ကမ္ဘာတဝန်း တနေ့တခြား တိုးများလာတဲ့ ဆိုင်ဘာရာဇဝတ်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှု အန္တရာယ်အများဆုံး နိုင်ငံတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
AA အနေနဲ့ စစ်တွေနဲ့ ကျောက်ဖြူကို မသိမ်းနိုင်သေးတာက တရုတ်ဖိအားထက် ဒေသအခြေအနေကြောင့်ဖြစ်ပြီး၊ ရခိုင် ပြင်ပလှုပ်ရှားမှုကလည်း စစ်ရေးလိုအပ်ချက်နဲ့ နွေဦးတော်လှန်ရေးရဲ့ တစိတ်တဒေသလို့ Cornell တက္ကသိုလ်မှာ ပါရဂူကျမ်းပြုနေတဲ့ သုတေသီ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ နိုင်ငံခြားက တင်သွင်းတဲ့ ဓာတ်မြေဩဇာ စျေးအဆမတန် မြင့်တက်နေလို့ သဘာဝဓာတ်မြေဩဇာ ဖော်စပ်အသုံးပြုနေရ၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီတပ်အတွက် ရုရှားတိုက်လေယာဉ် ၆ စင်း ထပ်မံရောက်ရှိ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မံစီမြို့ကို သိမ်းယူ၊ မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အကြမ်းဖက်ခံနေရသူ ၉ သန်းနီးပါး ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဟောလီးဝုဒ်ထိပ်တန်းအနုပညာရှင် ၂ ဦး အိမ်ထောင်ကွာရှင်းဖို့ ၈ နှစ်ကြာ ညှိနှိုင်းမရဖြစ်နေပြီးမှ အခု ကွာရှင်းနိုင်လိုက်ကြပါပြီ။ ဒီလို နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းတိုတိုထွာထွာတွေကို ဒီတပတ်သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
လေဆိပ်ဆိုတာက စိတ်ဖိစီးမှု၊ စိုးရိမ်စရာတွေ များနိုင်တဲ့ နေရာဖြစ်ပေမဲ့ စိတ်သက်သာရာဖြစ်စေဖို့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံက လေဆိပ်မှာ ခွေးလေး တကောင်ကတော့ လေယာဉ် မထွက်ခင် ခရီးသည်တွေကို စိတ်ကြည်နူးစေဖို့ ကူညီပေးနေပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
ဩစတြေးလျနိုင်ငံထွက် ကျောက်ပုဇွန်ကြီးတွေ တရုတ်ဆီ ပြန်လည်တင်သွင်းနိုင်ဖို့ စတင်စိစစ်လုပ်ဆောင်တဲ့အကြောင်းနဲ့ ဂျပန်ရဲ့စီးပွားရေး ရှင်သန်နိုင်ဖို့ဆိုရင် ရွှေ့ပြောင်းအ ခြေချနေထိုင်လိုတဲ့ နိုင်ငံခြားသားတွေကို ပိုလက်ခံဖို့လိုမယ်ဆိုတဲ့ ဝေဖန်အကြံပြုမှုတွေ ရှိလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကမ္ဘာ့ရေထုရဲ့ ၁ ရာခိုင်နှုန်းသာရှိတဲ့ရေချိုတွေနဲ့ ရေချိုသတ္တဝါမျိုးစိတ် ၄ ပုံ ၁ ပုံနီးပါးဟာ ရေထုညစ်ညမ်းမှု၊ တာတမံတည်ဆောက်မှု၊ ရေထုတ်ယူမှုနဲ့ ဥတုရာသီပြောင်းလဲမှု စတဲ့လူ့လုပ်ရပ်တွေကြောင့် မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ ကြုံနေရပါပြီ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
အာရက္ခတပ်တော် AA က စစ်သုံ့ပန်း ၁၁ ယောက်အရှင်းဖမ်းမိ၊ တနင်္သာရီတိုင်း ပုလောမြို့စရဖရုံး PDF စီးနင်း၊ ချင်း-ဟားခါးတိုက်ခိုက်မှု ရဲမှူးအပါသုံးဦးဒဏ်ရာရ၊ ကရင်နီတော်လှန်ရေးအဖွဲ့ပိုင် ဘဏ်တခုဖွင့်ဖို့ ပြင်ဆင်၊ ရှမ်းမြောက်မဟာမိတ်ညီနောင်ထိန်းချုပ်ဒေသကုန်ဈေးနှုန်း၊ လွတ်မြောက်အကျဥ်းသားအရေအတွက် ကွာဟချက်...စသည်
အသက် ၁၀၀ မှာ ကွယ်လွန်သွားခဲ့တဲ့ သမ္မတ ဟောင်းဂျင်မီကာတာကို ဝါရှင်တန်ဒီစီ မြို့တော်က National Cathedral အမျိုးသား ဘုရားကျောင်းမှာ နိုင်ငံတော်ဈာပန အခမ်းအနား နဲ့ ဂုဏ်ပြုမှာပါ။ သူ့အလောင်းကို သူ့မွေးရပ်ဇာတိ ဂျော်ဂျီယာ ပြည်နယ် Plains မြို့မှာ မြုပ်နှံမှာပါ။ မအင်ကြင်းနိုင် ကို မေးမြန်းတင်ဆက်ထားပါတယ်။
ကမ္ဘာမှာ ဘိန်းအများဆုံးထုတ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ မြန်မာမှာ အခုအခါ နေရာအနှံ့ မှုးယစ်ဆေးပြားတွေ အလွယ်တကူဝယ်ယူရရှိနေပြီး လူငယ်အများအပြား ဆေးစွဲနေကြပါတယ်။ ဒီလိုအခြေအနေကြားကနေ ရန်ကုန်မြို့ လူငယ်မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်း တခုအကြောင်း AFP သတင်းကို ကိုခင်မောင်စိုးမင်း ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်