အမေရိကန်မှာ ပြောနေတဲ့ စကားတွေထဲမှာ ၂၀၂၄ ခုနှစ် အတွင်း ခေတ်အစားဆုံး ဗန်းစကားအသုံးအနှုန်းတွေနဲ့ ပက်သတ်ပြီး မကြေးမုံက အမေရိကန်အင်္ဂလိပ်စကားနဲ့ ရောပြီး ရှင်းပြထားပါတယ်။ မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာ၀င်တွေဟာ ပီနန်ကျွန်းမှာ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ဆောက်လုပ် ကိုးကွယ်ထားပါတယ်။ မြန်မာပြည်သား ဗုဒ္ဓဘာသာ၀င်တွေရဲ့ ဘုန်းတော်ကြီးကျောင်းတွေအကြောင်း နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လူတိုင်းတန်းတူ ပညာသင်ကြားခွင့် ရရှိပြီး အမြင်အာရုံ ချို့ယွင်းနေသူတွေကို ပညာရေးနဲ့ မဝေးစေဖို့ “စာဖတ်သံ" ဆိုတဲ့ ပရဟိတလုပ်ငန်းလေးကို အထက်တန်း ကျောင်းသူလေး မခင်ခင်ကျော်နဲ့ စေတနာရှင်တွေ ဖွဲ့စည်းလုပ်ဆောင်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
အမေရိကန်မှာ ကျင်းပနေတဲ့ CES အီလက်ထရောနစ် ပြပွဲမှာ AI ဉာဏ်ရည်တုနဲ့ စာအုပ်ဖတ်ပြနိုင်တဲ့ Software ပြထား၊ ဘရာဇီးလ်က အသက် ၁၁၆ နှစ် ခရစ်ယာန် သီလရှင်ကြီးကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်၊ ဒီလို ကမ္ဘာတလွှားက ဒီလို ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း တနေ့တခြား တိုးများလာတဲ့ ဆိုင်ဘာရာဇဝတ်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှု အန္တရာယ်အများဆုံး နိုင်ငံတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
AA အနေနဲ့ စစ်တွေနဲ့ ကျောက်ဖြူကို မသိမ်းနိုင်သေးတာက တရုတ်ဖိအားထက် ဒေသအခြေအနေကြောင့်ဖြစ်ပြီး၊ ရခိုင် ပြင်ပလှုပ်ရှားမှုကလည်း စစ်ရေးလိုအပ်ချက်နဲ့ နွေဦးတော်လှန်ရေးရဲ့ တစိတ်တဒေသလို့ Cornell တက္ကသိုလ်မှာ ပါရဂူကျမ်းပြုနေတဲ့ သုတေသီ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ နိုင်ငံခြားက တင်သွင်းတဲ့ ဓာတ်မြေဩဇာ စျေးအဆမတန် မြင့်တက်နေလို့ သဘာဝဓာတ်မြေဩဇာ ဖော်စပ်အသုံးပြုနေရ၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီတပ်အတွက် ရုရှားတိုက်လေယာဉ် ၆ စင်း ထပ်မံရောက်ရှိ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မံစီမြို့ကို သိမ်းယူ၊ မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အကြမ်းဖက်ခံနေရသူ ၉ သန်းနီးပါး ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဟောလီးဝုဒ်ထိပ်တန်းအနုပညာရှင် ၂ ဦး အိမ်ထောင်ကွာရှင်းဖို့ ၈ နှစ်ကြာ ညှိနှိုင်းမရဖြစ်နေပြီးမှ အခု ကွာရှင်းနိုင်လိုက်ကြပါပြီ။ ဒီလို နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းတိုတိုထွာထွာတွေကို ဒီတပတ်သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
လေဆိပ်ဆိုတာက စိတ်ဖိစီးမှု၊ စိုးရိမ်စရာတွေ များနိုင်တဲ့ နေရာဖြစ်ပေမဲ့ စိတ်သက်သာရာဖြစ်စေဖို့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံက လေဆိပ်မှာ ခွေးလေး တကောင်ကတော့ လေယာဉ် မထွက်ခင် ခရီးသည်တွေကို စိတ်ကြည်နူးစေဖို့ ကူညီပေးနေပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
ဩစတြေးလျနိုင်ငံထွက် ကျောက်ပုဇွန်ကြီးတွေ တရုတ်ဆီ ပြန်လည်တင်သွင်းနိုင်ဖို့ စတင်စိစစ်လုပ်ဆောင်တဲ့အကြောင်းနဲ့ ဂျပန်ရဲ့စီးပွားရေး ရှင်သန်နိုင်ဖို့ဆိုရင် ရွှေ့ပြောင်းအ ခြေချနေထိုင်လိုတဲ့ နိုင်ငံခြားသားတွေကို ပိုလက်ခံဖို့လိုမယ်ဆိုတဲ့ ဝေဖန်အကြံပြုမှုတွေ ရှိလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကမ္ဘာ့ရေထုရဲ့ ၁ ရာခိုင်နှုန်းသာရှိတဲ့ရေချိုတွေနဲ့ ရေချိုသတ္တဝါမျိုးစိတ် ၄ ပုံ ၁ ပုံနီးပါးဟာ ရေထုညစ်ညမ်းမှု၊ တာတမံတည်ဆောက်မှု၊ ရေထုတ်ယူမှုနဲ့ ဥတုရာသီပြောင်းလဲမှု စတဲ့လူ့လုပ်ရပ်တွေကြောင့် မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ ကြုံနေရပါပြီ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်