အမေရိကန်ပြည်ထောင်စုထဲကို မိဘတွေနဲ့အတူ ကလေးဘဝကတည်းက တရားမဝင် ရောက်လာသူတွေကို နေရပ်ပြန်မပို့ရေး အကာအကွယ်ပေးထားတဲ့ DACA အစီအစဉ်ကို ဖျက်သိမ်းဖို့ အိမ်ဖြူတော်က ကြေညာခဲ့တာကြောင့် ဒီလိုလူတွေ သိန်းနဲ့ချီအပေါ် ဂယက်ရိုက်က်မှုတွေ ကြီးကြီးမားမား ရှိနေပါတယ်။ Ramon Taylor သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားရောက်ပြီးတော့ သတင်းဓာတ်ပုံ ရိုက်ယူခဲ့တဲ့ ဓါတ်ပုံသတင်းထောက်နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင် သုံးသိန်း နီးပါးရှိနေပြီလို့ ကုလသမဂ္ဂက ပြောဆိုနေတဲ့ တချိန်တည်းမှာပဲ ဒီပြဿနာကြောင့် ကမ္ဘာတဝှမ်းက မူဆလင်အများစု နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်း Kate Pound Dawson သတင်းပေးပို့ထားတာကို ရှားဖောင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ရွေးကောက်ပွဲကာလတုန်းက သူ ကတိပေးထားတဲ့အတိုင်း မြောက်အမေရိကတိုက်နိုင်ငံများ အခွန်လွတ်ကုန်သွယ်ရေး သဘောတူညီချက် NAFTA နဲ့ပတ်သက်ပြီး ကနေဒါ၊ မက္ကဆီကို နိုင်ငံတွေနဲ့ သြဂုတ်လအတွင်းမှာ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ Kane Farabaugh ပေးပို့တဲ့သတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်းမှာရှိတဲ့ မြန်မာအစိုးရ လုံခြုံရေးတပ်အဖွဲ့အပေါ် ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရတို့က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် Silicon Valley မှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ မိုဘိုင်း app ပြိုင်ပွဲတခုအတွင်း ကမ္ဘောဒီးယားနိုင်ငံက မိန်းကလေးငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဗွီအိုအေသတင်းထောက် Sophat Soeung ပေးပို့တဲ့သတင်းကို ရှားဖောင် ကတင်ပြပေးပါမယ်။
ဥပဒေအရ ပြန်ပို့နိုင်တယ် ဆိုဦး တောင်မှ ဒါဟာ လုပ်သင့်တာ မဟုတ်တဲ့ အတွက် လူတွေရဲ့အသက်အန္တရာယ်ကို ကျရောက်စေမှာမို့ အိန္ဒိယအတွက် ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်ကြီးပါ။ အဲဒီဒေသမှာ ရခိုင်နဲ့ ရိုဟင်ဂျာကြား တင်းမာမှုတွေရှိနေပြီး မတည်ငြိမ်သေးတဲ့ အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးလုပ်ဆောင်ရာမှာ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့က အရေးတကြီး လုပ်ဆောင်ရမယ့် အရာတခုဖြစ်သလို အသွင်ကူးပြောင်းရေး လုပ်ဆောင်တဲ့နေရာမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားပါတယ်။
မိုးတွေ သဲသဲမဲမဲ ရွာတတ်တဲ့ ရန်ကုန်မြို့မှာ တိရစ္ဆာန်ချစ်သူတွေအတွက် ကော်ဖီဆိုင်မှာ မိုးခိုရင်း တိရစ္ဆာန်လေးတွေနဲ့ အပန်းဖြေနိုင်ပြီဆိုတဲ့ အကြောင်း AFP သတင်းဆောင်းပါးကို ရှားဖေါင်က တင်ပြထားပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ကျရင် အမေရိကန်တဝှမ်းက နေရာအတော်များများမှာ ကြုံတောင့်ကြုံခဲ နေအပြည့်ကြတ်တဲ့မြင်ကွင်းကို မြင်ရဖို့ရှိပါတယ်။ ဒီလိုနေကြတ်တာမျိုး တခါတရံမှာသာ ဖြစ်တတ်ပြီး ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာသာ မြင်တွေ့ခွင့်ရတာပါ။ George Putic ပေးပို့တဲ့သတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
H1B ဗီဇာဟာ အမေရိကန်ပြည်ထောင်စုအတွင်း တခြားနိုင်ငံက နည်းပညာ ကျွမ်းကျင်သူတွေလာရောက် အလုပ် လုပ်ကိုင်နိုင်ဖို့အတွက် ဖန်တီးထားပေးထားတဲ့ အစီအစဉ်ပါ။ ဒါပေမယ့် ဒီအစီအစဉ်ကို ပြန်လည် သုံးသပ်မယ်လို့ Trump အစိုးရက ပြောနေပါတယ်။ ဗွီအိုအေ သတင်းထောက် Chu Wu ပေးပို့ထားတဲ့သတင်းကို ရှားဖောင်က ပြောပြပေးပါမယ်။
ဂီတဆိုတာအသံကိုနားဆင်ရုံတင်မဟုတ်ဘဲစီးချက်နဲ့ စိတ်ကူးစိတ်သန်းတွေကိုသင်ယူလေ့လာရတာတွေပါ။ ဒါပေမယ့်မသန်စွမ်းသူအချို့ကတော့ဒီလိုသင်ယူနိုင်ဖို့လက်လှမ်းမမှီနိုင်ကြသေးပါဘူး။ ပိုလန် တီထွင်ဖန်တီးသူတွေဟာလူတိုင်းတီးခတ်လို့ရနိုင်တဲ့တူရိယာတခုကိုဖန်းတီးလိုက်ပါတယ်။ Kevin Enochs ရဲ့ ဆောင်းပါးကိုရှားဖောင်ကတင်ပြထားပါတယ်။
FIFA ဖလားနဲ့ ရုရှားဘောလုံးလောက
နူးကလီးယား စက်ရုံ မတော်တဆ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီလုပ်ငန်းကို စွန့်လွတ်ဖို့ နိုင်ငံတချို့က ပြည်သူလူထုတွေ ဦးဆောင်ပြီး ဖိအားပေးမှုတွေ လုပ်ဆောင်လာနေပါတယ်။ နူးကလီးယား စွမ်းအင်ဟာ လေထုညှစ်ညမ်းမှုတွေကို သိသိသာသာ လျော့နည်းစေတယ်လို့လည်း ထုတ်လုပ်သူတွေက ပြောပါတယ်။ ရှားဖောင်က တင်ပြပေးပါမယ်။
ကရင်ဒုက္ခသည် ကိုထွန်းလုံစိန် ဆီကို အင်္ဂါနေ့က သူ အမေရိကန်ကို လာဖို့ တာဝန်ယူ ခေါ်ခဲ့တဲ့ ဘာသာရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Episcopal Migration Ministries အဖွဲ့က တာဝန်ရှိသူ တဦးအပြင် ရှေ့နေတဦးနဲ့ ဘာသာပြန် တို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ပြီးခဲ့တဲ့တပတ်က အမေရိကန်လေကြောင်းလိုင်းပေါ်ကနေ လိုက်ပါလာတဲ့ မြန်မာဒုက္ခသည်တဦး လေယာဉ်ပေါ်ကနေ ခုန်ချထွက်ပြေးဖို့ကြိုးစားရင်း လေယာဉ်မယ်ကိုကိုက်ခဲ့တဲ့ကိစ္စနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ အမှုကို လူအများ စိတ်ဝင်တစားဖြစ်ခဲ့ရပါတယ်။ သူဘာကြောင့် အခုလို လုပ်ခဲ့ရသလဲဆိုတာ အခု ထိထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သူဟာ ဗဟိုအစိုးရရဲ့ ပုဒ်မတပ်ခံထားရတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်သူတွေကပြောပါတယ်။
ဗြိတိန်နိုင်ငံ Manchester မြို့မှာ တနင်္လာနေ့ညက အသေခံ ဗုံးဖေါက်ခွဲမှု ဖြစ်ခဲ့တဲ့ အတွက် လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ အသေခံဗုံးခွဲသူ ဘယ်သူလဲ ဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆို ထားသလို လက်ရှိ ဗြိတိန်နိုင်ငံရဲ့အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်ကိုလည်း အမြင့်ဆုံးအဆင့် သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံအတွင်း တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့အတွက် မေလ ၂၄ ရက်၊ နေပြည်တော်မှာ ဒုတိယ အကြိမ် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးကြောင်းနဲ့ ညီလာခံဖြစ်မြောက်ရေးမှာ ကြိုးပမ်းကြတဲ့ သူတွေအားလုံးကို ချီးကျူးကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ကပြောပါတယ်။
၁၈၀၀ ပြည့်နှစ်အလယ်ပိုင်းကာလ ကယ်လီဖိုးနီးယားက ရွှေကျင်လုပ်ငန်းတွေအောင်မြင်လာတာကြောင့် အမေရိကန်အနောက်ဘက် ကမ်းရိုးတန်းဒေသဖက်ကို တရုတ်လူမျိုးတွေ ရောက်လာကြပြီး ကယ်လီဖိုးနီးယားက ဝိုင်လုပ်ငန်းမှာ ပါဝင်လာကြပါတယ်။ကယ်လီဖိုးနီးယားပြည်နယ် Sonoma အရပ်ကနေ Elizabeth Lee သတင်းပေးပို့ထားတာကို ရှားဖောင်တင်ပြပေးပါမယ်။
မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ ထိုင်းသတ္တုတွင်းလုပ်ငန်း ကုမ္ပဏီတခုက တရားစွဲဆိုခြင်းခံထားရတဲ့ ထိုင်းသတင်းထောက် Pratch Rujivanarong ရဲ့အမှုကို ရုပ်သိမ်းပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အပါအဝင် ထိုင်းနဲ့ မြန်မာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သဘာ၀ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေ ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်