နေရာဒေသကို လိုက်ပြီး သင့်တော်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး ဘဝရဲ့ အောင်မြင်မှုကို ရယူဖို့အတွက် မကြေးမုံက အမေရိကန်အင်္ဂလိပ်စကားနဲ့ ရောပြီး ရှင်းပြထားပါတယ်။ မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ် စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ရင်း မသန်စွမ်းဘဝရောက်ခဲ့ရသူ တယောက်ကတော့ ဘာဘူလို့ သိကြတဲ့ DJ သီဟ ဖြစ်ပါတယ်။ သူက လက်တဖက် ဆုံးရှုံးခဲ့ရပေမဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးစားရင်း တော်လှန်ရေးအတွက်ပါ တတ်နိုင်တဲ့ဘက်က ဆက်လက်ပံ့ပိုးပေးနေတာပါ။ နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက အထက်တန်းကျောင်းသား တဦးဖြစ်တဲ့ ကိုဖုန်းမြတ်ပြည့်စုံဟာ ဘောလုံးအားကစား ထူးချွန်လို့ အမေရိကန်ထိပ်တန်းပုဂ္ဂလိက အထက်တန်းကျောင်းမှာ ပညာတော်သင်ဆု ရခဲ့ပါတယ်။ သူက အမေရိကန်ဘောလုံး အကယ်ဒမီမှာ ရွေးချယ်ခံရတဲ့ ပထမဆုံး မြန်မာကျောင်းသားပါ။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း မဟာကွန်းမေလဘာသာရေးပွဲတော်မှာ လူသန်း ၂၀ ကျော် မြစ်ဆုံမှာ ရေချိုးဆင်း၊ ပါကစ္စတန်အရှေ့ပိုင်း ပန်ချပ်ပြည်နယ်မှာ ကန်ရွေးကောက်ခံသမ္မတ Trump လူတူ လူသိများပြီး ဈေးရောင်းကောင်း၊ ဒီလို ကမ္ဘာတလွှားက ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ရီပါဘလင်ကန် လွှတ်တော်အမတ်အများစု ထောက်ခံထားတဲ့ မြန်မာစစ်တပ် တာ၀န်ခံမှုရှိစေရေး Burma Act ဥပဒေဟာ ရွေးကောက်ခံ ရီပါပလင်ကန် သမ္မတ Donald Trump အစိုးရလက်ထက်မှာ ပိုမိုအားကောင်း လာနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေရတဲ့ အခြေအနေတွေကို၊ စောင့်ကြည့်လေ့လာ မှတ်တမ်းတင် ဖော်ထုတ်နေတဲ့ New York မြို့အခြေစိုက် အတိုကောက် HRW လို့ခေါ်ကြတဲ့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့အကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
မြန်မာနိုင်ငံထဲက ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေ အရေးမှာ စစ်ကောင်စီဟာ တရုတ်နဲ့ ထိုင်းကြားမှာ ဘေးကျပ်နံကျပ် ဖြစ်လာနိုင်သလို ဒါဟာ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ တရုတ်ရဲ့ နည်းဗျူဟာ မအောင်မြင်တာကို ပြသနေတယ်လို့ USIP က သုတေသီ ဂျေဆင်တာဝါက ပြောလိုက်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှာ အွန်လိုင်းကနေ အခွန်ပေးဆောင်တဲ့စနစ် လုပ်ဆောင်ဖို့ ပြင်ဆင်၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
ကိုးကန့် MNDAA အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ တွေ့ဆုံ၊ ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီက တပ်အင်အား တိုးချဲ့နေရာချ၊ ကျားဖြန့် ငွေကြေးလိမ်ဂိုဏ်းတွေ နှိမ်နှင်းဖို့ ဆွေးနွေး၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump လက်ထက်မှာ မြန်မာဒုက္ခသည်တွေအရေး အလေးပေး ဆောင်ရွက်အောင် ကြိုးပမ်းအားထုတ်သွားမယ်လို့ Martin Luther King လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချီးမြှင့်ခံရသူ ချင်းလူမျိုး Elaisa Vahnie က ဗွီအိုအေကိုပြောပါတယ်။
အကျဥ်းသားတွေလွတ်ရက်စေ့တဲ့အခါ သာမန်အရပ်သားတယောက်အနေနဲ့ ဘဝရပ်တည်နိုင်ဖို့ ဝါရှင်တန်ပြည်နယ်ကအကျဥ်းထောင်မှာ ဘယ်လို အစီအစဥ်တွေ အကောင်အထည်ဖေါ်နေပါလဲ ... သတင်းစီးဆင်းမှု မြန်ဆန်တဲ့ခေတ်မှာ အကျဥ်းထောင်ထဲမှာ ရေဒီယိုအစီအစဥ် ဘယ်လိုတင်ဆက်နေပါလဲ .. သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင်က တင်ဆက်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကားတွေခိုးပြီး အာဖရိကကို အကြီးအကျယ် တင်ပို့နေတာနဲ့ ပတ်သက်လို့ Baltimore ဆိပ်ကမ်းကနေ ဗွီအိုအေကြီးတန်းသတင်းထောက် Steve Herman သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်