သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရစရိတ် ပိုလျှော့ချဖို့ အီလွန်မတ်စ်ကို ထရမ့်တိုက်တွန်း 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူဌေးကြီး အီလွန်မတ်စ် တို့ကို ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲမှာ တွေ့ရစဥ်။ ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ မှတ်တမ်း ဓာတ်ပုံ - REUTERS/Kevin Lamarque/File Photo
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူဌေးကြီး အီလွန်မတ်စ် တို့ကို ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲမှာ တွေ့ရစဥ်။ ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ မှတ်တမ်း ဓာတ်ပုံ - REUTERS/Kevin Lamarque/File Photo

ပြည်ထောင်စု အစိုးရ ဝန်ဆောင်မှုနဲ့ ဝန်ထမ်း အရေအတွက် လျှော့ချနိုင်ရေး ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အစိုးရ ဌာန စွမ်းဆောင်ရည် စိစစ် အကဲဖြတ်‌ရေး တာဝန်ပေးထားတဲ့ ကုဋေကြွယ် သူဌေးကြီး အီလွန်မတ်စ်ကို စနေနေ့က တိုက်တွန်းလိုက်ပါတယ်။

"အီလွန်က သူ့ အလုပ်ကို သူ ကောင်းကောင်းလုပ်နေပါတယ်၊ ဒါပေမယ့် သူ့ကို ဒီထက်ပိုပြီး ပိုပြီး ပြင်းပြင်းထန်ထန် လုပ်တာ မြင်ချင်ပါတယ်" လို့ ထရမ့်က က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာ လူမှုကွန်ရက်မှာ အင်္ဂလိပ်စာလုံး စာလုံးပေါင်း အကြီးတွေနဲ့ ရေးတင်ခဲ့ပါတယ်။

"တိုင်းပြည်ကို ကယ်တင်ဖို့၊ အဆုံးမှာ အရင်ကထက် ပိုပြီး ကြီးကျယ်မြင့်မြတ်စေဖို့ လုပ်ရမယ် ဆိုတာ မမေ့ပါနဲ့” လို့လည်း ရေးထားပါတယ်။

သမ္မတ ထရမ့် အမိန့်နဲ့ ဖွဲ့စည်းထားတဲ့ DOGE လို့ အတိုကောက် ခေါ်တွင်တဲ့ အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုရှိရေး ဌာနဟာ ဖက်ဒရယ် ပြည်ထောင်စုအစိုးရဌာနတွေကို စစ်ဆေးပြီး ဝန်ထမ်းတွေကို ထုတ်ပယ်နေတာ သောင်းနဲ့ချီ ရှိနေပါတယ်။ အဲဒီထဲမှာ သိပ္ပံပညာရှင်တွေကနေ သစ်တော ဝန်ထမ်း အထိ ပါဝင်ကာ အများစုကတော့ အစမ်းခန့်ကာလ အတွင်း အကျုံးဝင်သူတွေ ဖြစ်ပါတယ်။


သမ္မတထရမ့်က နည်းပညာစွန့်ဦး လုပ်ငန်ရှင်နဲ့ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး အီလွန်မာ့စ်ကို ပြည်သူ့အသုံးစရိတ်လျှော့ချရေး၊ အလေအလွင့် နည်းပါးရေးနဲ့ အကျင့်ပျက်ခြစားမှုတွေ စိစစ်ဖို့ တာဝန်ပေးထားတာပါ။ အီလွန်မာ့စ်ဟာ ထရမ့် ရွေးကောက်ပွဲ ကာလ တုန်းက အများဆုံး ထောက်ခံပံ့ပိုးပေးခဲ့တဲ့ အလှူရှင်လည်း ဖြစ်ပါတယ်။

ကန်အစိုးရစရိတ် ပိုလျှော့ချဖို့ အီလွန်မတ်စ်ကို ထရမ့်တိုက်တွန်း 
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG