{{Zawgyi/Unicode}}
ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ ႐ုရွားအေပၚ အေရးယူ ဒဏ္ခတ္မႈအသစ္ေတြခ်မွတ္ဖို႔ အီးယူ ဥေရာပသမဂၢက စေနေန႔မွာ သေဘာတူညီမႈရခဲ့ပါတယ္။
အခုခ်မွတ္တဲ့အေရးယူမႈေတြဟာ ႐ုရွားစစ္တပ္ စက္မႈထုတ္ကုန္ဆိုင္ရာအတြက္ လုပ္ေဆာင္ေပးေနသူေတြ ဒါမွမဟုတ္ အေထာက္အပံ့ေပးေနတဲ့ ကုမၸဏီေတြ၊ စစ္တပ္နဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြအျပင္ Wagner ေၾကးစားတပ္ဖြဲ႕တပ္မႉးေတြအေပၚ ခ်မွတ္တာျဖစ္ေၾကာင္း အီးယူက ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။
အခုလို အေရးယူမႈအျပင္ ေနာက္ထပ္ ႐ုရွားဘဏ္ ၃ ခုနဲ႔ ေငြေၾကးအလႊဲအေျပာင္းမလုပ္ဖို႔ တားျမစ္လိုက္ၿပီး အီရန္အတြက္ေတာ့ ဒ႐ုန္းေတြသုံးၿပီး ယူကရိန္းအရပ္ဘက္ အေဆာက္အအုံေတြကို တိုက္ခိုက္ခဲ့တဲ့ အီရန္ေတာ္လွန္ေရး အေစာင့္တပ္ရဲ႕ တင္ပို႔မႈေတြကို ကန႔္သတ္လိုက္ပါတယ္။
အီးယူအဖြဲ႕အတြင္း သေဘာထားကြဲလြဲမႈ အမ်ားအျပားရွိခဲ့တာေၾကာင့္ ဒါေတြကို ေျပလည္ေအာင္ ေဆြးေႏြးေနရတဲ့အတြက္ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္စစ္ဆင္ႏႊဲမႈ တႏွစ္ေျမာက္ေန႔မွာ အီးယူရဲ႕ ေနာက္ထပ္အေရးယူမႈေတြကို မေၾကညာႏိုင္ခဲ့ဘဲ စေနေန႔က်မွ ေၾကညာႏိုင္ခဲ့တာ ျဖစ္ပါတယ္။
တခ်ိန္တည္းမွာပဲ ႐ုရွားဟာ အီရန္ဆီက ေမာင္းသူမဲ့ဒ႐ုန္းယဥ္ေတြ ေနာက္ထပ္မရဘဲ ျဖစ္ေနပုံရတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက စေနေန႔မွာပဲ သတင္းထုတ္ျပန္ပါတယ္။
အေနာက္ႏိုင္ငံေတြကခ်မွတ္ေနတဲ့ အေရးယူဒဏ္ခတ္မႈေတြေၾကာင့္ ႐ုရွားဟာ ျပည္ပကတင္သြင္းတဲ့ မိုက္ခ႐ို chips ေပၚမွီခိုေနရတဲ့ သူ႔ရဲ႕ လက္နက္ေတြအတြက္ အခက္ေတြ႕ေနတယ္လို႔လည္း ယူကရိန္းနဲ႔ အေနာက္ႏိုင္ငံအရာရွိေတြက ေျပာပါတယ္။ ၿဗိတိန္၊ အေမရိကန္နဲ႔အီးယူက ႐ုရွားအေပၚ ဒဏ္ခတ္မႈအသစ္ေတြ ထပ္ခ်ဖို႔လည္း ယူကရိန္းသမၼတ Volidymir Zelenskyy က တိုက္တြန္းေနတာ ျဖစ္ပါတယ္။
================
{{Unicode}}
အီးယူ ဥရောပသမဂ္ဂက ရုရုားအပေါ် ထပ်မံအရေးယူ
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှုအသစ်တွေချမှတ်ဖို့ အီးယူ ဥရောပသမဂ္ဂက စနေနေ့မှာ သဘောတူညီမှုရခဲ့ပါတယ်။
အခုချမှတ်တဲ့အရေးယူမှုတွေဟာ ရုရှားစစ်တပ် စက်မှုထုတ်ကုန်ဆိုင်ရာအတွက် လုပ်ဆောင်ပေးနေသူတွေ ဒါမှမဟုတ် အထောက်အပံ့ပေးနေတဲ့ ကုမ္ပဏီတွေ၊ စစ်တပ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပြင် Wagner ကြေးစားတပ်ဖွဲ့တပ်မှူးတွေအပေါ် ချမှတ်တာဖြစ်ကြောင်း အီးယူက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
အခုလို အရေးယူမှုအပြင် နောက်ထပ် ရုရှားဘဏ် ၃ ခုနဲ့ ငွေကြေးအလွှဲအပြောင်းမလုပ်ဖို့ တားမြစ်လိုက်ပြီး အီရန်အတွက်တော့ ဒရုန်းတွေသုံးပြီး ယူကရိန်းအရပ်ဘက် အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တဲ့ အီရန်တော်လှန်ရေး အစောင့်တပ်ရဲ့ တင်ပို့မှုတွေကို ကန့်သတ်လိုက်ပါတယ်။
အီးယူအဖွဲ့အတွင်း သဘောထားကွဲလွဲမှု အများအပြားရှိခဲ့တာကြောင့် ဒါတွေကို ပြေလည်အောင် ဆွေးနွေးနေရတဲ့အတွက် ယူကရိန်းကို ရုရှားကျူးကျော်စစ်ဆင်နွှဲမှု တနှစ်မြောက်နေ့မှာ အီးယူရဲ့ နောက်ထပ်အရေးယူမှုတွေကို မကြေညာနိုင်ခဲ့ဘဲ စနေနေ့ကျမှ ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ရုရှားဟာ အီရန်ဆီက မောင်းသူမဲ့ဒရုန်းယဉ်တွေ နောက်ထပ်မရဘဲ ဖြစ်နေပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
အနောက်နိုင်ငံတွေကချမှတ်နေတဲ့ အရေးယူဒဏ်ခတ်မှုတွေကြောင့် ရုရှားဟာ ပြည်ပကတင်သွင်းတဲ့ မိုက်ခရို chips ပေါ်မှီခိုနေရတဲ့ သူ့ရဲ့ လက်နက်တွေအတွက် အခက်တွေ့နေတယ်လို့လည်း ယူကရိန်းနဲ့ အနောက်နိုင်ငံအရာရှိတွေက ပြောပါတယ်။ ဗြိတိန်၊ အမေရိကန်နဲ့အီးယူက ရုရှားအပေါ် ဒဏ်ခတ်မှုအသစ်တွေ ထပ်ချဖို့လည်း ယူကရိန်းသမ္မတ Volidymir Zelenskyy က တိုက်တွန်းနေတာ ဖြစ်ပါတယ်။