သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနယ်စပ်မှာ ဖင်လန်ဘက်က ခြံစည်းရိုးကာ


ရုရှားနဲ့နယ်စပ် ဖင်လန်နိုင်ငံဘက်က နယ်စပ်စည်းရိုးကာရံမှုမြင်ကွင်း (ဧပြီ ၁၄၊ ၂၀၂၃)
ရုရှားနဲ့နယ်စပ် ဖင်လန်နိုင်ငံဘက်က နယ်စပ်စည်းရိုးကာရံမှုမြင်ကွင်း (ဧပြီ ၁၄၊ ၂၀၂၃)


{{Zawgyi/Unicode}}

နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေ ကာကွယ်ရေးအတွက် ရုရှားနဲ့နယ်စပ်မှာ သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာရံဖို့ စီစဉ်ထားတဲ့ ဖင်လန်နိုင်ငံဟာ NATO စစ်မဟာမိတ်အဖွဲ့ဝင်ဖြစ်လာပြီး သီတင်း ၂ ပတ်မပြည့်ခင်မှာပဲ စတင်လုပ်ဆောင်လိုက်ပါတယ်။ Pelkola မြို့က နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်တဲ့ Imatra အနီးမှာ ပထမဆင့်အနေနဲ့ အမြင့် ၁၀ ပေ လောက်ရှိပြီး ၂ မိုင်နီးပါးလောက်ရှည်တဲ့ ခြံစည်းရုံးကာရံနေတာကို ဖင်လန်နယ်ခြားစောင့်တပ်တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြသခဲ့ပါတယ်။

“ရုရှားနဲ့နယ်စပ်မှာ ခြံစည်းရိုးကာမယ့်ကိစ္စက ရုရှားကယူကရိန်းကို မကျူးကျော်မီအထိ နိုင်ငံရေးပြဿနာမဟုတ်ပါဘူး။ အဲဒီလိုလည်းရည်ရွယ်လုပ်ဆောင်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။” လို့ ဖင်လန်နယ်ခြားစောင့်တပ် တာဝန်ရှိသူတဦးဖြစ် တဲ့ဗိုလ်မှူးချုပ် Jari Tolppanen က ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် အကုန်ပြောင်းလဲကုန်ပါတယ်လို့လည်းသူကဆက်ပြောခဲ့ပါတယ်။

ဖင်လန်ဟာ ရုရှားနဲ့မိုင်ပေါင်း ၈၃၀ ကျော်ထိစပ်နေပြီး ဥရောပသမဂ္ဂနိုင်ငံတွေထဲမှာ အရှည်လျားဆုံးနယ်စပ်ထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၅ ဒဿမ ၅ သန်းသာရှိတဲ့ ဖင်လန်နိုင်ငံဟာ ဧပြီလ ၄ ရက်နေ့တုန်းက NATO စစ်မဟာမိတ်အဖွဲ့ရဲ့ ၃၁ နိုင်ငံမြောက်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အခုကာရံနေတဲ့ခြံစည်းရိုးကို ဒီနွေရာသီမှာအပြီး လုပ်ဆောင်မှာဖြစ်ပြီး နောက်ထပ် မိုင် ၁၃၀ နီးပါးလောက်အထိ တိုးချဲ့ဦးမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်တွေအတွင်း အီရန်၊ အာဖဂန်နဲ့ အရှေ့အလယ်ပိုင်းဒေသကလာရောက်တဲ့ ဒုက္ခသည်တွေကို ရုရှားနိုင်ငံကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီး ဖင်လန်နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခွင့်ရယူဖို့ ရုရှားက လုပ်ဆောင်ခဲ့ပါတယ်။ ဒီပြဿနာကို ဖင်လန်သမ္မတက ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးဖြေရှင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG