ကမ္ဘာ့နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေရတဲ့ အခြေအနေတွေကို၊ စောင့်ကြည့်လေ့လာ မှတ်တမ်းတင် ဖော်ထုတ်နေတဲ့ New York မြို့အခြေစိုက် အတိုကောက် HRW လို့ခေါ်ကြတဲ့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့အကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
မြန်မာနိုင်ငံထဲက ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေ အရေးမှာ စစ်ကောင်စီဟာ တရုတ်နဲ့ ထိုင်းကြားမှာ ဘေးကျပ်နံကျပ် ဖြစ်လာနိုင်သလို ဒါဟာ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ တရုတ်ရဲ့ နည်းဗျူဟာ မအောင်မြင်တာကို ပြသနေတယ်လို့ USIP က သုတေသီ ဂျေဆင်တာဝါက ပြောလိုက်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှာ အွန်လိုင်းကနေ အခွန်ပေးဆောင်တဲ့စနစ် လုပ်ဆောင်ဖို့ ပြင်ဆင်၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
ကိုးကန့် MNDAA အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ တွေ့ဆုံ၊ ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီက တပ်အင်အား တိုးချဲ့နေရာချ၊ ကျားဖြန့် ငွေကြေးလိမ်ဂိုဏ်းတွေ နှိမ်နှင်းဖို့ ဆွေးနွေး၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump လက်ထက်မှာ မြန်မာဒုက္ခသည်တွေအရေး အလေးပေး ဆောင်ရွက်အောင် ကြိုးပမ်းအားထုတ်သွားမယ်လို့ Martin Luther King လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချီးမြှင့်ခံရသူ ချင်းလူမျိုး Elaisa Vahnie က ဗွီအိုအေကိုပြောပါတယ်။
အကျဥ်းသားတွေလွတ်ရက်စေ့တဲ့အခါ သာမန်အရပ်သားတယောက်အနေနဲ့ ဘဝရပ်တည်နိုင်ဖို့ ဝါရှင်တန်ပြည်နယ်ကအကျဥ်းထောင်မှာ ဘယ်လို အစီအစဥ်တွေ အကောင်အထည်ဖေါ်နေပါလဲ ... သတင်းစီးဆင်းမှု မြန်ဆန်တဲ့ခေတ်မှာ အကျဥ်းထောင်ထဲမှာ ရေဒီယိုအစီအစဥ် ဘယ်လိုတင်ဆက်နေပါလဲ .. သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင်က တင်ဆက်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကားတွေခိုးပြီး အာဖရိကကို အကြီးအကျယ် တင်ပို့နေတာနဲ့ ပတ်သက်လို့ Baltimore ဆိပ်ကမ်းကနေ ဗွီအိုအေကြီးတန်းသတင်းထောက် Steve Herman သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ညဏ်ရည်တု နည်းပညာနဲ့ crypto ငွေကြေးမှာ အမေရိကန်က ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်လိုတယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြောပါတယ်။ ဒီကဏ္ဍမှာ ဦးဆောင်ဖို့ ဆီလီကွန်ဗယ်လီက ရင်းနှီးမြှုပ်နှံသူနဲ့ စွန့်ဦးလုပ်ငန်းရှင်တဦးကို ရွေးချယ်လိုက်ပါတယ်။ Michelle Quinn ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြမှာပါ။
အာဆီယံအပါအဝင် နိုင်ငံတကာက လုံလောက်တဲ့ ဖိအားတွေ မပေးခဲ့တာကြောင့် မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ဆိုးဝါးတဲ့ကျူးလွန်မှုတွေ ဆက်လုပ်နေတာလို့ HRW ရဲ့ ၂၀၂၅ ခုနှစ်အတွက် နိုင်ငံတကာကလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ပြောခဲ့ပါတယ်။
AI နည်းပညာကိုသုံးပြီး စာအုပ်တွေကို အသံထွက်ဖတ်ပြ၊ ဘာသာပြန်ပေးနိုင်တဲ့ ကွန်ပျူတာတမျိုးကို တောင်ကိုရီးယားကုမ္ပဏီတခုက မိတ်ဆက်လိုက်တဲ့အကြောင်းနဲ့ အစ္စရေးနိုင်ငံမှာ ကုန်ပစ္စည်းသွားထုတ်နေတဲ့ ကုမ္ပဏီတချို့ကို အင်ဒိုနီးရှားနိုင်ငံမှာ သပိတ်မှောက်နေတာကြောင့် ရောင်းအားအကြီးအကျယ် ကျဆင်းလာတဲ့အကြောင်း၊ စသည်
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရှေ့တပတ် တနင်္လာနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတ အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာပါ။ ကွဲလွဲမှုတွေ ပိုများလာတဲ့ တိုင်းပြည်မှာ ပြီးခဲ့တဲ့ ၉ နှစ်တာကာလ တလျှောက် ရီပတ်ဘလစ်ကန်ပါတီတွင်း အပြောင်းအလဲတွေ ဖြစ်စေခဲ့သူတဦး သမိုင်းဝင် အာဏာပြန်ရတာလည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်