သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုပ္ရွင္ဒါ႐ိုက္တာ ဝိုင္း ေဆးကုသခံဖို႔ ျပန္လာစဥ္ အဖမ္းခံရ


ရုပ္ရွင္ ဒါရိုက္တာ ဝိုင္း

[ ZAWGYI ]

႐ုပ္ရွင္ဒါ႐ိုက္တာ ဝိုင္း ေဆးကုသခံဖို႔ ျပန္လာစဥ္ အဖမ္းခံရ

ပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္တာခံေနရတဲ့ နာမည္ေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္တဦးျဖစ္သူ ဒါရိုက္တာဝိုင္း ေခၚ ကိုထြန္းေဇာ္ဝင္း ဟာ တႏွစ္နီးပါး ေရွာင္တိမ္းေနရာကေန ဗုဒၵဟူးေန႔က အဖမ္းဆီး ခံခဲ့ရပါတယ္။

အသက္ ၄၈ ႏွစ္ရွိၿပီျဖစ္တဲ့ ဒါရို္က္တာဝိုင္းဟာ က်န္းမာေရး ကုသမႈခံယူဖုိ႔ အိမ္ျပန္သြားစဥ္ ရန္ကုန္မွာ အဖမ္းခံခဲ့ရတာလို႔ ရင္းႏွီးတဲ့ မိတ္ေဆြေတြက ေျပာပါတယ္။

ဒါရိုက္တာဝိုင္းဟာ “ေခတ္ဝန္ကိုထမ္း ေခတ္လမ္းကိုေလွ်ာက္” ဆိုတဲ့ NLD ေအာင္ႏုိင္ေရး ဇာတ္လမ္းကို ရိုက္ကူးခဲ့သူလည္း ျဖစ္ပါတယ္။

မႏွစ္က ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္ အာဏာသိမ္းခဲ့တဲ့ေနာက္ ရုပ္ရွင္သရုပ္ေဆာင္ေတြ၊ ဒါရိုက္တာေတြ၊ ေမာ္ဒယ္ေတြ အပါအဝင္ အႏုပညာရွင္ အမ်ားအျပား စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့ၾကသလို စစ္တပ္ကို အၾကမ္းမဖက္ ဆႏၵျပတဲ့ CDM လႈပ္ရွားမႈေတြကို ေထာက္ခံေၾကာင္း ျပသခဲ့တာ ျဖစ္ၿပီး ဒီအႏုပညာရွင္ ၁၀၀ ေက်ာ္ကို စစ္ေကာင္စီက ပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္ထားတာ ျဖစ္ပါတယ္။

မႏွစ္ကေတာ့ အႏုပညာရွင္ ၁၅ ဦးထက္မနည္း အဖမ္းဆီးခံခဲ့ရၿပီး အဲဒီထဲက ထက္ဝက္ေလာက္က အင္းစိန္အက်ဥ္းေထာင္ အထူးတရားရံုးက အျပစ္ဒဏ္ခ်မွတ္တာ ခံေနရတာပါ။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ထဲမွာ အႏုပညာရွင္ ၂၄ ဦးနဲ႔ ဆိုရွယ္မီဒီယာသမား ၁၀ ကို စစ္ေကာင္စီက လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ေပမယ့္ ေနာက္ထပ္ ဖမ္းဝရမ္းထုတ္ျပန္ ဖမ္းဆီးတာ ေတြ ဆက္ရွိေနဆဲပါ။

-
-

= = = = = = = = = = = = = = =

{ UNICODE }

ရုပ်ရှင်ဒါရိုက်တာ ဝိုင်း ဆေးကုသခံဖို့ ပြန်လာစဉ် အဖမ်းခံရ

ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်တာခံနေရတဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တဦးဖြစ်သူ ဒါရိုက်တာဝိုင်း ခေါ် ကိုထွန်းဇော်ဝင်း ဟာ တနှစ်နီးပါး ရှောင်တိမ်းနေရာကနေ ဗုဒ္ဒဟူးနေ့က အဖမ်းဆီး ခံခဲ့ရပါတယ်။

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာဝိုင်းဟာ ကျန်းမာရေး ကုသမှုခံယူဖို့ အိမ်ပြန်သွားစဉ် ရန်ကုန်မှာ အဖမ်းခံခဲ့ရတာလို့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ပြောပါတယ်။

ဒါရိုက်တာဝိုင်းဟာ “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” ဆိုတဲ့ NLD အောင်နိုင်ရေး ဇာတ်လမ်းကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

မနှစ်က ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အပါအဝင် အနုပညာရှင် အများအပြား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသလို စစ်တပ်ကို အကြမ်းမဖက် ဆန္ဒပြတဲ့ CDM လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသခဲ့တာ ဖြစ်ပြီး ဒီအနုပညာရှင် ၁၀၀ ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

မနှစ်ကတော့ အနုပညာရှင် ၁၅ ဦးထက်မနည်း အဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ထက်ဝက်လောက်က အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက အပြစ်ဒဏ်ချမှတ်တာ ခံနေရတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ထဲမှာ အနုပညာရှင် ၂၄ ဦးနဲ့ ဆိုရှယ်မီဒီယာသမား ၁၀ ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေမယ့် နောက်ထပ် ဖမ်းဝရမ်းထုတ်ပြန် ဖမ်းဆီးတာ တွေ ဆက်ရှိနေဆဲပါ။

တိုက္႐ိုက္ လင့္ခ္

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG