အမေရိကန် နိုင်ငံ တဝန်း အစ္စရေး ဟားမက်စ် စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို သတင်းယူရင်း သတင်းသမားတွေ နဲ့ ရဲတွေ အကြား ပဋိပက္ခတွေလည်း တိုးလာခဲ့ပါတယ်။ သတင်းသမား နဲ့ ရဲ တွေဟာ ဆန္ဒပြပွဲကို သွားပြီး သူ့အလုပ်သူ လုပ်ကြတာပါ။ ဒါပေမဲ့လည်း သတင်းသမားတွေ သတင်းမယူနိုင်အောင် ရဲတွေက မကြာခဏ ဟန့်တားကြပါတယ်။
ဂါဇာမှာ AP သတင်းဌာနရဲ့ တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုတွေကို အစ္စရေးအစိုးရက ဖြတ်တောက် ပစ်လိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပြီး နောက်မှာတော့ အစ္စရေးက သူ့ဆုံးဖြတ်ချက်ကို ဒီသီတင်းပတ်ထဲမှာပဲ ပြန်ပြင်ပေးခဲ့ပါတယ်။
"အထဲမှာနေရတာက အပြင်မှာလူတွေရေးသလိုမျိုးတော့ ရေးလို့မရဘူး။ ကျနော်တို့ယုံကြည်ချက်နဲ့ကျနော်တို့လုပ်နေတာ။ နှစ်ဘက်ခံစားရတယ်ဗျ။..အာဏာပိုင်တွေအောက်မှာ ရုန်းကန်ရတဲ့တဘက်ရှိသလို တဘက်ကလည်း အပြင်မှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေက ကျနော်တို့ကို အာဏာပိုင်တွေနဲ့ပေးစားတယ်။" (သက်ဇင်- ယနေ့ခေတ် အယ်ဒီတာချုပ်)
သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်မှု - ကမ္ဘာ့သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် မေလ ၃ ရက်နေ့ကို သတ်မှတ်ထားချိန်မှာ ဘယ်နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် အရှိဆုံးနဲ့ သတင်းလွတ်လပ်ခွင့် အဖိနှိပ်ခံရဆုံးလဲဆိုတာ မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဥ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံက သတင်းသမားတွေ အခက်အခဲ ဖိနှိပ်မှုကြားက သတင်းတွေရယူရတဲ့ အခြေအနေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ မေလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံရဲ့ သတင်းစာနယ်ဇင်းအခြေအနေ ဆွေးနွေးခဲ့တဲ့အကြောင်း မညိုညိုလွင်က ဘန်ကောက်မြို့ကနေ တင်ပြထားပါတယ်။
အမှန်တရားနဲ့ အခြေအနေမှန်တွေကို တင်ပြနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာရပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာ မဟုတ်ဘဲ လိုအပ်ချက်တခုဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။
တချို့နိုင်ငံတွေက သတင်းလွတ်လပ်ခွင့်ကို ဂုဏ်ပြုကျင်းပနေကြတဲ့ "နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့" မှာ မြန်မာနိုင်ငံရဲ့ မီဒီယာလောကဟာ အပြင်းထန်ဆုံး ချုပ်ချယ် နှိပ်ကွပ်ခံနေရချိန်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာမီဒီယာတွေ ဘယ်လိုကြံ့ကြံ့ခံ ရပ်တည်နေကြပါသလဲ။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ကမ္ဘာပေါ်က အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ ရှိနေဆဲ ဖြစ်ပြီး အဆင့် ၁၇၁ မှာ ရှိနေတဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
စစ်တွေအခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ခေါ်) ကိုမြတ်သူထွန်း မကြာသေးခင်က အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ဒီလိုအလားတူ သတ်ဖြတ်မှုတွေမဖြစ်အောင် စစ်ကောင်စီကို ဖိအားပေး ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလအတွင်း သတင်းမီဒီယာတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်နေတာကြောင့် သတင်းသမားတွေရဲ့ အသက် ရှင်သန်ရပ်တည်ရေးနဲ့ သတင်းရေးသားမှုပိုင်းတွေမှာ အခက်အခဲတွေ တိုးလာနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးကို ကာကွယ်သူတွေနဲ့ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံနေရပြီး ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဒီမိုကရေစီစနစ် ပိုပြီး ဆုတ်ယုတ်ကျဆင်းလာတဲ့အကြောင်း The Freedom House လူ့အခွင့်အရေး အဖွဲ့ကြီးက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
Dawei Watch သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရတာ ၄ ရက်ကြာချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးပါဘူး။ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်က သတင်းရေးသားတာကြောင့်လို့ ပြောပြီး ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။