သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မကၠဆီကိုႏိုင္ငံမွာ ေပ်ာက္ဆုံးေနတဲ့ ကန္ႏိုင္ငံသားႏွစ္ဦး ေသဆုံး


မကၠဆီကိုႏုိင္ငံ၊ Tamaulipas ျပည္နယ္ထဲက Matamoros ၿမိဳ႕မွာျပန္ေပးဆြဲခံရတဲ့ အေမရိကန္ႏိုင္ငံသားေလးဦးကို ရွာေဖြေနတဲ့ မကၠဆီကိုစစ္သားမ်ား။ (မတ္လ ၆၊ ၂၀၂၃)

{{Zawgyi/Unicode}}

မကၠဆီကိုႏိုင္ငံမွာ မတ္လ (၃) ရက္ေန႔က ေပ်ာက္ဆုံးသြားတဲ့အေမရိကန္ႏိုင္ငံသား ၄ ဦးထဲက ၂ ဦးေသဆုံးသြားၿပီး က်န္၂ ဦးကေတာ့ အသက္ရွင္လ်က္ရွိေနပါတယ္လို႔ မကၠဆီကိုသမၼတက မတ္လ ၇ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ပူးေပါင္းေဆာင္႐ြက္ေနၾကပါတယ္။ ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာအာဏာကို ကာကြယ္တဲ့အေနနဲ႔ မကၠဆီကန္ မူးယစ္ေမွာင္ခိုသမားေတြကို က်ေနာ္က ေထာက္ခံေနတယ္ဆိုၿပီး အေမရိကန္ေရွ႕ေနခ်ဳပ္ေဟာင္း Bill Barr ကေျပာဆိုဖူးေပမယ့္ ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာအာဏာကိုေလးစားတဲ့အေနနဲ႔ပဲ ဒီကိစၥမွာ ပူေးပါင္းေဆာင္႐ြက္ေနၾကပါတယ္” လို႔ သမၼတ Lopez Obrador က ေျပာဆိုသြားတာပါ။

ျပန္ေပးဆြဲခံရတဲ့ အေမရိကန္ႏိုင္ငံသား ၄ ဦးကေတာ့ Latavia "Tay" McGee, Shaeed Woodard, Zindell Brown နဲ႔ Eric James Williams တို႔ ျဖစ္တယ္လို႔ ABC သတင္းကေျပာပါတယ္။ မကၠဆီကန္အရာရွိတေယာက္ကလည္း ျပန္ေပးဆြဲခံရတဲ့လူေတြထဲက ၂ ဦးရဲ႕ အေလာင္းကို ေတြ႔ရေၾကာင္း ႐ိုက္တာသတင္းကိုေျပာပါတယ္။ အသက္ရွင္လ်က္က်န္ေနေသးတဲ့ အမ်ိဳးသမီးတဦးနဲ႔ အမ်ိဳးသားတဦးကေတာ့ အာဏာပိုင္ေတြလက္ထဲမွာ လုံၿခဳံေဘးကင္းစြာရွိေနတယ္လု႔ိလည္း ေျပာပါတယ္။

Tamaulipas ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Americo Villarreal ကလည္း ျပန္ေပးဆြဲခံရသူထဲကတဦး ထိခိုက္ဒဏ္ရာရထားေၾကာင္း သမၼတ Lopez Obrador ကိုဖုန္းဆက္ေျပာဆိုခဲ့တာပါ။ ဒီျပန္ေပးဆြဲမႈနဲ႔ ဆက္စပ္ၿပီး လူတဦးကို ဖမ္းဆီးထားတယ္လု႔ိလည္း သမၼတ Obrador ကေျပာပါတယ္။

