၂၀၂၄ခုနှစ်အတွင်း ရခိုင်နဲ့ ရှမ်းမှာရှိနေတဲ့ စစ်ဌာနချုပ် ၂ ခုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအတွက် မဟာဗျူဟာမြောက်အထိနာခဲ့ပေမဲ့ မြန်မာပြည်သူတွေလွတ်မြောက်ဖို့ လမ်းကတော့ နီးလာနေပြီလို့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါ၀င်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ခရစ္စမတ်နေ့ဆို မိသားစုတွေ တွေ့ဆုံပြီး ညစာအတူစားကြ၊ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးကြနဲ့ မိသားစုရဲ့ ချစ်ချင်းမေတ္တာကို အထူးတွေ့ရတာပါ။ မကြေးမုံက သူ့ရဲ့ ခရစ္စမတ်နေ့ အကြောင်း မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
နှစ်သစ်ကူးချိန်ဆို ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ နှစ်သစ်ဆုတောင်းသံတွေ လွင့်ပျံ့နေတာပါ။ နှစ်ကူးအတွက် ထွန်းလင်းထားတဲ့ မီးရောင်စုံတွေ၊ ပျော်ပွဲရွှင်ပွဲတွေကြားမှာ ရှိမနေနိုင်တဲ့ တော်လှန်ရေးရဲဘော်တွေ မျှော်မှန်းတဲ့ အနာဂတ်ကလည်း ထွန်းလင်းတောက်ပနေပါတယ်။ နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ပြထားပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်ဟာ ဒုတိယကမ္ဘာစစ်ပွဲ နောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခ အများဆုံးနှစ်တခု ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်းတွေက ဖော်ပြကြပါတယ်။ ၂၀၂၄ နှစ်အတွင်း လောင်ကျွမ်းခဲ့တဲ့ စစ်မီးတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ မှာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်၊ ကုန်ဈေးနှုန်းတွေ မြင့်တက်တာတင်မက သဘာဝဘေးဒဏ်တွေကြောင့် လယ်ယာစိုက်ပျိုးရေးကို အထူး ထိခိုက်ခဲ့ရတာပါ။ တနှစ်တာ လယ်ယာစီးပွားအခြေအနေ သတင်းတွေကို စုစည်းပြီး Farmer Times Media က နှစ်ကုန်အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးထားပါတယ်။
မြန်မာ့အရေးမှာ “တရုတ် မုန်းတီးရေး” ကို ရှေ့တန်းတင်လို့ မရဘူးလို့ သုတေသီတချို့က သုံးသပ်သလို တရုတ်နဲ့ ဆက်ဆံရေးကို NUG အနေနဲ့ ပိုပြီး နားလည်ဖို့ လိုတယ်၊ စစ်ကောင်စီကလည်း တရုတ်နဲ့ လုံခြုံရေး ပူးပေါင်းမှုအထိ လုပ်လာရနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍပေါင်းစုံနည်းတူ စိုက်ပျိုးရေးကဏ္ဍဟာလည်း အခက်အခဲ ပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရုန်းကန်နေရပါတယ်။
၂၀၂၄ က တောင်သူတွေအတွက် ပျက်စီးမှု အများဆုံးနဲ့ ဆုံးရှုံးမှု ကြီးမားတဲ့နှစ် ဖြစ်တယ်
မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်ကို ပြန်ပြောင်းကြည့်တဲ့အခါ ကမ္ဘာတလွှား စစ်မက်ဖြစ်ပွားတာတွေ၊ နိုင်ငံရေး အပြောင်းအလဲတွေ၊ ကပ်ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်းတွေမှာ လွှမ်းမိုးနေတာ တွေ့ရပါတယ်။ ဒီသတင်းတွေကို ကိုအောင်လွင်ဦးက စုစည်းပြီး မမြသဇင်အောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်မှာ ဒေါ်နယ်ထရမ့်တက်တဲ့အခါ အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် တရုတ်ပို့ကုန်တွေ မထိခိုက်ရအောင် ကျားကန်ပေးဖို့ တရုတ်အစိုးရပေါ် ဖိအားပေးနေတဲ့အကြောင်းနဲ့ ဗီယက်နမ်မှာ လေထုညစ်ညမ်းမှု ဆိုးလာတာကြောင့် လျှပ်စစ်ဆိုင်ကယ်တွေ ပိုသုံးစွဲဖို့ ပြင်ဆင်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တောတောင်ကြားက ကျောက်ဂူတွေမှာကျင်းပရတဲ့ ၂၀၂၄ ကရင်နီတိုင်းရင်းသားတွေရဲ့ ခရစ္စမတ်ပွဲ၊ သံတွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တဦးသေ၊ ၆ ဦးဒဏ်ရာရ၊ ဗန်းမော်ပညာရေးတက္ကသိုလ်နားက ကာကင်းစခန်းတွေ KIA သိမ်းယူ၊ တောင်ပိုင်းချင်းပြည်နယ်မှာ စစ်ကောင်စီကင်းရှင်းသွားပြီဖြစ်ကြောင်း ချင်းညီနောင်မဟာမိတ်အဖွဲ့ ကြေညာ...စသည်.
ဆူနာမီငလျင်လှိုင်းတွေကြောင့် လူတွေ သိန်းချီသေဆုံးခဲ့တဲ့ အနှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနား ဒီနေ့ ထိုင်းနိုင်ငံ ဖန်ငခရိုင် ခေါင်လတ်ကမ်းခြေမှာ မိသားစုဆုံးရှုံးခဲ့တဲ့ ထိုင်းနဲ့ နိုင်ငံခြားသားတွေ ကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူတွေ စုပေါင်းကျင်းပပါတယ်။ ကိုသိန်းထိုက်ဦး ခေါင်လတ်ကမ်းခြေကနေ သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်