ရွေးကောက်ခံ သမ္မတ Donald Trump ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတတာဝန် စတင်ထမ်းဆောင်မှာပါ။ ၄၇ ယောက်မြောက် အမေရိကန်သမ္မတအနေနဲ့ လူထုအတွက် ဘာတွေလုပ်ပေးဖို့ မျှော်လင့်နေကြလဲဆိုတာနဲ့ ပတ်သက်ပြီး Scott Stearns ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာထုတ်ပြန်တဲ့ ဆိုင်ဘာလုံခြုံရေးဥပေဒဟာ အွန်လိုင်းသုံးသူတွေ လုံခြုံရေးထက် စိုးရိမ်ရတဲ့ ဥပဒေဖြစ်နေပါသလား။ မရည်ရွယ်ဘဲ ဥပဒေချိုးဖောက်ရာ မရောက်အောင် ဘာတွေသတိထားသင့်သလဲဆိုတာကို မစုမြတ်မွန်က ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူနဲ့ မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ကမ္ဘာကျော်အဆိုတော်ကြီး Rod Stewart အသက် ၈၀ ပြည့်သွားပါပြီ။ အမေရိကန်မယ် Miss America သရဖူကိုတော့ Alabama ပြည်နယ်က သူနာပြုကျောင်းသူလေး ဆွတ်ခူးသွားပါတယ်။ ဒီလို နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းတွေကို ဒီတပတ်သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ရန်ကုန်မှာ ဇန်နဝါရီ ၅ ရက်နေ့ကစပြီး တနေ့ ၄ နာရီသာ လျှပ်စစ်မီးပေးနိုင်တော့မယ်ဆိုတဲ့သတင်းတွေ ဆိုရှယ်မီဒီယာမှာ အတော်လေး နေရာယူလာတာ တွေ့ရပါတယ်။ ဘာ့ကြောင့် စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီးမှန်အောင် မပေးနိုင်ရသလဲဆိုတဲ့အကြောင်း ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
ရှမ်းမြောက်နဲ့ ရခိုင်ဒေသတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအများစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ ဒီအထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိတဲ့ စီမံကိန်းတွေလည်း ပါဝင်ပါတယ်။
ဒီအပတ် နော်သဇင်က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာရှိတဲ့ Disney Land အပန်းဖြေ ကစားကွင်းကြီးကို သွားလည်ခဲ့ပါတယ်။ ကိုယ့်ရဲ့ ငယ်ဘဝကို ပြန်လည်တမ်းတစေရတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ Disney Land ကို နော်သဇင်နဲ့အတူ သွားလည်ပတ်ကြရအောင်ပါ။
အမေရိကန်မှာ ပြောနေတဲ့ စကားတွေထဲမှာ ၂၀၂၄ ခုနှစ် အတွင်း ခေတ်အစားဆုံး ဗန်းစကားအသုံးအနှုန်းတွေနဲ့ ပက်သတ်ပြီး မကြေးမုံက အမေရိကန်အင်္ဂလိပ်စကားနဲ့ ရောပြီး ရှင်းပြထားပါတယ်။ မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာ၀င်တွေဟာ ပီနန်ကျွန်းမှာ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ဆောက်လုပ် ကိုးကွယ်ထားပါတယ်။ မြန်မာပြည်သား ဗုဒ္ဓဘာသာ၀င်တွေရဲ့ ဘုန်းတော်ကြီးကျောင်းတွေအကြောင်း နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လူတိုင်းတန်းတူ ပညာသင်ကြားခွင့် ရရှိပြီး အမြင်အာရုံ ချို့ယွင်းနေသူတွေကို ပညာရေးနဲ့ မဝေးစေဖို့ “စာဖတ်သံ" ဆိုတဲ့ ပရဟိတလုပ်ငန်းလေးကို အထက်တန်း ကျောင်းသူလေး မခင်ခင်ကျော်နဲ့ စေတနာရှင်တွေ ဖွဲ့စည်းလုပ်ဆောင်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
အမေရိကန်မှာ ကျင်းပနေတဲ့ CES အီလက်ထရောနစ် ပြပွဲမှာ AI ဉာဏ်ရည်တုနဲ့ စာအုပ်ဖတ်ပြနိုင်တဲ့ Software ပြထား၊ ဘရာဇီးလ်က အသက် ၁၁၆ နှစ် ခရစ်ယာန် သီလရှင်ကြီးကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်၊ ဒီလို ကမ္ဘာတလွှားက ဒီလို ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း တနေ့တခြား တိုးများလာတဲ့ ဆိုင်ဘာရာဇဝတ်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှု အန္တရာယ်အများဆုံး နိုင်ငံတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
AA အနေနဲ့ စစ်တွေနဲ့ ကျောက်ဖြူကို မသိမ်းနိုင်သေးတာက တရုတ်ဖိအားထက် ဒေသအခြေအနေကြောင့်ဖြစ်ပြီး၊ ရခိုင် ပြင်ပလှုပ်ရှားမှုကလည်း စစ်ရေးလိုအပ်ချက်နဲ့ နွေဦးတော်လှန်ရေးရဲ့ တစိတ်တဒေသလို့ Cornell တက္ကသိုလ်မှာ ပါရဂူကျမ်းပြုနေတဲ့ သုတေသီ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်