မြွေနှစ် တရုတ်နှစ်သစ်ကူးအတွက် တရုတ်ပြည်အရှေ့ပိုင်းက ရှန်တုန်းပြည်နယ်မှာ "ဟွာပိုပို" လို့ခေါ်တဲ့ ရိုးရာပေါင်မုန့်တွေ ပြုလုပ်နေတဲ့အကြောင်း ကိုဝင်းခန့်မောင်ပြောပြထားပါတယ်။
တရုတ်ပြည်တွင်း ဖုန်းဈေးကွက်မှာ ပြိုင်ဆိုင်မှုအား ပြင်းထန်နေတာကြောင့် iPhone စီးရီး အတော်များများကို ေဈးချ ရောင်းပေးသွားမယ့်အကြောင်းနဲ့ စစ်ဒဏ်ခံထားရတဲ့ အီရတ်မှာ Mosul မြို့ရဲ့ နိုင်ငံတကာလေဆိပ် ၂၀၂၅ နှစ်လည်ပိုင်းလောက် ပြန်ဖွင့်နိုင်အောင် ပြုပြင်တည်ဆောက်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
လက်ရှိ မြန်မာ့ လက်ရွေးစင်ဘောလုံးသမား မေထက်လူက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့က LAFC ကလပ်အသင်းကစားနေပြီး ပညာရေးနဲ့ သူဝါသနာပါတဲ့ ဘောလုံးအားကစားကို ဒွန်တွဲလုပ်နိုင်ဖို့ ဟန်ချက်ညီညီ ကြိုးစားနေသူ ဖြစ်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးဆက်သွယ်စကားပြောထားပါတယ်။
စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားမှု ဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ တင်းကြပ်တဲ့ လုပ်ရပ်လို့ မြင်တဲ့အကြောင်း မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
တောင်အာဖရိက နိုင်ငံ Johannesburg မှာ ပျံကျအမှိုက် ကောက်ယူ ရောင်းချသူ တချို့ အတွက် တိုးတက်မှုတွေ ရှိလာနေပါတယ်။ ဆိုလာ စွမ်းအင်သုံးပြီး ပြန်လည် အသုံးပြုနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အမျိုးအစား ခွဲခြား ရေတွက် ထုပ်ပိုးနိုင်တဲ့ အချက်အချာ နေရာ တခုကို ပူးပေါင်းဖော်ဆောင်ခဲ့ကြတာပါ။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ လူမှုကူညီရေး အလုပ်တွေမှာ စေတနာ့ဝန်ထမ်းတွေ၊ ထောက်ပံ့သူတွေ အဖြစ်ပါဝင်ခဲ့သူတွေ ကို Kane Farabaugh က မေးမြန်းထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကမှာ မွေးဖွားပြီး ငယ်စဥ်ကတည်းက ဂီတပညာရပ်ကို နာမည်ကျော်ကျောင်းတွေမှာ လေ့လာသင်ကြားခဲ့တဲ့ Austin Chen ဟာ မြန်မာတေးသီချင်းတွေကို အနောက်တိုင်း စန္ဒယားတီးခတ်ဟန်နဲ့ ပြန်လည် ဖန်တီးသလို စန္ဒယားပညာရပ်ကိုလည်း သင်ကြားပို့ချပေးနေသူပါ။ ရေမြေခြားမှရုပ်ပုံလွှာ အစီအစဥ်မှာကိုအောင်အောင် စီစဥ် တင်ဆက်ထားပါတယ်။
နှစ်သစ်ကူးရာသီကာလ ရခိုင်နဲ့ကရင်ပြည်နယ်တွေအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု သေကြေဒဏ်ရာရာသတင်းတွေနဲ့အတူ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲတွေအတွင်း ကျဆုံးရဲဘော် ၁၀၀ နဲ့ ၄၀၀ ကျော်ဒဏ်ရာရခဲ့၊ နိုင်ငံတဝန်းအကျင်းထောင်တွေထဲမှာတော့ ညှင်းပန်းနှိပ်စက်ခံရမှုတွေကြောင့် သေဆုံးသူနိုင်/ကျဥ်း ၃၁ ရှိ-စသည်
လေ့ကေ့ကော် ထီးမယ်ဝါးကီး အပြင် နိုင်ငံတဝန်းက စစ်ရှောင်ပြည်သူတွေကိုပါ လက်ခံကူညီစောင့်ရှောက်ပေးနေတဲ့ ပလောတပို့ စစ်ရှောင်စခန်းတာဝန်ခံ နော်ဖောလွဲကို ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းမှာ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
Las Vegas မြို့၊ Trump International ဟိုတယ်အပြင်ဘက်မှာ Tesla ကုမ္ပဏီထုတ် Cybertruck ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ အခြားသူများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း ကိုဝင်းခန့်မောင်ပြောပြပေးမှာပါ။
ကမ္ဘာတဝန်း စွန့်ပစ် ပလတ်စတစ်အမှိုက်တွေဟာ နှစ်စဥ် မက်ထရစ် တန်ချိန် သန်း ၄၃၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုက ပြန်လည် အသုံးပြုလို့မရတဲ့ တခါသုံး ပလတ်စတစ်အမှိုက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ပလတ်စတစ် အမှိုက်တွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မှာ အိန္ဒိယတစ်လွှားက ဘာသာရေးယုံကြည်သူများဟာ ဆုတောင်းပတ္ထနာပြုခြင်း၊ သန့်စင်သော ရေချိုးခြင်းနှင့် ဟိန္ဒူနတ်ဘုရားတွေရဲ့ ကောင်းချီးမင်္ဂလာရရှိဖို့ ဘာသာရေးဝတ်ပြုမှုများ ပြုလုပ်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်