အေမရိကန္ႏိုင္ငံသား ၄ ဦးဟာ အျဖဴေရာင္မီနီဗင္ကားနဲ႔ မကၠဆီကိုနယ္စပ္၊ Tamaulipas ျပည္နယ္ထဲက Matamoros ၿမိဳ႕ကို ေသာၾကာေန႔မွာသြားေရာက္ခဲ့ၾကတာပါ။ မကၠဆီကိုနယ္စပ္ထဲေရာက္ၿပီးသိပ္မၾကာခင္မွာပဲ ေသနတ္သမားေတြက ခရီးသည္ေတြကို ပစ္ခတ္ဖမ္းဆီးၿပီး တျခားကားတစီးနဲ႔ ေခၚသြားခဲ့တယ္လို႔ မကၠဆီကိုမွာရွိတဲ့အေမရိကန္သံ႐ုံးကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{Unicode}}

မက္ကဆီကိုနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ကန်နိုင်ငံသားနှစ်ဦး သေဆုံး

မက္ကဆီကိုနိုင်ငံမှာ မတ်လ (၃) ရက်နေ့က ပျောက်ဆုံးသွားတဲ့အမေရိကန်နိုင်ငံသား ၄ ဦးထဲက ၂ ဦးသေဆုံးသွားပြီး ကျန်၂ ဦးကတော့ အသက်ရှင်လျက်ရှိနေပါတယ်လို့ မက္ကဆီကိုသမ္မတက မတ်လ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ကာကွယ်တဲ့အနေနဲ့ မက္ကဆီကန် မူးယစ်မှောင်ခိုသမားတွေကို ကျနော်က ထောက်ခံနေတယ်ဆိုပြီး အမေရိကန်ရှေ့နေချုပ်ဟောင်း Bill Barr ကပြောဆိုဖူးပေမယ့် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုလေးစားတဲ့အနေနဲ့ပဲ ဒီကိစ္စမှာ ပူေးပါင်းဆောင်ရွက်နေကြပါတယ်” လို့ သမ္မတ Lopez Obrador က ပြောဆိုသွားတာပါ။

ပြန်ပေးဆွဲခံရတဲ့ အမေရိကန်နိုင်ငံသား ၄ ဦးကတော့ Latavia "Tay" McGee, Shaeed Woodard, Zindell Brown နဲ့ Eric James Williams တို့ ဖြစ်တယ်လို့ ABC သတင်းကပြောပါတယ်။ မက္ကဆီကန်အရာရှိတယောက်ကလည်း ပြန်ပေးဆွဲခံရတဲ့လူတွေထဲက ၂ ဦးရဲ့ အလောင်းကို တွေ့ရကြောင်း ရိုက်တာသတင်းကိုပြောပါတယ်။ အသက်ရှင်လျက်ကျန်နေသေးတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကတော့ အာဏာပိုင်တွေလက်ထဲမှာ လုံခြုံဘေးကင်းစွာရှိနေတယ်လု့ိလည်း ပြောပါတယ်။

Tamaulipas ပြည်နယ်အုပ်ချုပ်ရေးမှူး Americo Villarreal ကလည်း ပြန်ပေးဆွဲခံရသူထဲကတဦး ထိခိုက်ဒဏ်ရာရထားကြောင်း သမ္မတ Lopez Obrador ကိုဖုန်းဆက်ပြောဆိုခဲ့တာပါ။ ဒီပြန်ပေးဆွဲမှုနဲ့ ဆက်စပ်ပြီး လူတဦးကို ဖမ်းဆီးထားတယ်လု့ိလည်း သမ္မတ Obrador ကပြောပါတယ်။

အမေရိကန်နိုင်ငံသား ၄ ဦးဟာ အဖြူရောင်မီနီဗင်ကားနဲ့ မက္ကဆီကိုနယ်စပ်၊ Tamaulipas ပြည်နယ်ထဲက Matamoros မြို့ကို သောကြာနေ့မှာသွားရောက်ခဲ့ကြတာပါ။ မက္ကဆီကိုနယ်စပ်ထဲရောက်ပြီးသိပ်မကြာခင်မှာပဲ သေနတ်သမားတွေက ခရီးသည်တွေကို ပစ်ခတ်ဖမ်းဆီးပြီး တခြားကားတစီးနဲ့ ခေါ်သွားခဲ့တယ်လို့ မက္ကဆီကိုမှာရှိတဲ့အမေရိကန်သံရုံးကပြောပါတယ်။

XS
SM
MD
LG