အစားထိုးစွမ်းအင်သုံး မော်တော်ယာဉ်တွေ တီထွင် သုံးလာကြတဲ့အထဲ ကြံဆဖန်တီးချက်နှစ်ခုကတော့ နည်းပညာသစ်သုံးပြီး မော်တော်ယာဉ်ဈေးကွက်ကို တဖြေးဖြေးချင်း ပြောင်းလဲသွားစေမယ့် လမ်းစကို မြင်လာရပါပြီ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Kevin Enochs သတင်းရေးသားပေးပို့ချက်ကို ရှားဖောင်က ပြောပြမှာပါ။
ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ည မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက်မှာ အမေရိကန် သမ္မတ Donald Trump ပထမဆုံး အကြိမ် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာကို ကူညီဖြေရှင်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။
မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို အားမလိုအားမရဖြစ်မှုတွေ အထူးသဖြင့် ရခိုင်ပဋိပက္ခအရေးနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ အားနည်းချက်တွေရှိနေကြောင်း ဝေဖန်မှုတွေရှိနေချိန်မှာပဲဝါရင့်သတင်းထောက်တဦးဖြစ်တဲ့ ဦးအောင်လှထွန်းကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ် သမ္မတ က ခန့်အပ်လိုက်ပါတယ်။
အီရန်နိုင်ငံတဝှမ်းဆန္ဒပြပွဲတွေ ဖြစ်နေတဲ့တချိန်ထဲမှာပဲ မြန်မာနိုင်ငံအပါအဝင် အီရန် နဲ့ မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ တစုံတရာထိရောက်မှုရှိတယ်လို့ ဒုသမ္မတ Mike Pence က ပြောဆိုလိုက်ပါတယ်။ Greta Van Susteren တွေ့ဆုံမေးမြန်းထားတာကို ရှားဖောင်က ကောက်နုတ်တင်ပြပေးပါမယ်။
မြန်မာနိုင်ငံအပါအဝင် အီရန် နဲ့ မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်တဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ တစုံတရာ ထိရောက်မှုရှိတယ်လို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေပြီး လူသေဆုံးမှုတွေရှိခဲ့တဲ့ အီရန်နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ အချိန်မှာပဲ ဒုသမ္မတ Pence က အဲဒီလို ပြောကြားလိုက်တာပါ။
ဖမ်းဆီးခံသတင်းထောက်များလွတ်မြောက်ရေး ဆုတောင်းပွဲ
ဖမ်းဆီးခံရတဲ့ Reuters သတင်းထောက် ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို ရုံးထုတ်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူတို့ရဲ့ မိတ်ဆွေပေါင်းအသင်းနဲ့ သတင်းထောက်တွေကလည်း စုပေါင်းပြီး သူတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာရေးအတွက် ဆုတောင်းပွဲပြုကြပါတယ်။
နှစ်သစ် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အကောင်းမြင်ဖို့ တွန့်ဆုတ်နေကြပေမယ့် တဖက်မှာတော့ အကောင်းဘက်ကိုဦးမယ်လို့ မျှော်လင့်သူတွေလည်း ရှိပါတယ်။
နှစ်သစ်အခါသမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းတွေပြောကြား ကြပြီး နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍပေါင်းစုံမှာ ပြီးခဲ့နှစ်ဟောင်းက ထက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောဆိုကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အလုပ်ကြမ်းအလုပ်တွေကို လုပ်နေကြရတဲ့ အဆင့်မြင့်ပညာတတ် ရွှေ့ပြောင်းအခြေချနေထိုင်သူ တသန်းကျော်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒီလိုလူတွေအတွက် နည်းပညာလုပ်ငန်း အထူးပြပွဲတခုကို San Francisco မြို့မှာ ကျင်းပခဲ့တဲ့အကြောင်း Michelle Quinn သတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ မျှော်မှန်းသလောက် ခရီးမပေါက်သေးပေမဲ့တဖြေးဖြေးနဲ့တော့တိုးတက်လာနေပါတယ်။ အင်ဒိုနီးရှား နိုင်ငံက လူထုအခြေပြုအဖွဲ့အစည်း ၂ ခုရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအကြောင်း George Putic ရဲ့ သတင်းလွှာကို ရှားဖေါင်က ပြောပြထားပါတယ်။
