နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ (BWU) က ထုတ်ပြန်၊ နယ်မြေလုံခြုံမှု မရှိသေးတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီက တက္ကသိုလ်ကျောင်းတွေ အမြန် ပြန်ဖွင့်နိုင်ရေး စီစဉ်၊ စသည်..
တရုတ်၊ အစ္စရေးနဲ့ မြန်မာတို့ဟာ သတင်းစာဆရာတွေကို အကျဥ်းချရာမှာ အဆိုးဆုံး တိုင်းပြည်တွေ ဖြစ်ကြပါတယ်။ တကမ္ဘာလုံးမှာ သတင်းထောက် အနည်းဆုံး ၃၆၁ ယောက်ဟာ အကျဥ်းကျနေကြတာကို သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ CPJ က စာရင်းတင်ထားပါတယ်။ Cristina Caicedo Smit ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
TikTok အသုံးပြုမှု ပိတ်ပင်ရေး ဥပဒေကို ရက်ပေါင်း ၇၅ ရက် ဆိုင်းငံ့ပေးပြီး အမေရိကန်ဝယ်သူရှာဖို့အတွက် တကျော့ပြန် သမ္မတဖြစ်လာတဲ့ Donald Trump က သမ္မတ အမိန့်လက်မှတ်ရေးထိုးလိုက်တာကို အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုသူ သန်းပေါင်းများစွာက စောင့်ကြည့်နေကြပါတယ်။ ဒီအကြောင်း မခင်လေးက တင်ပြမှာပါ။
အသက် ၂၃ နှစ်အရွယ် အမေရိကန် စစ်မှုထမ်းဟောင်း Manus McCaffery ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းစစ်တပ်ထဲကို သွားရောက်ပြီး ကိုယ့်ဆန္ဒအလျောက် စစ်မှုထမ်းခဲ့သူပါ။
ပြည်ပကနေ အမေရိကန်ပြည်ထောင်စုထဲ ဒုက္ခသည်တွေ နေထိုင်နေရာချထားခွင့်အစီအစဉ် USRAP ကို ပြန်စိစစ်ဖို့ ဆိုင်းငံ့ထားမယ်ဆိုတဲ့ Trump ရဲ့ သမ္မတအမိန့်ကြောင့် အမေရိကန်ပြည်ထောင်စုကို လာဖို့ လနဲ့ချီ စီစဉ်လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေပါ အခက်ကြုံနေရပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တို့ အပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ တရုတ်ဘက်က ကြေညာခဲ့ပေမဲ့၊ ကာယကံရှင်အဖွဲ့တွေကတော့ မကြေညာသေးပါဘူး။ MNDAA နဲ့ မြန်မာစစ်ကောင်စီတို့ အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံက ပြောလိုက်တဲ့နေ့မှာပဲ တရုတ်က အရင် ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေလည်း ပြန်ပွင့်လာပါတယ်။
မြန်မာနိုင်ငံနယ်စပ်က က ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ တရုတ်ရဲ့နည်းဗျူဟာ မအောင်မြင်တာကို ပြသနေတယ်လို့ စောင့်ကြည့်သုတေသီတဦးက သုံးသပ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒေသပျက်စီးအောင်နဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်နယ်နေ့ သဝဏ်လွှာတွေပေးပို့ရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းက တိုက်စစ်မှူး အာလင်ဟာလန်ကို စံချိန်တင် စာချုပ်ထပ်မံချုပ်ဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး Denis Law အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလို အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
တချိန်က ဆန်စပါး ထုတ်လုပ်ရောင်းချရာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း ကျဆင်းလာရာက မနှစ်ကဆိုရင် ဆန်ကွဲတွေကို အဓိကထား ရောင်းရတဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ဆက်ထားပါတယ်။
ကိုရီးယားဇတ်လမ်းတွဲတွေ၊ K-Pop ဂီတတွေကြောင့် တောင်ကိုရီးယားနိုင်ငံကို သွားလည်ချင်သူတွေ တနေ့တခြား ပိုများလာနေပါတယ်။ အဲဒီလို ကမ္ဘာလှည့်ဧည့်သည်တွေအတွက် ကိုရီးယားခရီးသွားလုပ်ငန်းတွေ ဘယ်လိုပြင်ဆင် ကြိုဆိုနေသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ တောင်ကိုရီးယားသွားပြီး လေ့လာရအောင်ပါ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတ အိမ်ဖြူတော်ကို တနင်္လာနေ့က ပြန်ရောက်တာနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စကနေ စွမ်းအင်ဖွံ့ဖြိုးမှု ကိစ္စအထိ သမ္မတ အမိန့်တွေ အမြောက်အမြားထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ကျမ်းကျိန် မိန့်ခွန်းမှာလည်း အမေရိကန် နယ်မြေတွေကို အင်္ဂါဂြိုလ်အထိ ချဲ့ထွင်မယ်လို့ ကတိပေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်