင်းက ကလေးတွေပြန်လွှတ်ပေးလိုက်တယ်။ ဒီနောက်သိပ်မကြာဘူး။ နောက်ထပ်တလုံးထပ်ကျတာ။ စာသင်ကျောင်းပေါ်တည့်တည့်ကျတယ်။ ကံကောင်းတာက ကလေးတွေ ပြန်လွှတ်လိုက်လို့ အထိခိုက်တော့ မရှိဘူး။ ကျောင်းတော့ပျက်စီးသွားတယ်။" (ဒုက္ခသည်တွေကို ကူညီနေသူတဦး)
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရှိရာ နေရာကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။
“လ၀ကအချုပ်မှာထားတဲ့ မြန်မာနိုင်ငံသားတွေကိုပြန်ပို့တာပါ။ ရက်ပေါင်း ၁၂၀ အတွင်း အဖမ်းခံရတဲ့သူတွေချည်းပဲမဟုတ်ဘူး။ အကုန်ပဲ။ အကြောင်းကြောင်းကြောင့် ဖမ်းဆီးခံရတဲ့ အချုပ်သားတွေပေါ့။ ဒီနေ့ပို့တာက လူ ၁၂၀ ကျော်ကိုပြန်ပို့တာပေါ့နော်။ အလှည့်ကျနဲ့ပို့တယ်။” (ဦးမင်းဦး-ထိုင်းတောင်ပိုင်းအခြေစိုက် အလုပ်သမားတာဝန်ခံ)
"သူတို့ကိုစစ်ဆေးတဲ့အခါမှာ မြ၀တီ မဲဆောက်တောလမ်းကနေ လာကြကြောင်း၊ ပွဲစားကို ဘတ် ၂ သောင်းပေးပြီး ထိုင်းကိုဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာမြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကိုကြောက်ရွံ့တဲ့အတွက် ထိုင်းနိုင်ငံထဲ တရားမဝင်လမ်းကြောင်းကနေ လာတယ်လို့ ထွက်ဆိုချက်ပေးပါတယ်။” (ဦးမိုးကြိုး-မြန်မာ့အရေးလှုပ်ရှားသူ)
“၁၂ သိန်းထက်အထက်ရှိနေပြီခင်ဗျ။ တိုးလာတယ်။ အဓိကတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ နောက်တခါ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက တခါမှမရပ်ကြတော့ ပြည်သူလူထုက သူတို့ရဲ့ နယ်မြေအနေအထားတည်ငြိမ်မှုမရှိတဲ့အပေါ်မှာ ပြေးလိုက်လွှားလိုက်နဲ့ အမြဲတမ်းရှိနေတာပေါ့။” (စောနန္ဒဆူး- ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG ပြောခွင့်ရ)
နောက်ထပ်ကြည့်ရှုရန်