တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒေသပျက်စီးအောင်နဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်နယ်နေ့ သဝဏ်လွှာတွေပေးပို့ရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းက တိုက်စစ်မှူး အာလင်ဟာလန်ကို စံချိန်တင် စာချုပ်ထပ်မံချုပ်ဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး Denis Law အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလို အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
တချိန်က ဆန်စပါး ထုတ်လုပ်ရောင်းချရာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း ကျဆင်းလာရာက မနှစ်ကဆိုရင် ဆန်ကွဲတွေကို အဓိကထား ရောင်းရတဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ဆက်ထားပါတယ်။
ကိုရီးယားဇတ်လမ်းတွဲတွေ၊ K-Pop ဂီတတွေကြောင့် တောင်ကိုရီးယားနိုင်ငံကို သွားလည်ချင်သူတွေ တနေ့တခြား ပိုများလာနေပါတယ်။ အဲဒီလို ကမ္ဘာလှည့်ဧည့်သည်တွေအတွက် ကိုရီးယားခရီးသွားလုပ်ငန်းတွေ ဘယ်လိုပြင်ဆင် ကြိုဆိုနေသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ တောင်ကိုရီးယားသွားပြီး လေ့လာရအောင်ပါ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတ အိမ်ဖြူတော်ကို တနင်္လာနေ့က ပြန်ရောက်တာနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စကနေ စွမ်းအင်ဖွံ့ဖြိုးမှု ကိစ္စအထိ သမ္မတ အမိန့်တွေ အမြောက်အမြားထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ကျမ်းကျိန် မိန့်ခွန်းမှာလည်း အမေရိကန် နယ်မြေတွေကို အင်္ဂါဂြိုလ်အထိ ချဲ့ထွင်မယ်လို့ ကတိပေးခဲ့ပါတယ်။
LA တောမီးကို ငြှိမ်းသတ်ရေးမှာ အကျဉ်းသားတွေလည်း အားဖြည့်ကူညီသလို စိတ်ဖိစီးမှုတွေ ပြေလျော့ဖို့ ကြိုးစားပေးတဲ့ ခွေးတပ်သားလေးလည်းရှိပါတယ်။ ဆမ်ဆောင်းရေခဲသေတ္တာသစ်ကတော့ ဘာဟင်းချက်ရင်ကောင်းမလဲ အကြံပေးတတ်တာပါ။ ဒီလိုဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
သမ္မတ Donald Trump လက်ထက်မှာ အမေရိက ပထမဆိုတဲ့ ကြွေးကြော်သံအတိုင်း အစိုးရအနေနဲ့ အမေရိကန်လူထုအပေါ် ပိုပြီး ကြည့်ရှုစောင့်ရှောက်စေလိုတယ်လို့ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရရေး ပါဝင်ကြိုးပမ်းခဲ့သူတွေက ပြောပါတယ်။
သမ္မတ Trump ဟာ သူ့ရဲ့ ၄၇ ဦးမြောက်သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာပဲ အမေရိကန်ပဓာန ဆိုတဲ့ အယူအဆကို အခြေခံပြီး၊ အမေရိကန်ရွှေခေတ်ပြန်ရောက်ရမယ်ဆိုပြီး ကြုံးဝါးပြောဆိုခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှုတွေကို ပထမဆုံးနေ့မှာပဲ စတင် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Los Angeles မှာလောင်ကျွမ်းတဲ့မီးတွေထဲမှာ အဆိုးဆုံးမီးတခုဖြစ်တဲ့ Eaton Fire (အီတင်) မီးကို ကိုယ်တိုင် မြင်တွေ့ကြုံခဲ့ရတဲ့ Monrovia မြို့က မနီနီရဲ့ အတွေ့အကြုံတွေကို မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ကမ္ဘာကျော် ပေါ့အဆိုတော် Taylor Swift တရုတ်ပြည်ရှန်ဟိုင်းမြို့မှာ ဖျော်ဖြေဖို့ ဆွေးနွေးနေပါတယ်။ BTS အဖွဲ့က J-Hope ကတော့ တကိုယ်တော် ဖျော်ဖြေရေးထွက်မှာပါ။ ဒီလို နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြား သူတွေနဲ့ အနုပညာလောကက သတင်းတိုတိုထွာထွာတွေကို သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုပွဲ အထူး အစီအစဥ်အနေနဲ့ တင်ဆက်ပေးမှာပါ။ သူအနေနဲ့ သမ္မတတာဝန် စတင် ယူပြီးနောက် ဘယ်လို မူဝါဒတွေ စတင် အကောင်အထည်ဖေါ်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကိုအောင်အောင်ကို ဆက်သွယ်မေးမြန်းတင်ပြပါမယ်။
ဒီအပတ် နော်သဇင်က ပြင်သစ်နိုင်ငံ ပါရီမြို့က ကမ္ဘာအကြီးဆုံး အနုပညာပြတိုက်ကို သွားရောက် လေ့လာခဲ့ပါတယ်။ ပန်းချီကားတစ်ချပ်ကို စက္ကန့် ၃၀ ကြည့်ရင်တောင် ပန်းချီကားအားလုံးကို ကြည့်နိုင်ဖို့ ၄လလောက် အချိန်ယူရလောက်အောင် ကြီးတဲ့ Louvre လုဗ်ပြတိုက်ကို နော်သဇင်နဲ့အတူ လေ့လာကြရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်