သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အကျပ်အတည်း ဒေသတွင်း မတည်ငြိမ်မှု ဖြစ်နိုင်


ဆီးရီးယားနိုင်ငံသား အိုးအိမ်မဲ့ လူငယ်တဦး အနောက်မြောက်ပိုင်း Idlib ပြည်နယ်ရှိ al-Dana မြို့အစွန်က ကျောက်မိုင်းတခုမှာ အလုပ် လုပ်နေတဲ့ မြင်ကွင်းကို ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့မြင်ရစဥ်။ ဓာတ်ပုံ - Aaref WATAD / AFP
ဆီးရီးယားနိုင်ငံသား အိုးအိမ်မဲ့ လူငယ်တဦး အနောက်မြောက်ပိုင်း Idlib ပြည်နယ်ရှိ al-Dana မြို့အစွန်က ကျောက်မိုင်းတခုမှာ အလုပ် လုပ်နေတဲ့ မြင်ကွင်းကို ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့မြင်ရစဥ်။ ဓာတ်ပုံ - Aaref WATAD / AFP

၁၃ နှစ်ကျော်ကြာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံဟာ အရပ်သားတွေအတွက် ပိုအန္တရာယ်များတဲ့ နေရာ ဖြစ်လာနေပြီး ဆီးရီးယားနိုင်ငံသား ၁၆.၇ သန်းထဲက လူ ၁၀.၈ သန်းအတွက် အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ဖို့ ဒေါ်လာ ၄.၀၇ ဘီလီယံ တောင်းခံထားပေမယ့် ရန်ပုံငွေမရှိသလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဂါဇာအရေးလို စစ်ပွဲကြီးတွေနဲ့ တခြား နိုင်ငံတကာ အကျပ်အတည်းတွေကြောင့် ဆီးရီးယားအတွက် ထောက်ပံ့မှုရရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ ကုလသမဂ္ဂရဲ့ ဆီးရီးယားနိုင်ငံ ဌာနေ ညှိနှိုင်းရေးမှူး အဒမ် အဗ္ဗဒယ်မိုလာက ဂျီနီဗာမှာ သောကြာနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အွန်လိုင်းကတဆင့် တက်ရောက် ပြောပါတယ်။ ဒါပေမယ့် “ဆီးရီးယား အကျပ်အတည်းဟာ ကမ္ဘာပေါ်မှာ အရပ်သားတွေကို သေကြေပျက်စီးမှု အများဆုံးထဲက တခုအဖြစ် ဆက်ရှိနေပြီး ရန်လိုမှုတွေဟာ ဆီးရီးယားနိုင်ငံ အနှံ့အပြား ဖြစ်နေပြီး အထူးသဖြင့် မြောက်ပိုင်းမှာ ပိုပြီး အရှိန်ပြင်းလာနေကြောင်း မကြာသေးမီက မြင်တွေ့ခဲ့ရတယ်” လို့ သူက ထောက်ပြပါတယ်။

ပဋိပက္ခကြောင့် ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း အမျိုးသမီး ၈၈ ဦးနဲ့ ကလေး ၁၁၅ ဦး အပါအဝင် အရပ်သား ၄၅၄ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က ပြောပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့ စစ်ပွဲစတင်ချိန်ကတည်းဆိုရင် လူပေါင်း ၃၀၀,၀၀၀ သေဆုံးခဲ့ရသလို ၁၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အဲဒီထဲမှာ ဆီးရီးယားနိုင်ငံထဲမှာ ၆ ဒသမ ၈ သန်းနဲ့ အိမ်နီးချင်း ၅ နိုင်ငံမှာ ဒုက္ခသည် ၅ ဒသမ ၄ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

တူရကီ ဆီးရီးယား ငလျင်အတွက် ရိုဟင်ဂျာတွေကူညီ
please wait

No media source currently available

0:00 0:06:17 0:00

"လက်ရှိ ဆီးရီးယားမှာ လူပေါင်း ၁၆.၇ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေပြီး အဲဒီထဲက လူ ၁၃ သန်းနီးပါးဟာ ပြင်းထန်တဲ့ ငတ်မွတ်မှုဒဏ်ကို ခံစားနေကြရတယ်” လို့ အဗ္ဗဒယ်မိုလာက ဒမတ်စကတ်ကနေ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက် ပြောကြားခဲ့ပါတယ်။

စီးပွားရေး ကျဆင်းပြီး အခြေခံ ကုန်ပစ္စည်း အများစုရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်နေတယ် ဆိုပါတယ်။ လူသား ကြောင့် ဖြစ်ပွားတဲ့ စစ်ဘေးအန္တရာယ်ကြောင့် ဆီးရီးယားမှာ အရပ်သားတွေ အဓိက ကပ်ဘေး ဆိုက်နေရချိန်မှာ သဘာဝဘေးအန္တရာယ်ကြောင့်လည်း အခြေအနေတွေပိုဆိုးရွားစေတယ်လို့ ပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၆,၀၀၀ ဝန်းကျင် သေဆုံးခဲ့ရပြီး ၁၂,၈၀၀ ကျော် ဒဏ်ရာရရှိကာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က ပြောပါတယ်။ အရင် သီတင်းပတ်ကတင် နှစ်ရက်ကြာ ရေကြီးရေလျှံမှုများကြောင့် အိဒ်လစ်ဘ် (Idlib) နဲ့ အက်လက်ပို (Aleppo) မြောက်ပိုင်းက ယာယီ ရွှေ့ပြောင်းစခန်းတွေထဲမှာ နေထိုင်နေကြတဲ့ အရပ်သား လူပေါင်း ၁၅,၇၀၀ ကျော် ထိခိုက်ခဲ့ကြောင်း OCHA က ပြောပါတယ်။ ဒီနှစ်ထဲမှာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ရေကြီးရေလျှံမှု ဖြစ်စဉ် ၁၀၀ ကျော်မှာ မိသားစုတွေ နေထိုင်တဲ့ တဲအိမ် ၃,၃၀၀ ကျော် ထိခိုက်ခဲ့ပြီး ၅၀၀ ကျော် လုံးဝ ပျက်စီးခဲ့ကြောင်း ပြောပါတယ်။

Forum

XS
SM
MD
LG