ကွယ်လွန်သွားပြီ ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ လူမှုကူညီရေး အလုပ်တွေမှာ စေတနာ့ဝန်ထမ်းတွေ၊ ထောက်ပံ့သူတွေ အဖြစ်ပါဝင်ခဲ့သူတွေ ကို Kane Farabaugh က မေးမြန်းထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကမှာ မွေးဖွားပြီး ငယ်စဥ်ကတည်းက ဂီတပညာရပ်ကို နာမည်ကျော်ကျောင်းတွေမှာ လေ့လာသင်ကြားခဲ့တဲ့ Austin Chen ဟာ မြန်မာတေးသီချင်းတွေကို အနောက်တိုင်း စန္ဒယားတီးခတ်ဟန်နဲ့ ပြန်လည် ဖန်တီးသလို စန္ဒယားပညာရပ်ကိုလည်း သင်ကြားပို့ချပေးနေသူပါ။ ရေမြေခြားမှရုပ်ပုံလွှာ အစီအစဥ်မှာကိုအောင်အောင် စီစဥ် တင်ဆက်ထားပါတယ်။
နှစ်သစ်ကူးရာသီကာလ ရခိုင်နဲ့ကရင်ပြည်နယ်တွေအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု သေကြေဒဏ်ရာရာသတင်းတွေနဲ့အတူ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲတွေအတွင်း ကျဆုံးရဲဘော် ၁၀၀ နဲ့ ၄၀၀ ကျော်ဒဏ်ရာရခဲ့၊ နိုင်ငံတဝန်းအကျင်းထောင်တွေထဲမှာတော့ ညှင်းပန်းနှိပ်စက်ခံရမှုတွေကြောင့် သေဆုံးသူနိုင်/ကျဥ်း ၃၁ ရှိ-စသည်
လေ့ကေ့ကော် ထီးမယ်ဝါးကီး အပြင် နိုင်ငံတဝန်းက စစ်ရှောင်ပြည်သူတွေကိုပါ လက်ခံကူညီစောင့်ရှောက်ပေးနေတဲ့ ပလောတပို့ စစ်ရှောင်စခန်းတာဝန်ခံ နော်ဖောလွဲကို ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းမှာ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
Las Vegas မြို့၊ Trump International ဟိုတယ်အပြင်ဘက်မှာ Tesla ကုမ္ပဏီထုတ် Cybertruck ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ အခြားသူများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း ကိုဝင်းခန့်မောင်ပြောပြပေးမှာပါ။
ကမ္ဘာတဝန်း စွန့်ပစ် ပလတ်စတစ်အမှိုက်တွေဟာ နှစ်စဥ် မက်ထရစ် တန်ချိန် သန်း ၄၃၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုက ပြန်လည် အသုံးပြုလို့မရတဲ့ တခါသုံး ပလတ်စတစ်အမှိုက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ပလတ်စတစ် အမှိုက်တွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မှာ အိန္ဒိယတစ်လွှားက ဘာသာရေးယုံကြည်သူများဟာ ဆုတောင်းပတ္ထနာပြုခြင်း၊ သန့်စင်သော ရေချိုးခြင်းနှင့် ဟိန္ဒူနတ်ဘုရားတွေရဲ့ ကောင်းချီးမင်္ဂလာရရှိဖို့ ဘာသာရေးဝတ်ပြုမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ဆလုံလူမျိုးစုတွေက ရေလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတာပါ။ အခုအခါမှာတော့ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပင်လယ်ပျော် ဌာနေတိုင်းရင်းသားတွေက ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့ သူတို့ရဲ့ ပင်လယ်ပျော်ဘဝကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြရပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်လာတဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အကျပ်အတည်းတွေနဲ့ စစ်ရေးပဋိပက္ခတွေဟာ ၂၀၂၄ ခုနှစ်မှာလည်း ဆက်ကြုံနေရဆဲပါ။ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံပုံရိပ်ကို ကိုသားညွန့်ဦးက စုစည်းတင်ဆက်ထားပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump နဲ့ ရီပတ်ဘလစ်ကန်ပါတီ ဘာကြောင့် အနိုင်ရခဲ့သလဲ၊ ရွေးကောက်ပွဲဝင် ကတိစကားတွေထဲက ဘယ်လိုအကြောင်းအရာတွေကို Trump သမ္မတတာဝန်ယူချိန်မှာ စတင် အကောင်အထည် ဖေါ်နိုင်မလဲ၊ မြန်မာနွယ်ဖွားတွေရဲ့ မျက်မှောက် အမေရိကန်နိုင်ငံရေး သုံးသပ်ချက်တွေကို ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ပြင်ထန်းတဲ့စစ်ပွဲတွေဟာ အနောက်ရိုးမကိုကျော်ပြီး အဓိက မြေလတ်ဒေသကို ဆင်းလာဖို့များတဲ့အတွက် မကွေးတိုင်း နဲ့ ပဲခူးတိုင်းအနောက်ပိုင်းက စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ဒီနှစ် ၂၀၂၅မှာ အဆိုးဆုံး အခြေနေကို ကြုံတွေ့ရနိုင်တယ်လို့ တောင်သူလယ်သမားတွေက ခန့်မှန်းနေကြပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းပြည်နယ်တွေမှာ မြင်းဆွဲ နှင်းလျှောစီး အားကစားနည်းတမျိုး အင်မတန်ရေပန်းစားပါတယ်။ မြင်းစီးသူရဲ့နောက်ကနေ နှင်းလျှောစီးသူက အခက်အခဲမျိုးစုံကျော်လွှားပြီး နှင်းလျှောစီးပြိုင်ရတဲ့ Skijoring ဆိုတဲ့ အားကစာနည်းတမျိုးကို မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ လေ့လာရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်