သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန္တရာယ်ကြား ပုန်းကွယ်လှုပ်ရှား မြန်မာသတင်းသမား


(မှတ်တမ်းပုံ) စစ်တပ် အာဏာသိမ်းပြီးခါစ ရန်ကုန်မြို့ ဆန္ဒပြပွဲတခုအတွင်း သတင်းသမားတွေကို လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေစဥ်။ (Photo: Reuters)
(မှတ်တမ်းပုံ) စစ်တပ် အာဏာသိမ်းပြီးခါစ ရန်ကုန်မြို့ ဆန္ဒပြပွဲတခုအတွင်း သတင်းသမားတွေကို လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေစဥ်။ (Photo: Reuters)

မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတာကြောင့် တချို့ဟာ ကျောင်းဆရာ၊ ဒါမှမဟုတ် ကျောင်းသားဖြစ်စေ ဈေးသည်ဖြစ်စေ အလုပ်တခုခုပြပြီး သတင်းထောက် အလုပ်ကို လုပ်နေကြရပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းခဲ့ချိန်ကစပြီး သတင်းသမားတွေ ရပ်တည်ဖို့ အန္တရာယ်ကြီးလာတာကြောင့် ပြည်ပထွက်ခွါသူတွေရှိသလို တချို့သတင်းသမားတွေကတော့ ပြည်တွင်းမှာပဲနေပြီး သတင်းထောက် အလုပ်ကို ဖုံးကွယ် လုပ်ကိုင်နေကြတာပါ။

အာဏာသိမ်း စစ်တပ်က လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခြေမှုန်းခဲ့တာကြောင့် အခု အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်း သတင်းဌာန တဒါဇင်ကျော် အဖျက်သိမ်းခံရသလို ဖမ်းဆီး အရေးယူခံရတဲ့ သတင်းထောက်လည်း ရာနဲ့ချီ ရှိလာပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကို အကြိမ်ကြိမ်ခံခဲ့ရတာဖြစ်ပြီး ဒီလို အာဏာသိမ်းထားချိန်တိုင်းမှာ မြန်မာ သတင်းသမားတွေကတော့ နည်းလမ်းမျိုးစုံနဲ့ သတင်းတွေ ဆက်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာသတင်းသမားတွေ လွယ်လွယ်နဲ့ အလျှော့မပေးတတ်တဲ့ သဘောလို့ ပြည်ပရောက် သတင်းသမားတဦးက ပြောပါတယ်။

သတင်းလွတ်လပ်ခွင့် မရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ် ကမ္ဘာမှာ သတင်းသမားတွေကို ဒုတိယအများဆုံး ထောင်ချထားတဲ့ နိုင်ငံအဖြစ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က မှတ်တမ်းတင်ထားတာပါ။

မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ကတော့ မြန်မာနိုင်ငံမှာ သတင်းသမားတွေဟာ အသက်စွန့် လုပ်ကိုင်နေကြတာဖြစ်ပြီး သူတို့ရဲ့ သတင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ ဇွဲသတ္တိနဲ့ ရဲစွမ်းသတ္တိက အံ့သြဂုဏ်ယူရလောက်တယ်လို့ မှတ်ချက်ပေးပါတယ်။

အန္တရာယ်ကြား ပုန်းကွယ်လှုပ်ရှား မြန်မာသတင်းသမား
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG