သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းလူမှောင်ခိုတွေ တိုက်ဖျက်ရေး အာဆီယံ ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဖွင့်ပွဲအခမ်းအနားအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၀၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဖွင့်ပွဲအခမ်းအနားအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၀၊ ၂၀၂၃)

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေရဲ့ အင်ဒိုနီးရှားနိုင်ငံက ထိပ်သီးအစည်းအဝေးအတွင်း ဒေသတွင်းက ဆင်းရဲတဲ့ နိုင်ငံတချို့မှာ လူမှောင်ခိုသမားတွေ အွန်လိုင်းကနေ လိမ်လည်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကတိပြုခဲ့ကြပါတယ်။ လူမှောင်ခိုတွေရဲ့ ဆိုက်ဘာအင်တာနက် ရာဇဝတ်မှုတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တဲ့ အာဆီယံရဲ့ ကြေညာချက်မှာတော့ အရှေ့တောင်အာရှနဲ့ ကမ္ဘာတလွှားမှာ လူမှောင်ခိုတွေက နည်းပညာတွေကို မဟုတ်တဲ့နေရာမှာ အသုံးချတာတွေ တိုးလာနေပြီး၊ လူမှုကွန်ရက်တွေ အွန်လိုင်းဆက်သွယ်မှုတွေနဲ့ ပိုမိုအားကောင်းလာနေတယ်လို့ သတိပေးထားတာပါ။

လူမှုကွန်ရက်ကနေ အလုပ်အကိုင်ကောင်းတွေ ရမယ်ဆိုတဲ့ မက်လုံးပေး ဆွဲဆောင်မှုတွေကြောင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေလို ဒေသတွင်းက အဆင်းရဲဆုံး နိုင်ငံတွေက ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေမှာ အဓမ္မစေခိုင်းခံရသူတွေလည်း အများအပြား ရှိနေပါတယ်။ အင်တာနက်ကနေ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံရတဲ့ ပြဿနာတွေ တိုးလာနေတာမှာ မကြာသေးခင် နှစ်တွေအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခဲ့သူ ထောင်ဂဏန်းကျော် ရှိခဲ့ပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံကမြန်မာနိုင်ငံ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကိုလည်း မကြာသေးခင်ကပဲ ကယ်တင်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အာရှတလွှား ညဖက်စီးနင်းရှာဖွေတဲ့ စစ်ဆင်ရေးတွေမှာ လူပေါင်း ၁၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံက ပြောဆိုထားပါတယ်။ အာဆီယံက လူမှောင်ခိုတိုက်ဖျက်ရေး အစီအစဉ်မှာတော့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အချက်အလက် စုဆောင်းမှုတွေ၊ သတင်းဖလှယ်မှုတွေ အားကောင်းလာစေဖို့နဲ့ ပူးပေါင်းစစ်ဆင်ရေးတွေလုပ်ဖို့ ပါဝင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အွန်လိုင်းလူမှောင်ခိုတွေ တိုက်ဖျက်ရေး အာဆီယံ ဆွေးနွေး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG