သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး တ႐ုတ္နယ္စပ္ အဖဲြ႕အစည္းမ်ား ေဆာင္ရြက္ေန


တရုတ္-ျမန္မာနယ္စပ္မွာ စက္ျဖင့္ စစ္ေဆးေန

(Zawgyi/Unicode)

တရုတ္-ျမန္မာနယ္စပ္ေဒသက တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြထိန္းခ်ဳပ္ထားတဲ့ ၀၊ မုိင္းလားနဲ႔ လိုင္ဇာေဒသေတြမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈမရိွေၾကာင္း ေဒသဆုိင္ရာ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ဒီေဒသေတြမွာ အဓိကအားျဖင့္ နယ္ေျမအတြင္းအ၀င္အထြက္ေတြကို စစ္ေဆးတာ၊ ေရာဂါကူးစက္မႈမရိွေအာင္ ႀကိဳတင္ကာကြယ္တာနဲ႔ က်န္းမာေရးပညာေပးလုပ္ငန္းေတြကို ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။ ဒီေဒသေတြရဲ႕ လက္ရိွ က်န္းမာေရးအေျခအေနနဲ႔ ေဆာင္ရြက္ခ်က္ေတြကို ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမိုးေဇာ္က ေမးျမန္းတင္ျပထားပါတယ္။

တရုတ္- ျမန္မာနယ္စပ္ေဒသက ၀၊ မိုင္းလားနဲ႔ လိုင္ဇာေဒသေတြဟာ UWSA ၀တပ္ဖဲြ႔၊ NDAA တပ္ဖဲြ႔နဲ႔ KIA ကခ်င္တပ္ဖဲြ႔ေတြက ထိန္းခ်ဳပ္ထားၿပီး ျမန္မာအစိုးရဲ့ အုပ္ခ်ဳပ္မႈကေန သီးျခားကင္းလြတ္ေနတဲ့ ေဒသေတြျဖစ္ပါတယ္။

KIA ကခ်င္တပ္ဖဲြ႔ ထိန္းခ်ဳပ္ရာ လုိင္ဇာေဒသမွာေတာ့ ကိုရိုနာဗိုင္းရပ္ ကူးစက္မႈ မရိွေၾကာင္းနဲ႔ လက္ရိွ ေဆာင္ရြက္ေနတဲ့အေျခအေနကို KIA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗုိလ္မႈးၾကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“ ေလာေလာဆည္ကေတာ့ က်ေနာ္တုိ႔ဆီမွာ suspect case ေတြကေတာ့ ေလာေလာဆည္ မရိွဘူး။ ဆင္တူရိုးမွား ျပႆနာေတြလည္း ေတြ႔ရတာ မရိွပါဘူး။ က်ေနာ္တုိ႔လည္း ျပည္သူလူထုေတြကိုေတာ့ ေရာဂါကူးစက္မႈမရိွေအာင္ ၾကိဳတင္ကာကြယ္တဲ့ ႏိုင္ငံတကာက၊ က်န္းမာေရးဌာနက၊ WHO က ထုတ္ထားတဲ့ ပညာေပးမႈေတြကေတာ့ က်ေနာ္တုိ႔ လုပ္ေနပါတယ္။ ဥပမာ mask တပ္ဖို႔ ကိစၥေတြ၊ လူစုလူေ၀းမလုပ္ဖို႔၊ လူစုလူေ၀းဆီမွာ မသြားဖုိ႔၊ တစ္ကိုယ္ေရသန္႔ရွင္းေရးေတြ က်န္းမာေရးေတြ ၾကပ္ၾကပ္မတ္မတ္လုိက္နာဖုိ႔ အဲဒီအေၾကာင္းေတြကေတာ့ က်ေနာ္တုိ႔လည္း ဒီမွာ TV နဲ႔ FM တို႔က ထုတ္လႊင့္ၿပီးမွ ျပည္သူလူထုေတြကို ပညာေပးတဲ့ အဆင့္ေတြကို က်ေနာ္တုိ႔ လုပ္ေနပါတယ္။”

ကုိ႐ုိနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကာကြယ္ေရး ျမန္မာနဲ႔ ထိုင္း၊ တ႐ုတ္နယ္စပ္ဂိတ္ေတြ ပိတ္ သတင္း ဖတ္႐ႈနားဆင္ႏုိင္ပါတယ္။

UWSA ေခၚ ၀ျပည္ေသြးစည္းညီညႊတ္ေရးတပ္မေတာ္က ထိန္းခ်ဳပ္ထားတဲ့ ၀ေဒသမွာ ကိုရိုနာဗိုင္းရပ္ ကူးစက္မႈမရိွေၾကာင္း UWSA ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဦးညီရန္းက ေျပာပါတယ္။ ပါတီ၊ ေဒသအာဏာပိုင္နဲ႔ UWSA ပူးေပါင္းၿပီး ကိုရိုနာဗိုင္းရပ္ ထိန္းခ်ဳပ္ကာကြယ္ေရးကို အစြမ္းကုန္ေဆာင္ရြက္ေနေၾကာင္း ထုတ္ျပန္ထားပါတယ္။

အထူးေဒသ ၄လို႔ လူသိမ်ားတဲ့ NDAA အမ်ိဳးသား ဒီမုိကေရစီေသြးစည္း ညီညြတ္ေရး တပ္မေတာ္ ထိန္းခ်ဳပ္ရာ မိုင္းလားေဒသမွာလည္း ကိုရိုနာဗိုင္းရပ္ ကာကြယ္ေရး လုပ္ငန္းေတြကို ဇန္န၀ါရီလ ၂၆ရက္ေန႔ စတင္ ေဆာင္ရြက္ေနၿပီး လက္ရိွအခ်ိန္ထိ ကူးစက္သူနဲ႔ သံသယလူနာမရိွေၾကာင္း က်န္းမာေရးဌာနက တာ၀န္ရိွသူ တစ္ဦးက ေျပာပါတယ္။ ေဒသတြင္း ဥပေဒစည္းကမ္းအရ အသံနဲ႔ အမည္ကို အသံုးျပဳခြင့္ေတာ့ မေပးပါဘူး။

တ႐ုတ္ျပည္ေရာက္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

အထူးေဒသ ၄ မိုင္းလားမွာ ဆီလူး၊ မုိင္းလား၊ နမ့္ပန္းေဒသ ၃ခုနဲ႔ ဖဲြ႔စည္းထားၿပီး နမ့္ပန္းေဒသတြင္း ကူးစက္ေရာဂါၾကိဳတင္ကာကြယ္ေရးလုပ္ငန္းအဖဲြ႔ကို ႏိုင္ငံေရး၊စစ္ေရးနဲ႔ အုပ္ခ်ဳပ္ေရးတာ၀န္ရိွသူေတြက ရဲ၊ အခြန္၊ က်န္းမာေရးဌာနေတြပူးေပါင္းဖဲြ႔စည္းခဲ့ေၾကာင္း မိုင္းလားသတင္းဌာနက အခုလုိ ထုတ္ျပန္ထားပါတယ္။

“ လုပ္ငန္းအဖဲြ႔ကို အဖဲြ႔ငယ္ ၃ဖဲြ႔ ထပ္မံဖဲြ႔စည္းကာ အဖဲြ႔၁တြင္ အေရးေပၚကုသေဆာင္ရြက္ ေထာက္ပံေရးဌာနအား ေဒသအုပ္ခ်ဳပ္ေရးမႈးဦးအားဂ်ာႏွင့္ ဒုတပ္မဟာမႈး ေခးဦးတို႔မွ တာ၀န္ယူေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ အဖဲြ႔၂သည္ ရပ္ရြာျပည္သူလူထုမ်ားအား ကူးစက္ေရာဂါအသိပညာေပး ပို႔ခ်သည့္အဖဲြ႔ျဖစ္ၿပီး ဒုေဒသအုပ္ခ်ဳပ္ေရးမႈး ဦးအုိက္စန္းမြန္းႏွင့္ စည္းရံုးေရးဌာနခဲြ ဌာနခဲြမႈး ဦးႏိုင္ေအာင္တို႔မွ တာ၀န္ ယူေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း အဖဲြ႔၃သည္ နယ္စပ္စစ္ေဆးေရးဂိတ္မ်ား၊ ဟိုတယ္၊ တည္းခုိခန္း၊ အိမ္ငွားခန္း မ်ားသို႔ သြားေရာက္စစ္ေဆးၿပီး လူ၀င္လူထြက္စစ္ေဆးျခင္းႏွင့္ ေတာရိုင္းတိရိစၦာန္မ်ား ပိတ္ပင္တားဆီးသည့္ လုပ္ငန္းမ်ားကို ဒုေဒသအုပ္ခ်ဳပ္ေရးမႈး ဦးအာစန္းႏွင့္ ဒုတပ္မဟာမႈးအူထားတုိ႔မွ တာ၀န္ယူ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။”

မိုင္းလားေဒသအတြင္း၀င္ထြက္ရာဂိတ္ေတြမွာ က်န္းမာေရးစစ္ေဆးတာေတြ ေဆာင္ရြက္ေနၿပီး ခြင့္ျပဳခ်က္မရဘဲ ၀င္ေရာက္လာတာေတြကို တားျမစ္ထားပါတယ္။ မလိုက္နာသူေတြကို ရက္၃၀ ခ်ဳပ္ေႏွာင္မွာျဖစ္သလို ဒဏ္ေၾကးအျဖစ္ တရုတ္ယြမ္ေငြ ၂သိန္းမွ ၅သိန္းေပးေဆာင္ရမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

မုိင္းလားေဒသက ထုတ္ျပန္တဲ့ သတင္းေတြမွာေတာ့ သူတို႔ေဒသကို ကူးစက္ေရာဂါ ၾကိဳတင္ ကာကြယ္ေရးအတြက္ တရုတ္ႏိုင္ငံ မိုင္းဟုိင္းျပည္နယ္က ကိုယ္စားလွယ္အဖဲြ႔က လာေရာက္ၿပီး ပူးေပါင္းေဆာင္ရြက္ေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

...........................

တိုက္႐ိုက္ လင့္ခ္

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး တရုတ်နယ်စပ်အဖွဲ့အစည်းများ ဆောင်ရွက်နေ

(Unicode)

တရုတ်-မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ ဝ၊ မိုင်းလားနဲ့ လိုင်ဇာဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဒေသတွေမှာ အဓိကအားဖြင့် နယ်မြေအတွင်းအဝင်အထွက်တွေကို စစ်ဆေးတာ၊ ရောဂါကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်တာနဲ့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်း ပြောပါတယ်။ ဒီဒေသတွေရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေနဲ့ ဆောင်ရွက်ချက်တွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က မေးမြန်းတင်ပြထားပါတယ်။

တရုတ်- မြန်မာနယ်စပ်ဒေသက ဝ၊ မိုင်းလားနဲ့ လိုင်ဇာဒေသတွေဟာ UWSA ဝတပ်ဖွဲ့၊ NDAA တပ်ဖွဲ့နဲ့ KIA ကချင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး မြန်မာအစိုးရဲ့ အုပ်ချုပ်မှုကနေ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေဖြစ်ပါတယ်။

တရုတ်ပြည်ရောက် ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

KIA ကချင်တပ်ဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာဒေသမှာတော့ ကိုရိုနာဗိုင်းရပ် ကူးစက်မှုမရှိကြောင်းနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့အခြေအနေကို KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ လောလောဆည်ကတော့ ကျနော်တို့ဆီမှာ suspect case တွေကတော့ လောလောဆည်မရှိဘူး။ ဆင်တူရိုးမှား ပြဿနာတွေလည်း တွေ့ရတာ မရှိပါဘူး။ ကျနော်တို့လည်း ပြည်သူလူထုတွေကိုတော့ ရောဂါကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့ နိုင်ငံတကာက၊ ကျန်းမာရေးဌာနက၊ WHO က ထုတ်ထားတဲ့ ပညာပေးမှုတွေကတော့ ကျနော်တို့ လုပ်နေပါတယ်။ ဥပမာ mask တပ်ဖို့ ကိစ္စတွေ၊ လူစုလူဝေးမလုပ်ဖို့၊ လူစုလူဝေးဆီမှာ မသွားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးတွေ ကျန်းမာရေးတွေ ကြပ်ကြပ်မတ်မတ်လိုက်နာဖို့ အဲဒီအကြောင်းတွေကတော့ ကျနော်တို့လည်း ဒီမှာ TV နဲ့ FM တို့က ထုတ်လွှင့်ပြီးမှ ပြည်သူလူထုတွေကို ပညာပေးတဲ့ အဆင့်တွေကို ကျနော်တို့ လုပ်နေပါတယ်။”

UWSA ခေါ် ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့ ဝဒေသမှာ ကိုရိုနာဗိုင်းရပ် ကူးစက်မှုမရှိကြောင်း UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောပါတယ်။ ပါတီ၊ ဒေသအာဏာပိုင်နဲ့ UWSA ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ကာကွယ်ရေးကို အစွမ်းကုန်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကာကွယ်ရေး မြန်မာနဲ့ ထိုင်း၊ တရုတ်နယ်စပ်ဂိတ်တွေ ပိတ် သတင်း ဖတ်ရှုနားဆင်နိုင်ပါတယ်။

အထူးဒေသ ၄လို့ လူသိများတဲ့ NDAA အမျိုးသား ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ မိုင်းလားဒေသမှာလည်း ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးလုပ်ငန်းတွေကို ဇန်နဝါရီလ ၂၆ရက်နေ့ စတင် ဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ ကူးစက်သူနဲ့ သံသယလူနာမရှိကြောင်း ကျန်းမာရေးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒေသတွင်း ဥပဒေစည်းကမ်းအရ အသံနဲ့ အမည်ကို အသုံးပြုခွင့်တော့ မပေးပါဘူး။

အထူးဒေသ ၄ မိုင်းလားမှာ ဆီလူး၊ မိုင်းလား၊ နမ့်ပန်းဒေသ ၃ခုနဲ့ ဖွဲ့စည်းထားပြီး နမ့်ပန်းဒေသတွင်း ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖွဲ့ကို နိုင်ငံရေး၊စစ်ရေးနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ရဲ၊ အခွန်၊ ကျန်းမာရေးဌာနတွေပူးပေါင်းဖွဲ့စည်းခဲ့ကြောင်း မိုင်းလားသတင်းဌာနက အခုလို ထုတ်ပြန်ထားပါတယ်။

“ လုပ်ငန်းအဖွဲ့ကို အဖွဲ့ငယ် ၃ဖွဲ့ ထပ်မံဖွဲ့စည်းကာ အဖွဲ့၁တွင် အရေးပေါ်ကုသဆောင်ရွက် ထောက်ပံရေးဌာနအား ဒေသအုပ်ချုပ်ရေးမှုးဦးအားဂျာနှင့် ဒုတပ်မဟာမှုး ခေးဦးတို့မှ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အဖွဲ့၂သည် ရပ်ရွာပြည်သူလူထုများအား ကူးစက်ရောဂါအသိပညာပေး ပို့ချသည့်အဖွဲ့ဖြစ်ပြီး ဒုဒေသအုပ်ချုပ်ရေးမှုး ဦးအိုက်စန်းမွန်းနှင့် စည်းရုံးရေးဌာနခွဲ ဌာနခွဲမှုး ဦးနိုင်အောင်တို့မှ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အဖွဲ့၃သည် နယ်စပ်စစ်ဆေးရေးဂိတ်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ အိမ်ငှားခန်း များသို့ သွားရောက်စစ်ဆေးပြီး လူဝင်လူထွက်စစ်ဆေးခြင်းနှင့် တောရိုင်းတိရိစ္ဆာန်များ ပိတ်ပင်တားဆီးသည့် လုပ်ငန်းများကို ဒုဒေသအုပ်ချုပ်ရေးမှုး ဦးအာစန်းနှင့် ဒုတပ်မဟာမှုးအူထားတို့မှ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။”

မိုင်းလားဒေသအတွင်းဝင်ထွက်ရာဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ ဆောင်ရွက်နေပြီး ခွင့်ပြုချက်မရဘဲ ဝင်ရောက်လာတာတွေကို တားမြစ်ထားပါတယ်။ မလိုက်နာသူတွေကို ရက်၃၀ ချုပ်နှောင်မှာဖြစ်သလို ဒဏ်ကြေးအဖြစ် တရုတ်ယွမ်ငွေ ၂သိန်းမှ ၅သိန်းပေးဆောင်ရမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မိုင်းလားဒေသက ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ သူတို့ဒေသကို ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ မိုင်းဟိုင်းပြည်နယ်က ကိုယ်စားလှယ်အဖွဲ့က လာရောက်ပြီး ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG