ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးကြတဲ့ ပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မှာ ပစ္စည်းတွေ ထုတ်ရင် ထုတ်၊ မထုတ်ရင် သွင်းကုန်ခွန် ပေးရမယ်ဆိုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပေါ် ထားရှိတဲ့သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း Anita Powell ရဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်သမ္မတ Donald Trump သဘာဝဘေးအန္တရာယ်သင့် ဒေသတွေကို ဒီကနေ့ သွားရောက်ဖို့ ရှိနေတာနဲ့ အနာဂတ်မှာ လေယာဉ်မှူးတွေ ပိုလိုအပ်လာနေတာကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အကြောင်းအရာတွေကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အိန္ဒိယသမုဒ္ဒရာတွင်းက နိုင်ငံတွေမှာ တရုတ်နိုင်ငံက တိုးချဲ့ပြီး ခြေကုပ်ယူလာနေတာတွေကို အရှိန်အဟုန်မြှင့်ပြီး တန်ပြန်သွားဖို့အတွက် အိန္ဒိယနိုင်ငံက စစ်သင်္ဘော အသစ် ၃ စင်းကို မကြာသေးခင်ကပဲ တရားဝင် ကြေညာလိုက်ပါတယ်။ Anjana Pasricha နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေအကြောင်း ထဲထဲဝင်ဝင်သိတဲ့ ပညာရှင် Amitav Acharya ရေးသားတဲ့ “ကံကြမ္မာ ဆိုးတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘာကြောင့်/ ဘယ်လို ကျရှုံးသွားရသလဲ” စာအုပ်ကို ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ ဒီနေ့ မိတ်ဆက်ခဲ့ပါတယ်။
တီဘီရောဂါ ကူးစက်မှု လျော့ချရေးနဲ့ ပပျောက်စေရေး တာဝန်ယူ၊ တာဝန်ခံမှု ရှိကြဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ ဒီအကြောင်း ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ကိုဝင်းမင်းက မေးထားပါတယ်။
အမေရိကတိုက် မြောက်ပိုင်းက ဆောင်းခိုငှက်တွေဟာ ကမ္ဘာ့ပူနွေးတဲ့ဒေသတွေထဲက တခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အနောက်တောင်ဖက်ကို အစုလိုက် ရွှေ့ပြောင်းလာနေကြပါတယ်။ ဒီအကြောင်း နယူးမက္ကဆီကိုပြည်နယ်က ဗွီအိုအေ သတင်းထောက် Gustavo Martínez Contreras သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ (BWU) က ထုတ်ပြန်၊ နယ်မြေလုံခြုံမှု မရှိသေးတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီက တက္ကသိုလ်ကျောင်းတွေ အမြန် ပြန်ဖွင့်နိုင်ရေး စီစဉ်၊ စသည်..
တရုတ်၊ အစ္စရေးနဲ့ မြန်မာတို့ဟာ သတင်းစာဆရာတွေကို အကျဥ်းချရာမှာ အဆိုးဆုံး တိုင်းပြည်တွေ ဖြစ်ကြပါတယ်။ တကမ္ဘာလုံးမှာ သတင်းထောက် အနည်းဆုံး ၃၆၁ ယောက်ဟာ အကျဥ်းကျနေကြတာကို သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ CPJ က စာရင်းတင်ထားပါတယ်။ Cristina Caicedo Smit ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
TikTok အသုံးပြုမှု ပိတ်ပင်ရေး ဥပဒေကို ရက်ပေါင်း ၇၅ ရက် ဆိုင်းငံ့ပေးပြီး အမေရိကန်ဝယ်သူရှာဖို့အတွက် တကျော့ပြန် သမ္မတဖြစ်လာတဲ့ Donald Trump က သမ္မတ အမိန့်လက်မှတ်ရေးထိုးလိုက်တာကို အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုသူ သန်းပေါင်းများစွာက စောင့်ကြည့်နေကြပါတယ်။ ဒီအကြောင်း မခင်လေးက တင်ပြမှာပါ။
အသက် ၂၃ နှစ်အရွယ် အမေရိကန် စစ်မှုထမ်းဟောင်း Manus McCaffery ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းစစ်တပ်ထဲကို သွားရောက်ပြီး ကိုယ့်ဆန္ဒအလျောက် စစ်မှုထမ်းခဲ့သူပါ။
ပြည်ပကနေ အမေရိကန်ပြည်ထောင်စုထဲ ဒုက္ခသည်တွေ နေထိုင်နေရာချထားခွင့်အစီအစဉ် USRAP ကို ပြန်စိစစ်ဖို့ ဆိုင်းငံ့ထားမယ်ဆိုတဲ့ Trump ရဲ့ သမ္မတအမိန့်ကြောင့် အမေရိကန်ပြည်ထောင်စုကို လာဖို့ လနဲ့ချီ စီစဉ်လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေပါ အခက်ကြုံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်