အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ Los Angeles မြို့မှာ တောမီးတွေလောင်တော့ ဒေသခံတွေဟာ မီးနဲ့ဆက်နွယ် ဖြစ်ပေါ်နိုင်တဲ့ လက်ငင်းအန္တရာယ်တွေအကြောင်း App တွေကတဆင့် အချက်အလက် ရှာဖွေကြပါတယ်။ ဒီအကြောင်း Michelle Quinn သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ Diversity and Inclusion Scholarship Program မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆုကို ပိတ်လိုက်ပြီလို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။ ဒီအကြောင်း ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
ငါးနှစ်ထဲကို ဝင်လာတဲ့ မြန်မာ့အကျပ်အတည်း၊ အာဆီယံနဲ့ ထိုင်းနိုင်ငံအနေနဲ့ ရေရှည်တည်တန်တဲ့ အဖြေရှာအောင် အပြီးသတ် လုပ်ဆောင်ပေးနိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲအကြောင်း ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ရေတွေခဲနေတဲ့ Greenland ကျွန်းကြီးကို ဒိန်းမတ်တို့လက်က ဝယ်ယူလိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ဓာတ်သတ္တုကြွယ်ဝတဲ့ အဲဒီကျွန်းကို ကမ္ဘာက ပိုပြီး အာရုံစိုက်လာကြပါတယ်။ Greenland ကျွန်းရဲ့မြို့တော် Nuuk ကနေ Henry Ridgwell ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
တရုတ်နိုင်ငံမှာ ဂိမ်မာ၊ ကွန်ပြူတာ၊ ဗွီဒီယို ဂိမ်းကစားကြတဲ့ မိန်းကလေးတွေဟာ ကျော်ကြားမှုသာမက တန်းတူညီမျှမှုတွေကို ယှဉ်ပြိုင်ဖို့ အမျိုးသားတွေကြီးစိုးရာ ဒီ နယ်ပယ်မှာ အမျိုးသမီးတွေ နေရာရဖို့အတွက် ကြိုးပမ်းနေကြပါတယ်။ ဒီအကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်နေထိုင်သူတွေ နေရပ်ရင်းနိုင်ငံကို ပြန်ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump နဲ့ ကိုလံဘီယာ သမ္မတတို့ကြား လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ပဋိပက္ခ ဖြစ်ခဲ့ပေမယ့် အခြေအနေတွေ ပုံမှန် ပြန်ဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အမေရိကန်အကူအညီဆိုင်းငံမှုကြောင့် ပြည်တွင်းနဲ့ နယ်စပ်က မိခင်နဲ့ကလေးစောင့်ရှောက်မှု၊ HIV-AIDS ကိုယ်ခံအားကျရောဂါ၊ တီဘီ အဆုပ်နာ၊ ငှက်ဖျားရောဂါ ကုသမှုနဲ့ သတင်းဌာနလုပ်ငန်း၊ အရပ်ဖက်အဖွဲ့အစည်းစွမ်းရည်မြှင့်တင်မှုတွေ ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ ကိုဝင်းမင်းက ပြောပြပေးပါမယ်။
ညစ်ပတ်နေတဲ့ခြေအိတ်တွေကို အဝတ်လျှော်ခြင်းထဲ ကောက်မထည့်ထားဘူးလား။ AI ဖုန်စုပ်စက်လေးက လုပ်ပေးနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံး AI စက်ရုပ်လက်တံပါ ဖုန်စုပ်စက်ဖြစ်ပြီး Roborock Saros Z70 ဖုတ်စုပ်စက်လေးက ခြေအိတ်၊ ဖိနပ်၊ မျက်နှာသုတ်ပဝါလို အလေးချိန် ဂရမ် ၃၀၀ အောက် ပစ္စည်းသေးတွေကို နေရာတကျ သိမ်းပေးနိုင်ပါတယ်။
၂၀၂၅ ခုနှစ် CES နည်းပညာပြပွဲမှာ လူအများကို အံ့အားသင့်စေတဲ့ စက်ပစ္စည်းတွေ ပြသထားတာမှာ ဉာဏ်ရည်တု နည်းပညာနဲ့ နှုတ်ခမ်းနီဆိုးပေးတဲ့ စက်လည်းပါဝင်တာပါ။ အလှပြင်ပစ္စည်းဝယ်ယူရင် နှုတ်ခမ်းနီကို ဝယ်ဖို့ အရင်ဆုံး စစဉ်းစားတတ်ကြတာကြောင့် နှုတ်ခမ်းနီဆိုးတဲ့စက် တီထွင်တာပါလို့ ထုတ်လုပ်သူက ပြောပါတယ်။
အီရန်နိုင်ငံက သူတို့ရဲ့အကြီးဆုံး ဒရုန်းကို စမ်းသပ်ပျံသန်းခဲ့ပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို အထောက်အကူပြုပြီး အလုပ်တွေကူလုပ်ပေးတဲ့ စက်ရုပ်တွေကို ၂၀၂၅ ခုနှစ် နည်းပညာပြပွဲမှာ တွေ့ရတာပါ။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီ ၂၀ ရက်နေ့က စတင်တဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း အရင်တခေါက် ပထမသက်တမ်းတုန်းကလိုပဲ စီးပွားရေး ကောင်းမွန်လာဖို့ မဲဆန္ဒရှင်တွေ မျှော်လင့်နေကြတဲ့အကြောင်း VOA ပုံပြရုပ်သံမှာ မအိသန့်စင် ပြောပြထားပါတယ်။
သမ္မတ ထရမ်ရဲ့ အမေရိကန်အစိုးရကပေးနေတဲ့အကူအညီအစီအစဥ်အားလုံး ရက်ပေါင်း(၉၀)ကြာယာယီရပ်ဆိုင်းဖို့အထူးအမိန့်ဟာစတင်သက်ရောက်ပြီဖြစ်တဲ့အတွက်နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီလုပ်ငန်းတွေလည်းယာယီရပ်ဆိုင်းခဲ့ရပါတယ်။ဒါဟာမြန်မာ့အရေးအကူအညီတွေမှာဘယ်လို သက်ရောက်မှုတွေရှိလာမလဲဆိုတာကိုမအင်ကြင်းနိုင်ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်