သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မုတ်သုန်မိုး ၅ နှစ်အတွင်း မိုးရေချိန် အနည်းဆုံးရွာ


Indian
Indian

El Nino အယ်နီညို သမုဒ္ဒရာ ရေနွေးစီးကြောင်းနဲ့ ဆက်စပ်တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မိုးရေချိန် အနည်းဆုံး ရွာသွန်းပြီး ပြီးခဲ့တဲ့ သြဂုတ်လဟာ ရာစုနှစ် တခုကျော်အတွင်း အခြောက်သွေ့ဆုံးကာလ ဖြစ်ခဲ့တယ်လို့ အိန္ဒိယအစိုးရပိုင် မိုးလေဝသဌာနက စနေနေ့က ထုတ်ပြန်ပါတယ်။

ပြည်တွင်းထုတ်လုပ်မှုတန်ဘိုး ၃ တြီလျံ လောက်ရှိတဲ့ အိန္ဒိယမှာ စိုက်ပျိုးရေး၊ မြစ်ချောင်း အင်းအိုင်တွေနဲ့ ရေသိုလှောင်မှုတွေအတွက် ရေပမာဏ ၇၀ ရာနှုန်းလောက်ဟာ မုတ်သုန်မိုးကနေ ရရှိတာဖြစ်ပါတယ်။

အိန္ဒိယရဲ့ စိုက်ပျိုးမြေ တဝက်လောက်ကို ဆည်ရေ မပေးနိုင်တဲ့အတွက် မုတ်သုန်မိုးဟာ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုပြီး အဓိက ကျနေပါတယ်။

နွေရာသီ မိုးရွာသွန်းမှု နည်းပါးသွားတဲ့အတွက် သကြား၊ ပဲ၊ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေ အထွက်နည်းတာကြောင့် ဈေးတွေကြီးပြီး အထွေထွေ စားသောက်ကုန်ဈေးနှုန်းတွေ တက်လာနိုင်ပါတယ်။

မိုးရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအတွင်း မိုးရေချိန်ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အနည်းဆုံး ဖြစ်ပြီး ဒီနှစ် မိုးရာသီမှာ မိုးရွာသွန်းမှု ၄ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာန IMD က ဖော်ပြပါတယ်။ သြဂုတ်လဟာ အခြောက်သွေ့ဆုံးဖြစ်ပြီး မိုးရွာသွန်းမှု ၃၆ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့လည်း စက်တင်ဘာလမှာတော့ ပုံမှန်ထက် ၁၃ ရာနှုန်း ပြန်ပိုလာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မိုးခေါင်ရေရှား အခြေအနေကြောင့် ကမ္ဘာ့ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ပြည်ပ ဆန်တင်ပို့မှုတွေ ကန့်သတ်လိုက်ရသလို၊ ကြက်သွန်နီ တင်ပို့မှုအတွက်လည်း အခွန် ၄၀ ရာနှုန်း သတ်မှတ်လိုက်ပါတယ်။ ပဲ တင်သွင်းမှုတွေကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီး၊ ပြည်ပကို သကြား တင်ပို့မှုလည်း ပိတ်ပင်လာရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG