အမေရိကန်သမ္မတ Joe Biden က ချမ်းသာတဲ့ လူနည်းစုကသာ အာဏာကို ချုပ်ကိုင်လာနိုင်တဲ့ အန္တရယ်နဲ့ ပတ်သက်လို့ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း သတိပေး ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ အထူးဒီဇိုင်းဖော် စိုက်ပျိုးထားတဲ့ စပါးခင်းက ရပ်နီး၊ ရပ်ဝေးမှာ နာမည်ကျော်ပြီး ဒီဇင်ဘာလက စတင်ဖွင့်လှစ်ပြသကတည်းက ကျောင်းသားတွေ၊ မိသားစုတွေနဲ့ ဒေသခံတွေ ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုကြတာပါ။
ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ချင်းပြည်နယ်မှာ စစ်တပ်ကင်းစင်စေမယ်ဆိုတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်နယ်တိုက်ပွဲတွေကြားက ပြည်သူတွေရဲ့စားဝတ်နေရေးခက်ခဲမှု၊ ကျောက်စိမ်းတွင်းနွံကန်ပေါက်လို့သေသူ ၃၀ ကျော် - စတဲ့သတင်းတွေ နားဆင်ရမှာပါ။
အစ္စရေးနဲ့ ဟားမက်စ်အကြား အဆင့် ၃ ဆင့်ပါဝင်တဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရသွားပြီး စစ်သွေးကြွအဖွဲ့က တနှစ်ကျော်ကြာ ဖမ်းဆီးထားတဲ့ ဓားစာခံတချို့ကို ပြန်လွှတ်ပေးမှာပါ။ အမေရိကန်သမ္မတဘိုင်ဒန်က ဒီသဘောတူညီချက်ကို ချီးကျူးလိုက်ပြီး သူ့နေရာကိုဆက်ခံမယ့် ဒေါ်နယ်ထရမ့်ကိုလည်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျသွားတာဟာ ဒေသတွင်း လွှမ်းမိုးမှုအတွက် အီရန်နဲ့ယှဉ်ပြိုင်ရာမှာ တူရကီရဲ့ နောက်ဆုံးအောင်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် အီရန်မှာလည်း အန်ကာရာနဲ့ ပြိုင်ဆိုင်ဖို့ အခွင့်အလမ်းတွေ ကျန်နေသေးတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာ လက်ရှိအကြပ်အတည်းက လွတ်မြောက်နိုင်ရေး အားလုံးပါတဲ့ဆွေးနွေးပွဲဖြစ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အပစ်ရပ်အဖွဲ့တွေက ပြောလိုက်ပါတယ်။ 7 EAO Alliance ခေါ် အပစ်ရပ်တိုင်းရင်းသားအဖွဲ့ (၇) ဖွဲ့အနေနဲ့ တတိယအကြိမ် ဦးဆောင်အဖွဲ့ အစည်းအဝေးကျင်းပပြီး၊ အခုလို တနေ့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တာပါ။
Donald Trump သမ္မတသစ်အဖြစ် တက်လာရင် ကိုယ့်နေရပ်ကို ပြန်ဖို့ မလုံခြုံတဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ ယာယီနေထိုင်ခွင့် Temporary Protected Status (TPS) နဲ့ ပေးနေထိုင်တဲ့ အခွင့်အရေးကို ပြန်ရုပ်သိမ်းမှာကို စိုးရိမ်နေကြပါတယ်။
လော့စ်အိန်ဂျယ်လိစ် တောမီးကြီးတောက်လောင်နေတာကို ဝိုင်းဝန်းငြိမ်းသတ်ပေးတဲ့ သူတွေထဲမှာ အကျဉ်းထောင်သားတွေလည်း ပါဝင်တာပါ။ တောမီးကူးဆက်တာကို တားဆီးဖို့ မီးတားတွေဖော်တာမှာ ပါဝင်တာရှိသလို မီးသတ်သမားတွေကို ပံ့ပိုးပေးတဲ့ တာဝန် ယူနေကြတာလည်း ရှိပါတယ်။
တရုတ်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွါးမှု တိုးလာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နောက်ထပ် ကပ်ရောဂါတမျိုးကြုံလာမှာကို နိုင်ငံတကာက စိုးရိမ်နေပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးဟာ ကိုဗစ်နဲ့ မတူဘူးလို့ ဆေးပညာရှင်တွေကပြောတဲ့ အကြောင်း VOA သတင်းထောက် Dora Mekouar ရဲ့သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
လေကြောင်းကုမ္ပဏီတွေက လျှပ်စစ်စွမ်းအင်သုံး လေယာဉ်အမျိုးအစား ရဟတ်ယာဉ် taxi သစ်တွေကို အများပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ စမ်းသပ်နေကြပါတယ်။ ဒီရဟတ်ယာဉ် taxi တွေက မြေပြင်တက္ကစီကားတွေထက် အချိန်ကုန်သက်သာစေပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီးအလိမ္မာပြောပြပေးပါမယ်။
ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၀ မှာ သမ္မတတာဝန် လွှဲပြောင်းယူတဲ့အခါ အစိုးရအသုံးစရိတ်တွေ လျှော့ချသွားမယ်လို့ ကတိပြုထားပါတယ်။ ဒီလို အစိုးရရဲ့ အခန်းကဏ္ဍ လျှော့ချဖို့ စိတ်ကူးက အခုမှမဟုတ်ပဲ အရင်ကလည်း အမေရိကန်ခေါင်းဆောင်တွေ လုပ်ဆောင်ချင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကိုစည်သူ တင်ပြထားပါတယ်။
အင်ဒိုနီးရှားနည်းပြသစ် Patrick Kluivert က လာမယ့် ကမ္ဘာ့ဖလားအတွက် သူ့ရဲ့ ရည်မှးန်ချက်ကို ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ အိုလံပစ်ရေကူးချန်ပီယံဟောင်းတဦး LA တောမီးလောင်ကျွမ်းမှုအတွင်း သူ့ရဲ့ဆုတံဆိပ်တွေကို ထားပြီးထွက်ပြေးခဲ့ရပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်