အာဖဂန်နစ္စတန် အရှေ့ဘက်ခြမ်းမှာရှိတဲ့ အိုင်အက်စ် အစ္စလာမ်မစ် စစ်သွေးကြွတွေကို သုတ်သင်ရှင်းလင်းနိုင်ဖို့ NATO ရဲ့ အကူအညီနဲ့ အာဖဂန်စစ်တပ်ကစစ်ဆင်ရေးတွေဆင်နွှဲနေချိန်မှာပဲ ဒေသခံတွေရဲ့ လုံခြုံရေးဟာ အငြင်းပွားစရာဖြစ်နေတဲ့ အာဖဂန် ဒေသန္တာရရဲတပ်ဖွဲ့ရဲ့ လက်ထဲကို ရောက်လာနေပါတယ်။ ဒီအကြောင်းရှားဖောင် က တင်ပြပေးပါမယ်။
လက်ဘနွန်နိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေ ကောင်းမွန်တဲ့ အနာဂတ်ကို ရှာဖွေနိုင်ဖို့အတွက် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ကနေတဆင့် ကျော်ကြားတဲ့ ဂီတမှူးတဦးလည်းဖြစ် တေးရေးဆရာတဦးလည်းဖြစ်တဲ့ Salim Sahab က ကူညီလုပ်ဆောင်ပေးနေပါတယ်။ ဒီအကြောင်း John Owens သတင်းလွှာကို ရှားဖောင် က တင်ပြထားပါတယ်။
ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီဟာ အမေရိကန်နိုင်ငံသူ ရုပ်ရှင် မင်းသမီး Meghan Markle နဲ့ တရားဝင် စေ့စပ်လိုက်ပါပြီ။
Zurich မြို့က အင်ဂျင်နီယာတွေဟာ အနာဂတ်မှာ လူသားတွေအတွက် အန္တရာယ်ရှိနိုင်တဲ့အလုပ်တွေကို လုပ်သားတွေကိုယ်စား အလုပ်လုပ်ပေးနိုင်မယ့် ခြေလေးချောင်းပါ Robot စက်ရုပ်တခုကို ဖန်တီးခဲ့ကြပါတယ်။ ANYmal လို့ခေါ်တဲ့ ဒီစက်ရုပ်အကြောင်း Arash Arabasadi ပေးပို့တဲ့သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကိုရောက်နေကြတဲ့ ကရင်တိုင်းရင်းသားတွေ မြို့တော်ဝါရှင်တန် ဒီစီ လွှတ်တော်အဆောက်အဦးရှေ့မှာ မနေ့က စုဝေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ လူနည်းစု တိုင်းရင်းသားတွေအပေါ် သုတ်သင်ရှင်းလင်းမှုတွေ လုပ်နေတာကို အမေရိကန်အစိုးရက အကာအကွယ်ပေးဖို့ တောင်းဆိုသွားပါတယ်။ ရှားဖောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေက မနေ့က မြို့တော်ဝါရှင်တန် ဒီစီ လွှတ်တော်အဆောက်အဦးရှေ့မှာစုဝေးပြီးတော့ မြန်မာနိုင်ငံအတွင်းလူနည်းစု တိုင်းရင်းသားတွေအပေါ် သုတ်သင်ရှင်းလင်းမှုတွေပြုလုပ်နေတာကို အမေရိကန်အစိုးရက အကာအကွယ်ပေးဖို့ နောက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေမှာ အားလုံးပါဝင်ကူညီဖို့ အကြောင်းအရာတွေကို ဆန္ဒထုတ်ဖော်တောင်းဆိုသွားပါတယ်။
ရခိုင်ပဋိပက္ခမှာ ရိုဟင်ဂျာမူစလင် သိန်းနဲ့ချီထွက်ပြေးကြရတဲ့အခြေအနေဟာ လူမျိုးတုံးသုတ်သင်ရှင်းလင်းတဲ့ ပုံစံမျိုးဖြစ်နေပြီး ဒီအခြေအနေကို လုံးဝလက်မခံနိုင်ကြောင်း ဒီမိုကရက်အထက်လွှတ်တော်အမတ် Dick Durbin က ပြောပါတယ်။ VOA သတင်းထောက် Greta Van Susteren က တွေ့ဆုံမေးမြန်းထားတာကို ရှားဖောင်ကတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့ဘောင် အသိုင်းအဝိုင်း ၂ ခုကြားဖြစ်ပွားတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ မနေ့က လုံခြုံရေးကောင်စီမှာ ကျင်းပသွားတဲ့ အလွတ်သဘောအစည်းအဝေးမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ပြောကြားသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်