သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AstraZeneca နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်သစ် နိုင်ငံတချို့ ထုတ်ပြန်


(Zawgyi/Unicode)
AstraZeneca ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးတဲ့သူတွေမှာ သေနိုင်လောက်အောင် သွေးခဲတာမျိုး ရှားရှားပါးပါး ကြုံရတတ်တယ်လို့ ဥရောပ သမဂ္ဂ (EU) ဆေးဝါးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့က ကြေညာလိုက်ပြီးနောက် နိုင်ငံတော်တော်များများမှာ ဒီဆေးနဲ့ ပတ်သက်လို့ လမ်းညွှန်ချက်သစ်တွေ ထုတ်ပြန်လိုက်ကြပါတယ်။

ဗြိတိန်-ဆွီဒင် ကုမ္ပဏီနဲ့ အောက်စ်ဖို့ တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးတွဲသုတေသန လုပ်ခဲ့ကြတဲ့ ဗြိတိန်နိုင်ငံမှာတော့ အသက် ၃၀ အောက် လူငယ်တွေကို ကာကွယ်ဆေး ထိုးရာမှာ တခြားဆေး အမျိုးအစားကို အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။

၂ ကြိမ်ထိုးရတဲ့ AstraZeneca ဆေးဟာ စိတ်ချရမှု ရှိမရှိ ဗြိတိသျှဆေးဝါးထုတ်လုပ်မှု ကြီးကြပ်သူတွေ ပြန်လည် သုံးသပ်နေချိန်မှာ ကလေးတွေ၊ လူငယ်တွေနဲ့ စမ်းသပ်မှုတွေကိုလည်း သုတေသီတွေ ယာယီရပ်ဆိုင်းထားပါတယ်။

စပိန်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ အသက် ၆၀ အထက် လူကြီးတွေကို ဒီဆေးအမျိုးအစား ထိုးမပေးဖို့ တားမြစ်ထားတယ်လို့ Reuters သတင်းက ဖော်ပြခဲ့သလို၊ အီတလီနိုင်ငံမှာလည်း အလားတူ ကန့်သတ်ထားကြောင်း Washington Post သတင်းစာက ပြောပါတယ်။

ဥရောပ ဆေးဝါးဆိုင်ရာ အေဂျင်စီကတော့ ကာကွယ်ဆေးထိုးပြီးနောက် သွေးခဲတတ်တာကို ဘေးထွက်ဆိုးကျိုးတခုအဖြစ် သတ်မှတ်ဖို့ ပြောဆိုခဲ့ပေမဲ့ ဆိုးကျိုးထက် ကာကွယ်ဆေးရဲ့ အကျိုးရလဒ်က ပိုများကြောင်းလည်း ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


..........

(Unicode)





XS
SM
MD
LG